ဒေသခြောက်ခုတွင် နေရာကွက် မိုးကြီးနိုင်

 တောင်တရုတ်ပင်လယ် မှ မုန်တိုင်းနှင့် ဘင်္ဂလားပင်လယ် အော်မှ လေဖိအားနည်းရပ်ဝန်းအ ရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင်  နေရာ ကွက်မိုးကြီးမည့်  အန္တရာယ်ရှိ ကြောင်း ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက  သတိပေးထား သည်။

တောင်တရုတ်ပင်လယ်မှ Khanun မုန်တိုင်းသည် မြန်မာနှင့်ထိုင်းနိုင်ငံကြား ဒေသသို့ဦးတည် ရွေ့လျားနေ၍ မြန်မာနိုင်ငံတောင် ပိုင်းဒေသများဖြစ်သော တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်၊ ဧရာ ဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့၌နေရာကွက်မိုးကြီးနိုင်ကြောင်း  မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်ကသတိပေးသည်။

‘‘ပထမ  ရွေ့နေတဲ့လမ်း ကြောင်းက ရှမ်းနဲ့ကချင်ပြည်နယ် ဘက်ကနေ အခုနောက်ဆုံးတော့ မြန်မာနဲ့ ထိုင်းနယ်စပ်ဘက်ကိုမုန် တိုင်းငယ်အနေနဲ့ ရွေ့လျားနေ တယ်။ ကမ်းရိုးတန်းဒေသတွေ လည်း မိုးနဲ့လေပြင်းသတိထားရ မယ်’’ ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ပိုအားကောင်း လာပြီး နှစ်ရက်အတွင်း မုန်တိုင်း ငယ် ဖြစ်လာနိုင်ကြောင်းမိုးဇလက သတိပေးချက် ထုတ်ပြန်ထား သည်။ ကမ်းရိုးတန်းဒေသများတွင် လေပြင်းနှင့် မိုးသတိပေးချက် လည်း ထုတ်ပြန်ထားသည်။ စစ် တောင်းမြစ်ရေမှာလည်း တောင် ငူမြို့တွင် စိုးရိမ်ရမှတ်အထက်၌ တစ်ပေခန့် ကျော်လွန်နေပြီး မြစ် ကမ်းအနီးနေထိုင်သူများ ရေဘေး သတိပြုရန် မိုးဇလက သတိပေး ထားသည်။

Top News