အကောင်းဆုံးဝတ်စုံ ၂၅ စုံထဲ ပါဝင်နေတဲ့ အေးချမ်းမိုးရဲ့ ပြိုင်ပွဲဝင် ဝတ်စုံ

အောက်တိုဘာ ၂၀ ရက်အထိ အင်တာနက်မှာ မဲပေးနိုင်

ဗီယက်နမ်နိုင်ငံ၌ ကျင်းပနေသော Miss Grand Interna-tional ပြိုင်ပွဲတွင် မြန်မာကိုယ်စား ပြုအလှမယ်၏ ပုဂံဒေဝီဝတ်စုံ သည် အကောင်းဆုံးအမျိုးသား ဝတ်စုံ ၂၅ စုံအဆင့်အထိ ပါဝင် နေကြောင်း ယင်းပြိုင်ပွဲက သတင်းထုတ်ပြန်ထားသည်။

Miss Grand International ပြိုင်ပွဲ၏ အမျိုးသားဝတ်စုံပြိုင်ပွဲ ကို အောက်တိုဘာ ၁၂ ရက်က ပြုလုပ်ရာ ၇၇ နိုင်ငံမှ အလှမယ် များ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲမှ ပြိုင်ပွဲဝင် ဓာတ်ပုံများကို Miss Grand International ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဖော်ပြခဲ့ကာ အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အထိ Like နှင့် Share လုပ်၍ Voting ပေးစေခဲ့သည်။

Voting အများဆုံးရရှိသည့် ဝတ်စုံ ၁၅ စုံနှင့် ဒိုင်လူကြီးများ ရွေးချယ်သည့် ဝတ်စုံ ၁၀ စုံ စုစုပေါင်း အမျိုးသားဝတ်စုံ ၂၅ စုံကို အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ဆန်ခါတင် ၂၅ ဦး၏ ဓာတ် ပုံများကို ၎င်းတို့၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ www.face book.com/Miss Grand International တွင် အောက်တိုဘာ ၁၆ ရက်မှ ၂၀ ရက်အထိ ဆက်လက် Voting ပေးနိုင်မည် ဖြစ်ပြီး ဆန်ခါတင် ၁၀ ဦးကို ဆက် လက်ရွေးချယ်မည်ဖြစ်သည်။

အောက်တိုဘာ ၁၆ ရက် နေ့လယ်အထိ Voting အများဆုံး နိုင်ငံများမှာ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ပီရူး၊ဖိလစ်ပိုင်တို့ဖြစ်ပြီး မြန်မာအလှ မယ်က ၎င်းတို့နောက်တွင် ရပ် တည်နေသည်။

Miss Grand International ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအလှ မယ်အဖြစ် အေးချမ်းမိုးက သွား ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပုဂံ ဒေဝီဟု အမည်ပေးထားသည့် ဝတ်စုံကို ဒီဇိုင်နာ ဖြိုးပြည့်က ဖန် တီးပေးခဲ့သည်။

ယင်းဝတ်စုံတွင် ပုဂံဘုရား များရှိ နံရံဆေးရေးပန်းချီများ၊ ရှေးပုဂံသားတို့၏ သင်္ကြန်ပုံရိပ်များကို ပုံဖော်ထားသည်။ ပြိုင်ပွဲ၏ အကောင်းဆုံး ဝတ်စုံဆုကို အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်မည့် Grand Final ပွဲတွင် ဆုချီးမြှင့် မည်ဖြစ်သည်။

Miss Grand International ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် မှစ၍ အကြိုလှုပ်ရှားမှုများနှင့် အတူ ပြိုင်ပွဲများပြုလုပ်နေပြီး အောက်တိုဘာ ၁၇ ရက်တွင် Best in Swimsuit ပြိုင်ပွဲ၊ အောက်တိုဘာ ၂၃ ရက်တွင် ဝတ်စုံပြည့် အကြိုပြိုင်ပွဲနှင့် နောက်ဆုံးပြိုင်ပွဲ ကို အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။