အတိုင်ပင်ခံပုဂ္ဂိုလ်လုံခြုံရေး စိုးရိမ်စရာမလိုဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူပြော

နေပြည်တော်လေဆိပ်တွင် လက်နက်များဖမ်းမိမှု ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လုံ ခြုံရေးကို စိုးရိမ်စရာမလိုကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲ မှူးကြီး ဇော်ခင်အောင်က ပြော ကြားသည်။

‘‘ကျွန်တော်တို့လုံခြုံရေးအ ပြည့်အဝတာဝန်ယူထားပါတယ်။ ဒါက ပြဿနာမရှိပါဘူး’’ဟု ၎င်းကပြောသည်။

အောက်တိုဘာ ၁၅ ရက် ညက နေပြည်တော်လေဆိပ်တွင် ယခင်အားကစားဝန်ကြီးဟောင်း ၏သားဖြစ်သူ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင် ပြည်ခိုင်ဖြိုး အမတ်လောင်း၊ မြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်း အပါ နှစ်ဦးထံမှ သေနတ်နှစ်လက် ကို ဖမ်းဆီးမိခဲ့သည်။

ထို့နောက် ဦးဖြိုးကိုကိုတင့်ဆန်း၏ ဟိုတယ်များမှ သေနတ်များ ထပ်မံဖမ်းမိခဲ့ပြီး ပြည်တွင်း၌ လက်နက်ဖမ်းဆီးရမိ မှုများ မကြာခဏဖြစ်ပွားနေသ ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည် လုံခြုံရေးအတွက် ပြည်သူများကြား စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

‘‘ကြားရတဲ့သတင်းတွေအရ တော်တော့်ကို စိုးရိမ်တယ်။ လေ ဆိပ်မှာ လက်နက်တွေမိတယ်။ ဒါ တွေကလည်း အရင်ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်သလို သတင်းတွေက ထွက်နေတော့ စိုးရိမ်နေရတယ်’’ ဟု ဒီချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦး ဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစု ကြည်၏လုံခြုံရေးနှင့်ပတ်သက်၍ 7Day Daily သတင်းစာ၏ မေး မြန်းမှုကို ဖြေကြားသည်။

လက်နက်များ ဖမ်းဆီးရမိ သည့်နေ့သည် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA) လက်မှတ်ထိုး ခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည်အ ခမ်းအနား နေပြည်တော်၌ ကျင်းပသည့်နေ့လည်းဖြစ်သဖြင့် ဒေါ် အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ့အကြီးအကဲများ၏ လုံခြုံရေး ကို စိုးရိမ်ကြခြင်းဖြစ်သည်။

‘‘ဘာမှ ပုံသေပြောလို့မရ ဘူး။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ယောက်တည်း မဟုတ် ဘူး။ ဒီအစိုးရအဖွဲ့လူကြီးတွေအ တွက်လည်း နေပြည်တော်မှာ (ခုလို)ဖြစ်တယ်ဆိုတာ တော် တော်ကို စိုးရိမ်စရာကောင်းတယ် ဆိုတဲ့သဘောလေ’’ဟု နေပြည် တော်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင် ဆွေက ပြောသည်။

 ပြည်ထဲရေးဝန်ကြီးဌာနအ နေဖြင့် လုံခြုံရေးပိုင်းကို အပြည့် အဝတာဝန်ယူရန် လိုအပ်ပြီး တင်းတင်းကျပ်ကျပ် လုံခြုံရေးဆောင် ရွက်မည်ဟု ယုံကြည်ကြောင်း လည်း ဦးမောင်မောင်ဆွေက ဆက်လက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရဲမှူးကြီးဇော်ခင်အောင်က ‘‘လုံခြုံ ရေးခြိမ်းခြောက်မှုတော့ ဘယ်လိုမှ ဖြစ်စရာမရှိဘူး’’ဟု ပြောသည်။

ထို့ပြင် လက်နက်များ ဖမ်း ဆီးရမိသူများသည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်မှု မရှိသည့်အတွက် ပြည်သူများ ထိတ်လန့်စိုးရိမ်စရာမလိုကြောင်း ရဲမှူးကြီးကပြောသည်။