မြစ်ကြီးနားတွင် လူ ၄,၀၀၀ ကျော် တက်ရောက်သော ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကျင်းပ

မြစ်ကြီးနားမြို့ ထောက်ခံပွဲသို့ တက်ရောက်လာသူများ(ဓာတ်ပုံ − Kachinwaves)

 မြစ်ကြီးနားမြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုး ရ၏ ရခိုင်ပြည်နယ်အရေး ဖြေရှင်းမှုများထောက်ခံသည့် ဆန္ဒဖော် ထုတ်ပွဲကို ကချင်ပြည်နယ်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြို့ခံများက ဦးဆောင်၍ အင်အား ၄,၀၀၀ ကျော်ဖြင့် အောက်တိုဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည်။

‘‘ကျွန်တော်တို့က အမေစုနဲ့ အတူတကွ ပြတ်ပြတ်သားသား ရပ်တည်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်’’ဟု ထောက်ခံပွဲနှင့်ပတ်သက်၍ ကချင်ပြည်နယ် ဒီချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဇော်လွင်က ပြောသည်။


ယင်းထောက်ခံပွဲကို မြစ်ကြီး နားမြို့ပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရင် ပြင်တွင် နံနက် ၁၀ နာရီခန့်က ပြု လုပ်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ရှမ်း၊ ကချင်တိုင်း ရင်းသားပါတီများနှင့် မြစ်ကြီးနား၊ဝိုင်းမော်၊ ခတ်ချို၊ တာလွန်းကြီး၊ ဆင်ဘို၊ ဖားကန့်၊ မိုးညှင်း၊ မိုး ကောင်း၊ နမ္မတီး စသောမြို့နယ်တို့မှ ပြည်သူများ၊ ဒေသခံများ တက်ရောက်ကြောင်း ၎င်းက ပြောသည်။

အလားတူ ဒေါ်အောင်ဆန်း စုကြည် ထောက်ခံပွဲကို အောက် တိုဘာ ၁၅ ရက်က ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် ဦးပါရဲဘုရားဝင်းအတွင်း ပြုလုပ်ရာ မြို့ခံပြည်သူ ၁,၀၀၀ ကျော် တက်ရောက်သည်။

ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်း၌ ခရိုင်လေးမြို့ နယ်မှ ပြည်သူများပါဝင်ကာ ဒေါ်အောင်ဆန်းစုကြည် ထောက် ခံပွဲကိုလည်း အောက်တိုဘာ ၂၄ ရက်တွင် ပြည်သူ ၁,၀၀၀ ခန့် ဖြင့် ပြုလုပ်ရန် စီစဉ်နေသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ထောက် ခံပွဲများကို ရန်ကုန်နှင့် မြို့ကြီးများတွင် ဆက်တိုက်ပြုလုပ်နေသည်။

More in News Section

Top News