ဗီဒီယိုအကြိုခံစားခြင်း

ပါဏာတိပါတာ

-ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ မိသားစုပညာပေး ဇာတ် ကားလေးတစ်ကား အကြောင်းကို ညွှန်းလိုက်ပါတယ်။

ဘအေးက ဖိနပ်ချုပ်တဲ့ အလုပ်နဲ့ အသက်မွေးပါတယ်။ ဘအေးမှာ သားနှစ်ယောက် သမီးတစ်ယောက် ရှိပါတယ်။ သမီးလေးနာမည်က နှင်းစက်ပါ။ နှင်းစက်က အရမ်းလိမ္မာပါတယ်။ သူ့အဖေရဲ့ ဝေယျာဝစ္စတွေရော၊ သူ့မောင်လေးနှစ်ယောက်ရဲ့ကိစ္စတွေပါ အကုန်လုံးကို လိုလေ သေးမရှိအောင် လုပ်ပေးပါတယ်။နှင်းစက်က သူတို့အိမ်ရဲ့ စီးပွားရေးအနေနဲ့ အိမ်မှာ စက်ချုပ်ပါတယ်။

သားအလတ် ပိုင်ပိုင်က တော့ ကျောင်းတက်နေတုန်းအ ရွယ်ပဲ ရှိပါသေးတယ်။ ပိုင်ပိုင်က

ကစားအရမ်းမက်ပြီး စာကျက်ချိန်တိုင်း သူ့အစ်မဖုန်းကို ခိုးပြီးကစားလေ့ရှိပါတယ်။ နှင်းစက်ကတော့သူ့မောင်ကို မာန်တာမျိုးတော့ မရှိပါဘူး။ အေးအေးဆေးဆေးပဲ ဆုံးမလေ့ရှိပါတယ်။ နှင်းစက်ကသူ့ဖုန်းနဲ့ ဖေ့စ်ဘွတ်ခ်တော့ သုံးပါတယ်။

အဲဒါကြောင့်လည်း အိမ် ထဲက အိမ်ပြင်သိပ်မထွက်တဲ့ နှင်း စက်က ဖေ့စ်ဘွတ်ခ်ကနေ ရဲရင့် ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့တာပါ။

ဘအေးက သူ့သားသမီးသုံး ယောက်နဲ့ပဲ မနက်ဆို အလုပ် သွား၊ ညနေအလုပ်ပြန် အေးအေး ဆေးဆေးဖြတ်သန်းနေပါတယ်။ အရင်ကတော့ ဘအေးက အဲဒီလိုလူမျိုးမဟုတ်ပါဘူး။ သူ့ရှေ့မှာ တစ်ခုခုဖြစ်ပြီဆိုရင် သူနဲ့ ဆိုင် ဆိုင်၊ မဆိုင်ဆိုင် အမြဲဝင်ပြီး ကူညီသင့်တာ ကူညီပေးတတ်ပါတယ်။အဲဒီလိုကူညီမှုတွေကြောင့်ပဲ သူ့ ရဲ့ဇနီး ဆုံးပါးခဲ့ရတာပါ။

တစ်ရက်မှာ သူတို့ရပ်ကွက် ထဲက လူငယ်တစ်ယောက်ကို အဖွဲ့လိုက်ဝိုင်းရိုက်နေတာကြောင့် ကူညီပေးခဲ့လို့ တစ်ဖက်က လူတွေ က မကျေနပ်တာကြောင့် ဆိုင်တစ်ဆိုင်မှာ တွေ့တဲ့အချိန် ဓားနဲ့နောက်ကထိုးခဲ့တာပါ။ ဒါပေမဲ့သူ့ဇနီးက မြင်တာကြောင့် ဘအေးရှောင်လိုက်နိုင်ပေမယ့် နောက်တစ်ကြိမ် ဓားနဲ့ထိုးတဲ့ အချိန်မှာတော့ သူ့အစား သူ့ဇနီးက ကြားကခံလိုက်တာကြာင့် ဓားထိုးခံရပြီး ဆုံးသွားတာပါ။ အဲဒီနေ့က ဘအေးတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးပါ။ အဲဒီအချိန်ကတည်းက ဘအေးက သူ့ရှေ့မှာ ဘာဖြစ်ဖြစ်ဝင်မပါတော့ပါဘူး။ တစ်ရက်မှာတော့ အိမ်ပြန်လာရင် အဖေစားဖို့ ထမင်းဝိုင်းပြင်ပြီး စောင့်နေတတ်တဲ့ သူ့သမီးအိမ်မှာ မရှိဘူးဖြစ်နေပါတယ်။ သူ့သားတွေကို သူ့တို့ အစ်မအကြောင်း မေးတော့လည်း မသိကြပါဘူး။ အဲဒီလိုနဲ့ နောက်တစ်နေ့ မနက်အထိ နှင်းစက်ပြန်မလာတာကြောင့် တော်တော်စိတ်ပူနေခဲ့ပါတယ်။

အဲဒီအချိန် ဘူတာနားမှာ ကောင်မလေးတစ် ယောက်ရဲ့ အလောင်းတွေ့တယ်ဆိုတာကြောင့် သူတို့သားအဖတွေ အပြေးအလွှား သွားကြည့်ကြပါတယ်။သေဆုံးနေတဲ့အလောင်းက နှင်းစက်ရဲ့ အလောင်း လား။ နှင်းစက်က ဘယ်ကို ထွက်သွားတာလဲဆိုတာတွေကိုတော့ ပီတိထုတ်လုပ်ရေးကနေ ဖြန့်ချိတဲ့ ပါဏာတိပါတာ ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစား ကြည့်ပါ။

ဒီဇာတ်ကားမှာ ဘအေးအဖြစ် လူမင်း ၊ ဘအေးရဲ့ ဇနီးအဖြစ် ခိုင်သင်းကြည်၊ ရဲရင့်အဖြစ် ကျော်ကျော်၊ နှင်းစက်အဖြစ် ယွန်းယွန်းနဲ့ ပိုင်ပိုင်အဖြစ် အိစိကွေးတို့က ပါဝင်သရုပ်ဆောင်ထားပြီးကကြိုးသျှင်ရဲ့ ဇာတ်ညွှန်းကို ဇာတ်လမ်းဒါရိုက်တာ လူမင်းက ရိုက်ကူးပုံဖော်ထားပါတယ်။           ။