ဇနီးဟောင်းကို လမ်း၌စောင့်ပြီး ဓားမဖြင့်ခုတ်

တစ်နှစ်ခွဲကြာ တရားဝင် ကွာရှင်းထားခဲ့ပြီးဖြစ်သည့် ဇနီး ဟောင်းဈေးဝယ်လာသည့်လမ်း၌ စောင့်ကာ ဓားမဖြင့်ခုတ်ပြီး ထွက်ပြေးနေသူကို ဖမ်းမိရန်ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းလျက်ရှိသည်။ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၉၄)ရပ်ကွက်နေ မယမင်းပပထွန်းသည် အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီခန့်က အိမ်နီးချင်းအမျိုးသမီးတစ်ဦးနှင့်အတူ ဈေးသွားရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုသို့ ဈေးဝယ်သွားစဉ် ဘီ- ငုဝါလမ်းထိပ်အရောက်၌ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က စိတ် သဘောထားချင်းမတိုက်ဆိုင်သဖြင့် ကွာရှင်းထားသည့် ခင်ပွန်းဟောင်းက အရိုးမပါ သံချေးတက်နေသည့် ဓားမဖြင့် ခုတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဓားဖြင့်  အခုတ်ခံရသူကို  သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။ လွန်ခဲ့သည့်တစ်ပတ်ကတည်းက မယမင်းပပထွန်းကို ခင်ပွန်းဟောင်းအမျိုး သားက ခြိမ်းခြောက်ပြောဆိုမှုများ ရှိခဲ့ကြောင်း ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

ဇနီးဟောင်းကို ဓားမဖြင့်ခုတ်သူကို ဘေးဖြစ်စေသော လက်နက်ဖြင့် နာကျင်စေမှုပုဒ်မ ၃၂၄အပြင် ခြိမ်းခြောက်ပြောဆိုမှုပုဒ်မ ၅၀၆ ဖြင့်ပါ အမှုဖွင့်အရေးယူထား သည်။