တနင်္သာရီတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ထားဝယ်ဆန္ဒပြပွဲ ရဲတပ်ဖွဲ့တားဆီး၍ ရုပ်သိမ်း

ထားဝယ်မြို့တွင် တန င်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဝန်ကြီးနှစ်ဦးတို့ နုတ်ထွက်ပေး ရန် လယ်သမားက ဆန္ဒပြတောင်း ဆိုရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့က တားဆီးခဲ့သဖြင့် ရုန်းရင်းဆန်ခတ် မဖြစ်ပွားစေရန် ဆန္ဒပြသူများက ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့သည်။


ထားဝယ်ခရိုင် လယ်သမား သမဂ္ဂက ဦးဆောင်၍ ထားဝယ်မြို့နယ်အတွင်းရှိ လယ်ယာမြေ အငြင်းပွားမှုကြုံနေသော လယ်သမား၁၅၀ ခန့်ကအောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီမှစ၍ မြေယာအရေး ဖြေရှင်းမပေးနိုင်ဟုဆို ကာ ဝန်ကြီးချုပ်၊ တိုင်းစည်ပင် ဝန်ကြီးနှင့် လယ်ဆည်ဝန်ကြီးတို့ကို ဆန္ဒပြခဲ့သည်။ ဆန္ဒပြသူများသည်ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ် ကွက် ကူးတို့ဟောင်းလမ်းမှစ၍ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး ကမြောကင်းလမ်းဆုံသို့ အရောက်တွင် ရဲတပ်ဖွဲ့ဝင်အင် အား ၁၀၀ ခန့်က ဆိုင်းဘုတ်ပါ တောင်းဆိုချက်များသည် ငြိမ်းစုစီ ဥပဒေနှင့်မညီဟုဆိုကာတားဆီး ခဲ့ကြောင်း ထားဝယ်ခရိုင်လယ်သ မားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီထွေးက ပြောကြား သည်။

ထို့ကြောင့် မူလကမြို့ပတ် ဆန္ဒပြရန် စီစဉ်ထားမှုမှာ တားဆီး ခံရသည့် နေရာမှာပင် နံနက် ၉နာရီတွင် ရုပ်သိမ်းခဲ့သည်။

ဝန်ကြီးချုပ် ဒေါက်တာ  လဲ့လဲ့မော်က ပြောကြားခဲ့ပြီး၊ တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သော ‘ကျွန်မတို့ တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ကတော့ အစိုးရမ လုပ်တတ်ပါဘူး’ စာသားပါသော ဆိုင်းဘုတ်အပါအဝင် ‘အစိုးရလုပ်တတ်သူများကိုသာ အလိုရှိတယ်’၊‘အစိုးရမလုပ်တတ်သော ဝန်ကြီးချုပ်နုတ်ထွက်ပေး’၊ ‘မြေယာအ ရေးဖြေရှင်းပေး၊ မရှင်းနိုင်က တိုင်းလယ်ဆည်ဝန်ကြီး နုတ်ထွက်ပေး’၊‘ဥပဒေမဲ့ သိမ်းဆည်းမြေယာပေါ် တွင် ဥပဒေမဲ့ဆောက်လုပ်ခွင့် ပေးသော စည်ပင်ဝန်ကြီးနုတ်ထွက် ပေး’ စသော ဆိုင်းဘုတ်များကိုင် ဆောင်၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က ဆိုင်းဘုတ်ပါ ၀န်ကြီးချုပ်နှင့် ၀န်ကြီးနှစ်ဦး နုတ်ထွက်ပေးရန် စာသားပါ ဆိုင်းဘုတ်များ မပါဘဲ စီတန်းလှည့်လည် ဆန္ဒပြနိုင်ကြောင်း ညှိနှိုင်းသော်လည်း ဆန္ဒပြသူများဘက်က လက်မခံသဖြင့် တားဆီးခံရသည့်နေရာမှာ ပင် ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

‘‘မနက် ၉ နာရီမှာ ဖျက် သိမ်းပေးလိုက်တယ်။ သူတို့က တားထားတယ်။ ကျွန်မတို့က ဆက်သွားမယ်ဆိုရင် ရုန်းရင်းဆန် ခတ် ဖြစ်လာနိုင်တယ်။ ကျွန်မတို့ ကဒေသ တည်ငြိမ်အေးချမ်းရေး ကို လိုလားတာဖြစ်တဲ့အတွက် ကျွန်မတို့ အဲဒီနေရာမှာပဲ ရုပ် သိမ်းပေးလိုက်တယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိ အစိုးရလက်ထက် တွင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်း သိန်းနှင့် သစ်တောဝန်ကြီး နုတ် ထွက်ပေးရန် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး နောက် ယခုတနင်္သာရီတိုင်းဝန် ကြီးချုပ်နုတ်ထွက်ရန် ဆန္ဒပြခံရ ခြင်းသည် ဒုတိယမြောက်ဖြစ် သည်။

အဆိုပါ ဆိုင်းဘုတ်များကိုင် ဆောင်၍ ဆန္ဒထုတ်ဖော်ခြင်း သည် ငြိမ်းချမ်းစွာစီတန်း လှည့် လည်ခွင့် ဥပဒေနှင့်ဆန့်ကျင်သော ကြောင့် စီတန်းလှည့်လည်ခြင်း ခွင့်မပြုခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီး နေမျိုးက ပြောသည်။

‘‘မြေယာကိစ္စ မပြောဘဲနဲ့ ဝန်ကြီးချုပ်နုတ်ထွက်ပေးတို့၊ ဘာ တို့က အစိုးရကိုထိခိုက်နေတယ်။ အစိုးရကို စော်ကားသလိုဖြစ်နေ တယ်။ ဒါကြောင့် ဒါတွေဖြုတ် လိုက်၊ မြေယာကိစ္စဆို မြေယာ ကိစ္စပဲပြော။ အစိုးရအဖွဲ့နုတ် ထွက်ပေးတို့ ဘာတို့သူတို့ပြော စရာမလိုဘူး။ ရဲတပ်ဖွဲ့ကတော့ ဥပဒေအရပဲ ပြောတယ်။ အဲဒါ ပဲ’’ ဟု ၎င်းက ဆန္ဒထုတ်ဖော်မှုကို တားဆီးခြင်းနှင့် ပတ်သက်၍ရှင်း ပြသည်။

ယခင်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ထားဝယ်မြို့ပြစီမံ ကိန်းအတွက် လယ်ယာမြေသိမ်း ဆည်းရာတွင် ပါဝင်သော လယ် သမား ၇၀ ဦးအနက် ၆၃ ဦးကို နစ်နာကြေးအဖြစ် မြေကွက်များ ပြန်လည်ချထားပေးခဲ့ပြီး မြေ ကွက်လက်ခံရယူခြင်း မရှိသည့် လယ်သမား ခုနစ်ဦးအတွက် နစ်နာကြေးအဖြစ် မြေကွက်များ ပေးအပ်ရန် စီစဉ်ထားရှိပြီးဖြစ် ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့က အောက်တိုဘာ ၁၇ ရက် ၌ သတင်းထုတ်ပြန်သည်။

သို့သော် မြေကွက်ရယူခြင်း မရှိသေးသည့် မူလအမည်ပေါက် တောင်သူ ခုနစ်ဦးနှင့် လက်ရှိတင် ပြ တောင်းဆိုနေသော တောင်သူ အမည်များ ကွဲလွဲမှုရှိပြီး မူလအ မည်ပေါက် တောင်သူများထံမှ အဆင့်ဆင့် လွှဲပြောင်းရယူထား သောကြောင့် အမည်ကွဲလွဲမှုများ နှင့် တင်ပြသည့် တောင်သူအရေ အတွက်များပြားနေကြောင်း ဖော် ပြထားသည်။

လက်ရှိတိုင်းဒေသကြီးအစိုး ရအနေဖြင့် မြေကွက်ရယူခြင်းမရှိ သည့် ခုနစ်ဦးက မြေကွက်ရယူ မည်ဆိုပါက အချိန်မရွေးပေးအပ် မည်ဖြစ်ပြီး မူလအမည်ပေါက် တောင်သူ မရှိတော့လျှင် ၎င်း၏ အ ကျိုးခံစားခွင့် ရှိသူများက သက် သေအထောက်အထားခိုင်မာစွာ တင်ပြလာပါက စိစစ်ဆောင်ရွက် မည်ဖြစ်ကြောင်း အကြိမ်ကြိမ် ရှင်းလင်း အသိပေးထားပြီးဖြစ် ကြောင်း ထုတ်ပြန်သည်။

More in News Section

Top News