ဖိအားများအောက်က လူထုခေါင်းဆောင်ကို ဘယ်လိုဝန်းရံကြမလဲ

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် လဆန်းပိုင်းက ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

မြန်မာသည် မည်သည့် အခါနှင့်မျှ မတူသော နိုင်ငံတကာ ဖိ အားနှင့်ရင်ဆိုင်နေရသည်။ တပ် မတော် အာဏာသိမ်းစဉ်က တောက်လျှောက်ပေးခဲ့သော နိုင် ငံတကာဖိအားသည် ဒီမိုကရေစီ ရေးအတွက်ပေးခဲ့သော ဖိအား ဖြစ်သည်။ လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် ပြည် တွင်းရှိဒီမိုကရေစီအင်အားစုများ က ဒီမိုကရေစီအရေးအားပေး သည့် နိုင်ငံတကာမိတ်ဆွေများ၊ မီဒီယာများနှင့် ထိုအချိန်က လက် တွဲညီခဲ့ကြဖူးသည်။ သို့သော် ဒီမို ကရေစီဘက်တော်သားများနေ ရာရလာသည့်အချိန်တွင်မူ တစ် ချိန်က မိတ်ဆွေများက မြန်မာ့ အရေးကို ကမ္ဘာ့အရေးအသွင် ဇောင်းပေးပြီး ဖိအားပေးကြပြန် သည်။

ယင်းအခြေအနေတွင် ပြည် သူများက ၎င်းတို့တင်မြှောက်ထား သည့်ဒေါ်အောင်ဆန်းစုကြည် အ စိုးရ၏လုပ်ရပ်များကို ထောက်ခံ ကြောင်း ဆန္ဒထုတ်ဖော်ပွဲများနှင့် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆု တောင်းပွဲများကို ပြုလုပ်ခဲ့ကြ သည်။

 စင်စစ်မြန်မာ့နိုင်ငံရေး သ မိုင်းကို ကြည့် ပြည်သူများက လမ်းပေါ်ထွက်ခဲ့ကြသည်မှာ အာ ဏာရှင်အစိုးရကိုဖြုတ်ချရေးအ တွက် ရဲဝံ့ခဲ့ကြခြင်းသာဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ့အပေါ်ကျ ရောက်နေသော မည်သည့်အခါ ကမျှ မတူသောဖိအားကို တုံ့ ပြန်ရန် မြန်မာပြည်သူများက ယခင်ကဲ့သို့ လှုပ်ရှားပုံခြင်းတူသော်လည်း ရည်ရွယ်ချက်ခြင်း မတူသည့် လူထုလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။

အထူးသဖြင့် ရခိုင်ပြည် နယ်အရေး ကိုင်တွယ်ဆောင်ရွက် နေမှုအခြေအနေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ရှင်းပြခဲ့သည့် စက်တင်ဘာ ၁၉ ရက်နောက်ပိုင်း တွင်ဖြစ်သည်။

ဒီချုပ်အစိုးရလက်ထက်တွင် အစိုးရနှင့် အာဏာပိုင်အဖွဲ့အ စည်းများအပေါ် ကန့်ကွက်ဆန္ဒပြ သည့် လှုပ်ရှားမှုများလည်းရှိနေဆဲဖြစ်သည်။ သို့သော် နိုင်ငံအနှံ့ တွင် ပြည်သူအများစု ပူးပေါင်းပါ ၀င်နေကြသည့် တစ်ခုတည်းသော လှုပ်ရှားမှုသည် ဒေါ်အောင်ဆန်း စုကြည်အား ထောက်ခံကြောင်း ပြသသည့် လှုပ်ရှားမှုများဖြစ် သည်။

ပြည်တွင်းမှာသာမက ပြည် ပနိုင်ငံအချို့ရှိ မြန်မာပြည်သူများ ကပင် ယင်းခေါင်းစဉ်တစ်ခုတည်း အောက်တွင် တူညီစွာရပ်တည် လှုပ်ရှားနေခြင်းဖြစ်သည်။ ထို့ပြင် ဘာသာပေါင်းစုံ ခေါင်းဆောင် များနှင့် ပြည်သူများပါဝင်သည့် ငြိမ်း ချမ်းရေး ဆုတောင်းပွဲများကို လည်း နိုင်ငံအနှံ့တွင် အောက်တို ဘာလအတွင်း လေးကြိမ်အထိပြု လုပ်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဦးဆောင်၍ စီစဉ်နေ သည်။

အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းအားက စားကွင်းအတွင်း ကျင်းပသည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲသို့ ပြည်သူသောင်းနှင့်ချီ တက် ရောက်ခဲ့ပြီး အချို့က We Stand with Daw Aung San Suu Kyi စာတန်းပါ ဒေါ်အောင်ဆန်းစု ကြည်၏ ဓာတ်ပုံများ ကိုင်ဆောင် ခဲ့သည်။

ထိုသို့ကိုင်ဆောင်သူများထဲ တွင် အစ္စလာမ်ဘာသာဝင်အမျိုး သမီးများလည်း ပါဝင်ပြီး ‘စုမှ တစ်ပါး အခြားမရှိ’ ဟူသော စာ သားကို ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် ယှဉ်တွဲကိုင်ဆောင် ကာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ထောက်ခံမှုကိုပြသ ခဲ့ကြသည်။

 လူထုထောက်ခံပွဲများနှင့် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆု တောင်းပွဲများသည် ရခိုင်အရေး အပေါ် နိုင်ငံတကာ၏ ဝေဖန်ပြစ် တင်မှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း အင်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောသည်။

‘‘ဒီလုပ်ဆောင်မှုတွေကတစ် ဆင့် နိုင်ငံတကာဖိအားတွေကို လျှော့ချနိုင်မယ်လို့ သေသေချာ ချာကို မျှော်လင့်ထားတယ်’’ ဟု ၎င်းကပြောသည်။ ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စများလည်း ကျန်ရှိနေပြီး အစီအစဉ်များပြီးဆုံး မှသာ ရည်ရွယ်ချက်အတိုင်း အောင်မြင်မှုရ၊ မရသိနိုင်မည်ဟု ဦးဉာဏ်ဝင်းကပြောသည်။

သို့သော် နိုင်ငံတကာ အ သိုင်းအ၀ိုင်း၏ တုံ့ပြန်မှု မည်သို့ရှိ မည်ကို တိကျစွာမသိသေးမီ ပြည် တွင်း၌ တုံ့ပြန်ဝေဖန်မှုများက ရှိ နေပြီဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသ ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဦးဆောင်ကျင်းပသော ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆု တောင်းပွဲသည်လည်း စီမံခန့်ခွဲမှု ဆိုင်ရာ လိုအပ်ချက်အချို့ကြောင့် ပြည်သူများ၏ ဝေဖန်မှုဖြင့် ရင် ဆိုင်ခဲ့ရသည်။ ရန်ကုန်၏ အချက် အချာနေရာတွင် ကြိုတင်ကြေ ညာခြင်းမရှိဘဲ လမ်းများပိတ်ဆို့ခဲ့ မှုက ဝေဖန်မှုများထွက်ပေါ်စေခဲ့ သည်။

လူအင်အားအသုံးပြု၍ လူထုထောက်ခံပွဲများ၊ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲများကို ပြုလုပ်ခြင်းသည် ရခိုင်အရေး ကြောင့် မြင့်တက်လာသော နိုင်ငံ တကာဖိအားကို လျှော့ချရန်အ ဖြေမဟုတ်ကြောင်း သုံးသပ်မှုများ ရှိလာသည်။

‘‘နိုင်ငံတကာမှာကျတော့ အဲ ဒီလိုလုပ်တိုင်းလည်း အမြင် ကောင်းတာမဟုတ်ဘူး။ မြောက် ကိုရီးယားမှာလည်း လူအုပ်စု လိုက် နဲ့ ချီတက်အလေးပြုတာတွေ လုပ် နေတာပဲလေ’’ ဟု မဟာဗျူ ဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ဒါ ရိုက်တာ ဦးအောင်သူငြိမ်းကဆို သည်။

‘‘သူတို့ရည်ရွယ်ချက်အပေါ် မှာတော့ ကောက်ချက်ချစရာမရှိ ပါဘူး။ ဒါပေမဲ့ ဘာသာပေါင်းစုံ သင့်မြတ်ဖို့ကတော့ အရေးကြီး တယ်။ အဲဒီအတွက်ကတော့ ကောင်းတဲ့လုပ်ရပ်တစ်ခုလို့မြင် ပါတယ်။ လူမျိုးရေး၊ ဘာသာရေး သင့်မြတ်ဖို့အတွက်က ဘာလုပ် လုပ် အကျိုးအမြတ်ရှိတဲ့ဟာလုပ် တယ်ဆိုရင် ဒါအကောင်းဆုံးလုပ် တယ်လို့မြင်ပါတယ်။ နိုင်ငံတကာ စိတ်ဝင်စားမှုကတော့ ရှိနေတာ အမှန်ပဲ’’ ဟု ရန်ကုန်မြို့ကုလ သမဂ္ဂရုံးပြန်ကြားရေးအရာရှိ ဦး အေးဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် ဖြစ်ရပ်နှင့်လုပ်ရပ်အပေါ် တွင် နိုင်ငံတကာကသုံးသပ်မည် ဟုထင်မြင်ပြီး ကုလသမဂ္ဂ အနေဖြင့် တတ်နိုင်သမျှကူညီရန်၊ ငြိမ်းချမ်းရန်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအ ညီများရောက်ရှိရန် အတတ်နိုင် ဆုံး ဆောင်ရွက်မည်ဟု ဦးအေး ၀င်းက ပြောသည်။

အစိုးရအနေဖြင့် လက်တွေ့ ကျသော ချဉ်းကပ်ရှုမြင်သုံးသပ်မှုများဖြင့် အဖြေရှာရန်ကြိုးပမ်းသင့် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကပြောသည်။

‘‘(၁)အချက်က အစိုးရကိုယ် တိုင်က ပြည်သူတွေကို မှန်မှန် ကန်ကန်ပြောဖို့၊ဆိုဖို့လိုတယ်။ သ တင်းပေးဖို့လိုတယ်။ သူလိုချင်တဲ့ ကိစ္စကိုပဲ လူထုကို ပြောခိုင်းရင် တော့ခက်လိမ့်မယ်။ ဥပမာ ရခိုင် လိုကိစ္စမျိုးမှာ သတင်းမီဒီယာတွေ ဘယ်လောက်အထိ လွတ်လွတ် လပ်လပ်သွားခွင့်ရှိလဲ၊ ဘယ် လောက်ထိ သတင်းယူခွင့်ရှိလဲ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ က ပြောတယ်ဆိုရင် အစိုးရ ပြောတာထက် ပိုကောင်းတာပေါ့’’ ဟု ၎င်းကပြောသည်။

ဒီချုပ်အစိုးရ သက်တမ်းတစ် နှစ်ခွဲအတွင်း ဒေါ်အောင်ဆန်းစု ကြည် အပါအ၀င် အစိုးရအဖွဲ့ကို ဝေဖန်မှုနှင့် တိုက်ခိုက်မှုများရှိ သော်လည်း ၎င်းတို့ကိုထောက်ခံ သူများက တန်ပြန်ဆန္ဒပြခြင်း၊ တုံ့ပြန်ခြင်းတို့မရှိခဲ့ဘဲ ရခိုင်ဖြစ်စဉ်အပြီး လူထုထောက်ခံပွဲများကို သက်ဆိုင်ရာ အာဏာပိုင်များက ပါ လူထုအားနှင့်ပူးပေါင်းလှုပ်ရှား လာခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ငြိမ်းချမ်း ရေးနဲ့ပဲဖြစ်ဖြစ်၊ ရခိုင်အရေးပဲ ဖြစ်ဖြစ် ပြည်သူက ထောက်ခံကြ တယ်ဆိုတာပြချင်တာပါ။ ပြည် သူ့အားနဲ့ ကျော်လို့ရတယ်ဆိုတာ ပြချင်တာပါ’’ ဟု မန္တလေးမြို့ မနော်ရမ္မံ ဟစ်တိုင်ကွင်းတွင် အောက်တိုဘာ ၇ ရက်က ပြုလုပ်သည့် ထောက်ခံပွဲသို့တက်ရောက်ခဲ့သည့် ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၎င်း၏ဂုဏ်သိက္ခာဖြင့် ရင်း ၍ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ဝေဖန်မှုများကို ရင်ဆိုင်နေချိန်နှင့်တစ်ပြိုင်တည်းမှာပင်  ပြည်တွင်း ၌လည်း ၎င်း၏ဆောင်ရွက်မှုများကို ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရကြောင်း စာရေးဆရာထင်လင်းဦး (Wisdom Villa) က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က နည်းလမ်းတကျ ကိုင်တွယ်ဖြေ ရှင်းနေမှုအပေါ် အစွန်းရောက်မျိုး ချစ်စိတ်ဖြင့် ဆန့်ကျင်ကန့်ကွက် နေမှုများကြောင့် နိုင်ငံတကာအ သိုင်းအ၀ိုင်း၏ ပြစ်တင်ဝေဖန်မှု များ ပိုမိုခိုင်မာအားကောင်းလာနိုင်ပြီး မြန်မာ့ဒီမိုကရေစီလမ်း ကြောင်းကို ထိခိုက်စေနိုင်ကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့်လူထုထောက်ခံပွဲများသည် အဆိုပါပြည်တွင်းမှ ဆန့်ကျင်ကန့်ကွက်သူများကို လည်း တုံ့ပြန်ရန်ရည်ရွယ်ကြောင်း ပြောသည်။

‘‘ပြည်ပအန္တရာယ်ကို တွန်း လှန်ရုံတင်မကဘူး။ ပြည်တွင်း က အဲဒီလိုမျိုး မီးမွှေးနေသူတွေရဲ့ အန္တရာယ်ကိုလည်း တွန်းလှန် သွားရမှာပါ။ ဒါကြောင့် ဒေါ် အောင်ဆန်းစုကြည်နဲ့အတူ ရှိ တယ် ဆိုတဲ့ လူထုထောက်ခံပွဲတွေ လုပ်နေကြတာ’’ ဟု ထင်လင်းဦး (Wisdom Villa) က ပြောသည်။

တပ်မတော် အစိုးရ လက် ထက်တွင် ပြုလုပ်ခဲ့သည့် အင်န် အယ်လ်ဒီပါတီနှင့် ဒေါ်အောင် ဆန်းစုကြည်ကို ရှုတ်ချပွဲများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်းအား ထောက်ခံပွဲ၊ အမျိုးသားညီလာခံ ထောက်ခံပွဲ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း နှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေအဖြစ် အတည်ပြုရေး ထောက်ခံပွဲတို့ တွင်လည်း ပြည်သူအများအပြား ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ ထောက်ခံပွဲများနှင့် လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံသည့် လှုပ်ရှားမှု များ၏ကွာခြားချက်သည် ခံယူ ချက်နှင့် စိတ်ဓာတ်ပြင်းပြမှုဖြစ် ကြောင်း ကဗျာဆရာစောဝေက မှတ်ချက်ပေးသည်။

ခေတ်အခြေအနေအရ အ ကြောက်တရားနှင့် ရလိုမှုတို့ ကြောင့် အထက်ပါထောက်ခံပွဲ များတွင် ပြည်သူများ ပူးပေါင်းပါ ၀င်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆို သည်။‘‘အဲဒီပွဲကိုမှ လိုက်မသွား ရင် ငါတို့ရဲ့စီးပွားရေး နေမှုထိုင် မှုတွေ ပျက်ယွင်းမလားဆိုတဲ့ အ ကြောက် တရားနဲ့လာကြတယ်။ ပြီးတော့ ရလိုမှု။ လိုက်သွားရင် ပိုက်ဆံရမှာလား၊ အခွင့်အရေးရမှာလားဆိုတဲ့ ပုံစံနဲ့ လိုက်တာ’’ ဟု ကဗျာဆရာ စောဝေကပြောသည်။

လက်ရှိ ထောက်ခံပွဲများ တွင်မူ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအရေးကိုရှေးရှုသော ဒီချုပ် အစိုးရနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ကို ထောက်ခံသည့်အနေ ဖြင့် ပြည်သူများ ပူးပေါင်းပါဝင်နေ ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

 နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပွဲများကို ပြည် တွင်းတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ပုသိမ် စသည့် မြို့ကြီးများအပါအ၀င် နိုင်ငံအနှံ့၌ ပြုလုပ်ခဲ့ပြီး ပြည်ပ ၌လည်း အမေရိကန်နိုင်ငံရှိ ကုလ သမဂ္ဂရုံးချုပ်ရှေ့အပါအ၀င် ကိုရီး ယား၊ ဂျပန် အစရှိသည့်နိုင်ငံများ တွင် မြန်မာပြည်သူများကပြုလုပ်ခဲ့သည်။

ရခိုင်အရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ကိုင် တွယ်မှုအပေါ်  နိုင်ငံတကာအ သိုင်းအ၀ိုင်း၏ ပြစ်တင်ဝေဖန် မှုများကို လက်မခံနိုင်ကြောင်းနှင့် ၎င်း၏ ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ပြသခြင်းဖြစ် သည်ဟု ထောက်ခံသူများက ဆို သည်။

‘‘အစိုးရနဲ့ ပြည်သူစည်းလုံး ကြတာကောင်းတဲ့ လက္ခဏာ တစ်ခုပါ။ သို့သော် ထိရောက်တဲ့ လုပ်ဆောင်ချက် ဟုတ်၊ မဟုတ် ဆိုတာကတော့ မေးခွန်းထုတ်ရ မယ့် အခြေအနေတွေ ရှိနေဆဲပါ ပဲ’’ ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့(FPPS) ဦး ဆောင်ကော်မတီဝင် ဦးတင် မောင်ဦးက ထောက်ခံပွဲများအ ပေါ် မေးခွန်းထုတ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြသသည့် လှုပ်ရှားမှုများသည် ၎င်းအပေါ် ပုဂ္ဂိုလ်ရေးအရ ထောက်ခံခြင်း သက်သက်မဟုတ်ဘဲ နိုင်ငံ၏ ဂုဏ်သိက္ခာ၊ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးရည်မှန်းချက်များ ကိုပါ ကာကွယ်စောင့်ရှောက်နေ ခြင်းဖြစ်ကြောင်း စာရေးဆရာ ထင်လင်းဦး(Wisdom Villa)က ပြောသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်း တွင် ခေါင်းမထောင်နိုင်ခဲ့သော မြန်မာနိုင်ငံသည် ဒေါ်အောင် ဆန်းစုကြည်၏ ပုံရိပ်ကြောင့်သာ အသိအမှတ်ပြုမှု ပြန်လည်ရရှိခဲ့ ခြင်းဖြစ်၍ ၎င်းကိုထောက်ခံ ခြင်းသည် နိုင်ငံ၏ပုံရိပ်ကိုကာ ကွယ်ခြင်းပင်ဖြစ်ကြောင်း နိုင်ငံ တစ်ဝန်းပြုလုပ်သည့် ထောက်ခံပွဲ များ၌ လှည့်လည်ဟောပြောခဲ့ သည့် ၎င်းက ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချလို့၊ ဆန့်ကျင်မှုတွေဖြစ်ပေါ်လာလို့ နိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်း သွေဖည်သွားမယ်ဆိုရင် ကျွန် တော်တို့ပဲနစ်နာမှာ။ ဒါကြောင့် ကျွန်တော်တို့သည် ဒေါ်အောင် ဆန်းစုကြည်နဲ့အတူ ရှိတယ်ဆို တာပြနေကြတာ’’ ဟု ထင်လင်းဦး (Wisdom Villa)က ပြောသည်။

နိုင်ငံတကာက ရခိုင်ပြည် နယ်ကိစ္စအပေါ် အလွန်အမင်း အာရုံစိုက်နေခြင်းသည် ပိုမိုကျယ် ပြန့်သည့် မြန်မာနိုင်ငံတစ်ခုလုံး၏ နောက်ခံအခြေအနေများကိုေ၀၀ါး ပျောက်ကွယ်သွားစေကြောင်း ဒေါက်တာသန့်မြင့်ဦးက ၎င်း၏ ဆောင်းပါးတွင် သုံးသပ်ထားသည်။

စိုးရိမ်ကြောင့်ကြမှု ကြီးစိုး နေသော လက်ရှိကာလတွင် အ မျိုးသားရေးဝါဒသစ်ပုံစံတစ်ခု ပေါ်ပေါက်လာနေပြီး ရခိုင်အရေး အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်း က ရှုမြင့်သုံးသပ်မှုနှင့် ပြည်တွင်း မှ ရှုမြင်မှုများက လုံးဝဖြောင့် ဖြောင့်ကြီး ဆန့်ကျင်နေသည်ဟု ဆိုသည်။

 ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် ရခိုင်ပြည် နယ်တွင်ပေါ်ပေါက်နေသည့် ရန် လိုအကြမ်းဖက်မှုများ ချုပ်ငြိမ်း စေရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ် ချက်များကို အမြန်ဆုံးတုံ့ပြန်လုပ် ဆောင်ရေးတို့ကို အဓိကထား အာရုံစိုက်နေခြင်းသည် မှန်ကန် မှုရှိသော်လည်း အတိမ်းအစောင်း မခံနိုင်သော မြန်မာနိုင်ငံ၏လက် ရှိအခြေအနေကိုလည်း သတိပြု ရန်လိုကြောင်း ဒေါက်တာသန့် မြင့်ဦးက တိုက်တွန်းသည်။

‘‘အကယ်၍ အသစ်တစ်ဖန် နိုးကြားလာသည့် အမျိုးသားရေး ၀ါဒက လစ်ဘရယ်ဆန်မှုမှ ရှင်း ရှင်းလင်းလင်း ဆန့်ကျင်လာ အောင်၊ နိုင်ငံခြားသားများအပေါ် မလိုလားသည့် စိတ်အစွဲမျိုးထံ ဦး တည်သွားအောင် လူ့အဖွဲ့အ စည်းများကြား တင်းမာမှုများ ပေါ် ပေါက်လာအောင် လုပ်ဆောင်ခဲ့ မည်ဆိုပါက ရခိုင်တွင်သာမကဘဲ အခြားဒေသအသီးသီးသို့ပါ အ ကြမ်းဖက်ရန်လိုမှုများ ကူးစက် သွားနိုင်သည်’’ ဟု ၎င်းက တိုက် တွန်းသည်။

မြန်မာနိုင်ငံ၏ မိတ်ဆွေရင်း ချာများအနေဖြင့် နိုင်ငံ၏သမိုင်း ကြောင်း၊ ဒေသခံများ၊ ပြည်သူ များ၏ ခံယူချက်နှင့် သဘောထား များကို နားလည်ပေးနိုင်ရန် ယခု မျက်မှောက်ကာလတွင် အရေး အကြီးဆုံး လိုအပ်လာပြီဖြစ် ကြောင်း ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ဝေ ဖန်ပြစ်တင်မှုများနှင့် မမှန်မကန် စွပ်စွဲမှုများကို ဖြေရှင်းနိုင်ရန် အစိုးရက သတင်းအချက်အလက် များကို မှန်ကန်စွာ ထုတ်ပြန်ပေး ခြင်းသည် အဓိကလိုအပ်ချက်ဖြစ် ကြောင်း ဦးအောင်မိုးဇော်ကပြော ကြားသည်။

ထို့ပြင် တိုင်းပြည်တွင်း ဘာ သာပေါင်းစုံချစ်ခင်ရင်းနှီးမှုဖြင့် ငြိမ်းချမ်းစွာနေထိုင်ရေးအတွက် တိုင်းပြည်ခေါင်းဆောင်များ၊ ဘာ သာရေးခေါင်းဆောင်များ၊ လူထု ယုံကြည်လေးစားသူများက ဆွေး နွေးပြောဆိုတိုက်တွန်းခြင်း၊ မီဒီ ယာများ(သို့မဟုတ်)အခြားသော ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ချဉ်းကပ်လှုပ်ရှားခြင်း တို့ ပြုလုပ်သင့်ကြောင်း ၎င်းက အကြံပြုသည်။

လူထုထောက်ခံပွဲများနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ကျင်းပခြင်းသည်  လက်ရှိအခြေအနေကို အဖြေရှာ ရန် နည်းလမ်းတစ်ရပ်ဖြစ်သော် လည်း အဓိကကျသည့် အခြား အချက်များကိုလည်း ဆောင်ရွက် ရန်လိုကြောင်း ကဗျာဆရာစော ဝေက ပြောသည်။

‘‘ကိုယ်ကိုးကွယ်တဲ့ ဘာသာ ရဲ့ဘုရားက ကိုယ့်ရင်ထဲမှာ တည်နေဖို့ပဲ အရေးကြီးတယ်။ ဒီမိုကရေစီခေတ်မှာ အဲဒီတရား တော်တွေနဲ့အညီ လွတ်လပ်စွာ ကွဲလွဲခွင့်နဲ့ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်ခြင်းစိတ်ကသာ အဓိကကျပါတယ်’’ ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည်ဆိုပါက လူစုလူ ဝေးဖြင့် လမ်းပေါ်ထွက်ထောက်ခံ ခြင်းသာမက တစ်ဦးချင်းအနေဖြင့် လည်း ၎င်း၏ လမ်းညွှန်မှုများကို လိုက်နာကျင့်သုံးရန်လိုကြောင်း ကဗျာဆရာစောဝေက ပြောကြား သည်။

‘‘ဥပမာဆိုပါတော့ နောင်တ မရအောင် ကွမ်းကိုရှောင်ပေါ့၊ စည်းကမ်းတကျ အမှိုက်ပစ်ပါ ပေါ့။ ဒီလောက်လေးကအစ လိုက် နာဖို့လိုတယ်။ အပြင်ထွက် ပြီး အင်အားပြ လူစုနေတာထက် စာရင် သူ့ရဲ့လမ်းညွှန်ချက်တွေကို လိုက်နာပြီး တရားဥပဒေဘောင် အတွင်းက စည်းကမ်းတကျနေဖို့ လည်း အရေးကြီးပါတယ်’’ ဟု ၎င်းကပြောသည်။

ပြည်သူများအနေဖြင့် ဒေါ် အောင်ဆန်းစုကြည်ကို ထောက် ခံပြီးဖြစ်သော်လည်း လက်ရှိအ ခြေအနေအရ လမ်းပေါ်ထွက်၍ ထောက်ခံကြောင်းပြသရန် လို အပ်သည်ဟု ယူဆ၍ ထောက်ခံပွဲ များ ပြုလုပ်နေခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ က ပြောသည်။

‘‘ပြည်သူလူထုက သူနဲ့ တစ်သားတည်း ရှိနေတယ်ဆိုတာ ကို ဒေါ်အောင်ဆန်းစုကြည်သိ ခြင်းအားဖြင့် သူလုပ်ရကိုင်ရတာ ပိုအားရှိမှာပေါ့။ ပိုအားတက် မှာပေါ့’’ ဟု ပုသိမ်မြို့တွင်ပြု လုပ်သောထောက်ခံပွဲ၌ ဒေါ် အောင်ဆန်းစုကြည်ကို ထောက်ခံ ရေးဟောပြောခဲ့သည့် ၎င်းကဆို သည်။

ကာယကံရှင်ဖြစ်သည့် ဒေါ် အောင်ဆန်းစုကြည်ကလည်း ၎င်း ဦးဆောင်သည့် အစိုးရအပေါ်  ထောက်ခံဝန်းရံပေးသည့် ပြည် သူများကို ကျေးဇူးတင်ကြောင်း အောက်တိုဘာ ၁၂ ရက်က ရခိုင် အရေးနှင့်ပတ်သက်သည့် ပြည်သူ သို့တင်ပြချက်၌ ထည့်သွင်းပြော ကြားသည်။

‘‘ပြည်သူရဲ့ ထောက်ခံမှု၊ ပြည်သူရဲ့ ယုံကြည်မှု၊ ပြည်သူရဲ့ ညီညွတ်မှုနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဘာ အင်အားမှမရှိပါဘူး။ ဘယ်လို အခက်အခဲတွေနဲ့ပဲ ကြုံတွေ့ရ ပါစေ၊ ပြည်သူရဲ့ညီညွတ်မှုအင် အားနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံ ကြည်ပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ယင်းမိန့်ခွန်းမှာပင် ဒေါ် အောင်ဆန်းစုကြည်က ပြည်သူ့ အားနှင့် ရှေ့ဆက်ချီတက်မည့် ၎င်း၏ လုပ်ငန်းစဉ်နှင့်အတူ ပြည်သူများ အမှန်တကယ်လိုက်နာဆောင်ရွက်ရမည့်အချက်ကို လမ်းညွှန်ပြသခဲ့သည်။

‘‘ဝေဖန်ချက်တွေ၊ စွပ်စွဲ ချက်တွေကိုစကားနဲ့ တုံ့ပြန်ချေပ နေတာထက် လက်တွေ့လုပ် ဆောင်ချက်တွေ၊ တိုးတက်မှုရ လဒ်တွေနဲ့ ကမ္ဘာကိုပြသသွားဖို့ ကျွန်မတို့လုပ်ဆောင်သွားရမှာဖြစ်ပါတယ်’’ ဟု နိုင်ငံတော်၏ အ တိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စကားအတိုင်း ပြည်သူများက လူထုခေါင်းဆောင်ကို မှန်ကန် သည့် ၀န်းရံမှုပြုလုပ်ရန်နှင့် နိုင်ငံ တကာအလယ် မြန်မာ့ပုံရိပ်ကို မြှင့်တင်ရန် နိုင်ငံသားများတွင် တာဝန်ရှိပါသည်။။