ပါလက်စတိုင်းဒေသနှစ်ခု ပြန်လည်ပေါင်းစည်းတော့မှာလား

ပေါင်းစည်းရေးသဘောတူညီမှုအသစ်ရရှိပြီးနောက် လမ်းပေါ်ထွက် အောင်ပွဲခံနေသော ပါလက်စတိုင်းသားများ Suhaib Salem / reuters

ပြိုင်ဘက်နိုင်ငံရေးအုပ်စု နှစ် စုဖြစ်သော ဟားမားစ်နှင့် ဖာတာ အဖွဲ့ကြား ပြန်လည်ရင်ကြားစေ့ ရေးနှင့် ပေါင်းစည်းရေး သဘော တူညီမှုအသစ်တစ်ရပ်ရရှိခဲ့ပြီး နောက် ပါလက်စတိုင်းသားအချို့ ဂါဇာဒေသ လမ်းမများ ပေါ်ထွက် ၍ အောင်ပွဲခံခဲ့သည်။ အခြားလူများကမူ ပို၍ သတိထား၍ တုံ့ပြန်ကြသော်လည်း ဆယ်စုနှစ် နှင့်ချီလာပြီဖြစ်သော အုပ်စုနှစ်စုကြား အငြင်းပွားမှု အဆုံးသတ်ရေးကို လိုလိုလားလားမျှော်လင့်နေ သည်။ ပါလက်စတိုင်းအချင်းချင်း အငြင်းပွားမှုက အမျိုးသားရေး ကိစ္စကို ထိခိုက်နေသည်ဟု ၎င်းတို့ က ယူဆသည်။


အီဂျစ်နိုင်ငံက ကြားဝင်ညှိ နှိုင်းပေးခဲ့သော သဘောတူညီချက် ကြောင့် ဖာတာအဖွဲ့ လွှမ်းမိုးထား သော ပါလက်စတိုင်းအာဏာပိုင် အဖွဲ့(PA) က ဒီဇင်ဘာ ၁ ရက်က စ၍ ဂါဇာဒေသကို အပြည့်အဝ ထိန်းချုပ်မှုပြန်လည်ရယူမည်ကို မြင်တွေ့ရမည်ဟု မျှော်လင့်ရ သည်။

၂၀၀၆ က ဥပဒေပြုရွေး ကောက်ပွဲများကို အနိုင်ရရှိခဲ့ပြီး နောက်တစ်နှစ်အကြာတွင် ဟား မားစ်အဖွဲ့က ပါလက်စတိုင်းအာ ဏာပိုင်အဖွဲ့ (PA)နှင့် ၎င်းတို့၏ လုံခြုံရေးတပ်ဖွဲ့များကို ဂါဇာဒေသမှ ဖယ်ရှားခဲ့သည်။

‘‘အရင်တုန်းက မမြင်တွေ့ခဲ့ ရတဲ့ အလျှော့အတင်းအပေးအယူ လုပ်တဲ့ပုံစံကို ဟားမားစ်အဖွဲ့က ပြသလာခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်မစ် အုပ်စုရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ ထက် သူတို့ကိုယ်သူတို့ ပါလက်စ တိုင်းတွေလို့ ခံယူလာပြီး လက် တွေ့ဆန်လာလို့ ကျွန်တော်တို့ကို မျှော်လင့်ချက်ပေးပါတယ်။ ကိုင် တွယ်ဖို့ ခက်ခဲတဲ့ ကိစ္စတွေတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ လည်း ပြန်လည်ပေါင်းစည်းရေးရဲ့ ဆန့်ကျင်ဘက်ဟာ မှောင်မိုက် လွန်းလို့ အဲဒီအကြောင်းမပြောချင် ပါဘူး’’ဟု ကလေးခြောက်ဦး ဖခင်နာအင်အယ်လ်ကာတစ်က ပြော သည်။

မကြာသေးမီကာလအတွင်း က နိုင်ငံရေးနှစ်ခြမ်းကွဲမူ ပိုမိုနက်ရှိုင်းလာခဲ့ပြီး သမ္မတမာမွတ်အ ဘတ်စ်ကလည်း ဟားမားစ်အဖွဲ့ အပေါ် ဘဏ္ဍာရေးအရ ဖိအားပေး ခဲ့သဖြင့်  ဂါဇာဒေသတွင် နေထိုင်သူ နှစ်သန်းခန့် ဒုက္ခခံခဲ့ရသည်။ ဂါဇာကမ်းမြောင်ဒေသ၏ တစ်ခု တည်းသော ဓာတ်အားပေးစက်ရုံအတွက် လောင်စာဝယ်ယူမှုအ ပေါ်  ပါလက်စတိုင်းအာဏာပိုင် အဖွဲ့က ကြီးလေးသော အခွန်အတုပ်များ ချမှတ်ခဲ့ပြီး ဂါဇာဒေသအတွက် အစ္စရေးက လျှပ်စစ်ဓာတ် အားဝယ်ယူမှုကိုလည်း လျှော့ချခဲ့ သည်။

မဟာဓာတ်အားလိုင်းမှ လျှပ် စစ်ဓာတ်အား တစ်နေ့လျှင် နာရီ အနည်းငယ်သာ ထုတ်လွှတ်ပေး သဖြင့် ရေချိုချက်လုပ်ရေးနှင့် ရေ ဆိုးသန့်စင်ရေးစက်ရုံများ ကောင်း စွာ မလည်ပတ်နိုင်တော့ပေ။

အလုပ်မလုပ်ရသော်လည်း PA အဖွဲ့ထံမှ လစာထုတ်ယူနေ ဆဲအစိုးရဝန်ထမ်း ၆၀,၀၀၀ ကျော် သည်  လစာသုံးပုံတစ်ပုံအ ထိ လျှော့ချခံခဲ့ရသည်။ ဆေးရုံများ 

အတွက် ဆေးဝါးထောက်ပံ့မှု လည်း ရပ်တန့်ခဲ့သည်။ ယခုအခါ သဘောတူညီချက်ကြောင့် ပိတ်ဆို့တားဆီးမှုအချို့ကို ပြောင်းပြန် လှန်ပစ်မည်ဟု မျှော်လင့်ရသည်။

‘‘လျှပ်စစ်မီး ချက်ချင်းပြန်ရ မယ်လို့ မျှော်လင့်ပါတယ်။ လျှပ် စစ်မီးက နေ့စဉ်ပုံမှန်ဘဝအတွက် မရှိမဖြစ် လိုအပ်ချက်ပါ။ လျှပ်စစ် ရရင် ရေဆိုးသန့်စင်ရေးပြဿနာ လည်း ပြေလည်သွားမယ်ထင်ပါ တယ်။ ဂါဇာက လူတွေက ပင် လယ်ကို အရမ်းသံယောဇဉ်ကြီး ပြီး ကမ်းခြေတွေ ပြန်ပြီးသန့်ရှင်း လာမယ်လို့ မျှော်လင့်ပါတယ်’’ ဟုကျောင်းဆရာ အာမယ်က ပြော သည်။

ဂါဇာဒေသကို ဟားမားစ် အဖွဲ့က လွှဲပြောင်းရယူခဲ့ပြီး နောက် အစ္စရေးနှင့် အီဂျစ်က ဂါဇာဒေသပိတ်ဆို့မှုများကို ပိုမိုတင်း ကျပ်ခဲ့သည်။ ယခုသဘောတူညီ ချက်သစ်ကြောင့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က လုံခြုံရေးတပ် ဖွဲ့များကို နယ်စပ်ဂိတ်များတွင် ပြန်လည်ချထားမည်ဟု မျှော်လင့် ရသည်။ ယင်းသို့ဆိုလျှင် နယ်စပ် တွင် လူနှင့် ကုန်ပစ္စည်းများ ဖြတ် သန်းမှုလည်း လွယ်ကူလာမည်ဖြစ် သည်။

‘‘ဂါဇာကနေ အနောက်ဘက် ကမ်းခြေ၊ အီဂျစ်နဲ့ အစ္စရေးကို ဆေးကုသဖို့နဲ့ ပညာသင်ဖို့အတွက် လူ တွေ လွတ်လပ်စွာ လှုပ်ရှားသွား တာကို မြင်တွေ့ချင်ပါတယ်။ ဒါမှ သာ ပြန်လည်ပေါင်းစည်းသွားပြီ ဆိုတာ တကယ်ပဲလားလို့ ခံစားရ စေမှာပါ’’ဟု ကျောင်းဆရာ အာမယ်က ဆိုသည်။

ယခင်ကရရှိခဲ့သော ပြန် လည်ပေါင်းစည်းရေးနှင့် ရင်ကြား စေ့ရေး သဘောတူညီချက်များ လည်း အလျင်အမြန် ပြန်လည် ပြိုကွဲသွားခဲ့သည်။ ယခုနောက် ဆုံးသဘောတူညီချက်ကို ကိုင်ရို မြို့မှ ကြေညာရာတွင်လည်း နှစ် ဖက်အဖွဲ့များကြား ကြာရှည်စွာ တည်ရှိခဲ့သော ကွဲပြားခြားနားချက် များကို မည်သို့ဖြေရှင်းမည်နည်း ဆိုသည်ကို အသေးစိတ်မပြော ထားပေ။

ယင်းတွင် ဟားမားစ်အဖွဲ့၏ အင်အား ၂၅,၀၀၀ ရှိသော လက် နက်ကိုင်အဖွဲ့ Ezzedine al-Qassam Brigades ၏ ကံကြမ္မာ လည်းပါဝင်သည်။

ဟားမားစ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်အဖြစ် အစ္စရေး၊ အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က သတ်မှတ်ထားသည်။ အမေရိကန်နှင့် အီးယူသည် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA)အား ငွေကြေးထောက်ပံ့နေ သူများဖြစ်သည်။ သို့သော် ဟား မားစ်အဖွဲ့ပါဝင်လာသော အစိုးရ တစ်ရပ်ကို ဆက်လက်၍ အကူအ ညီပေးရန် ခက်ခဲနိုင်သည်။

ပါလက်စတိုင်းမှ နိုင်ငံရေး အဖွဲ့အားလုံးပါဝင်သော အစည်း အဝေးတစ်ရပ်ကို မေလ ၂၁ ရက် တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ကျင်း ပရန် စီစဉ်ထားတယ်။ သို့သော် ယင်းအစည်းအဝေးမတိုင်မီ ဆွေး နွေးညှိနှိုင်းမှု အများအပြားလုပ် ဆောင်ရန် လိုအပ်ဦးမည်။

‘‘အခုသဘောတူညီမှုဟာ ကောင်းမွန်တဲ့ ခြေလှမ်းပါ။ အပြု သဘောဆောင်ပါတယ်။ ဒါပေမဲ့ ဒါဟာ အစပဲရှိပါသေးတယ်’’ဟု ပါလက်စတိုင်းအမျိုးသားရေးအ ဖွဲ့(PNI)၏ အထွေထွေအတွင်း ရေးမှူး မူစတာဖာဘာဂူတီက ပြောကြားသည်။

‘‘ရှေ့လာမယ့် သီတင်းပတ် သုံး၊ လေးပတ်က အလွန်အရေး ကြီးပါတယ်။ ဘာဖြစ်လို့လဲဆို တော့ သဘောတူညီချက်မှာပါတဲ့ အချက်အလက်တွေကို အကောင် အထည်ဖော်ရမယ့် ကာလဖြစ်လို့ ပါပဲ။ ဟားမားစ်နဲ့ ဖာတာအဖွဲ့ တွေသာမကဘဲ ပါလက်စတိုင်း အရေး လှုပ်ရှားတဲ့ အဖွဲ့အားလုံး က အားလုံးပေါင်းစည်းထားတဲ့ အစိုးရတစ်ရပ်ကို ဆုံးဖြတ်သွားရ ပါမယ်။ နောက်ပိုင်းမှာ ရွေး ကောက်ပွဲကျင်းပမယ့် ရက်ကို ဆုံး ဖြတ်သွားရပါမယ်’’ဟု မူစတာဖာ ဘာဂူတီက ဆက်ပြောသည်။

စီမံကိန်းအတိုင်းအားလုံး စနစ်ကျခဲ့ပါက ပါလက်စတိုင်း သမ္မတမာမွတ်အဘတ်စ်သည် ပြန်လည်ရင်ကြားစေ့ရေး အစီအ စဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ဂါဇာ ဒေသသို့ မကြာမီသွားရောက်မည် ဖြစ်သည်။ ယင်းမှာ ဆယ်စုနှစ် တစ်ခုအတွင်း မစ္စတာအဘတ်စ် ဂါဇာဒေသသို့ ပထမဆုံးခြေချခြင်း ဖြစ်လိမ့်မည်။

ထိုသို့အလည်အပတ်ခရီး သည် ကြီးမားသော အလှည့်အပြောင်း တစ်ခုဖြစ်လိမ့်မည်။ မကြာသေးမီက ပြုလုပ်ခဲ့သော ပါလက် စတိုင်း လူထုစစ်တမ်းတစ်ရပ်တွင် တွေ့ရှိချက်အရ ယေဘုယျအား ဖြင့် ၆၇ ရာခိုင်နှုန်းက အဘတ်စ်ကို နုတ်ထွက်စေလိုကြပြီး ဂါဇာဒေသမှ လူ ၈၀ ရာခိုင်နှုန်းက အဘတ်စ်သမ္မတရာထူးမှ နုတ်ထွက်သည် ကို မြင်လိုသည်ဟု ပြန်ကြားခဲ့ သည်။

သို့သော်ထိုသို့ အဘတ်စ် အပေါ် ထောက်ခံမှု ကျဆင်းနေ ခြင်းကပင် နှစ်ဖက်ပြန်လည်ရင် ကြားစေ့ရေး အောင်မြင်ရန် အခွင့် အလမ်းပိုများလာစေသည်ဟု အချို့လေ့လာဆန်းစစ်သူများက ယုံကြည်နေကြသည်။

အသက် (၈၂)နှစ်ရှိပြီဖြစ် သော အဘတ်စ်သည် နိုင်ငံရေး အမွေချန်ရစ်ရန် စိတ်ကူးနေနိုင်ပြီး သူ့အတွက် ဆုံးရှုံးစရာလည်း မရှိ ပေ။

ထို့အတူပင် မွတ်စလင်ဘရာ သားဟုဒ်အဖွဲ့၏ အတွေးအခေါ် ကို အခြေခံ၍ ဖွဲ့စည်းခဲ့သော ဟာားမားစ်အဖွဲ့ကလည်း ဒေသ တွင်း၌ မကြာမီအဖြစ်အပျက် များတွင် သမိုင်းကြောင်းမကောင်း နိုင်သည့်ဘက်သို့ ရောက်သွားခဲ့ သည်။ ပိုမို၍ အထီးကျန်ဖြစ်ခြင်း နှင့်လည်း ရင်ဆိုင်နေခဲ့ရသဖြင် ကိုင်ရိုကို ချဉ်းကပ်အကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း ဂါဇာ ဒေသနှင့် ထိစပ်နေပြီး မငြိမ်မ သက်ဖြစ်နေသော ဆိုင်းနိုင်းဒေသ ၌ လုံခြုံရေးအခြေအနေတိုးတက် လာစေရန် အီဂျစ်ခေါင်းဆောင် များက အလိုရှိသည်။ ထို့အပြင် အာရပ်နွေဦးလှုပ်ရှားမှုကြောင့် မုန်တိုင်းထန်သော နှစ်များကျော် ဖြတ်ခဲ့ပြီးနောက်တွင် အီဂျစ်က လည်း ဒေသတွင်း၌ အင်အားချိန် ခွင်လျှာညှိပေးနိုင်သော နိုင်ငံအ ဖြစ် ၎င်းတို့၏ အခန်းကဏ္ဍကို ပြန် လည်ထူထောင်ရန် ကြိုးစားနေ သည်။                  —Ref:BBC