ရေတာရှည်တွင် ကျေးရွာ ၂၁ ရွာနေ လူဦးရေ တစ်သောင်းသုံးထောင်ကျော် ရေဘေးရင်ဆိုင်ရ

စစ်တောင်းမြစ်ရေ မြင့် တက်နေချိန်တွင် နေရာကွက် မိုး ကြီးခဲ့၍ ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၂၁ ရွာ၌ လူဦးရေ တစ်သောင်းသုံးထောင်ကျော် ရေဘေးရင်ဆိုင်နေရကြောင်း ပဲခူးတိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူးက ပြောသည်။

ပဲခူးတိုင်းဒေသကြီး ရေတာ ရှည်မြို့နယ်ရှိ ကျေးရွာ ၂၁ ရွာတွင်ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရပြီးအောက်တိုဘာ ၁၈ ရက်စာရင်း အရ လူဦးရေစုစုပေါင်း ၁၁,၃၆၄ ဦးသည် နီးစပ်ရာ ဘုန်းကြီး ကျောင်းများ၌ ခိုလှုံနေရသည်။

 ‘‘စစ်တောင်းမြစ်ရေက လည်း တက်လာတာရယ်၊ မိုးရွာ လို့ ရေများတာရယ်ကြောင့် ရေ တာရှည်က ကျေးရွာ ၂၁ ရွာမှာ ရေဝင်တာပါ။ ခုနစ်ရက်စာ ဆန် ရိက္ခာတွေ ထောက်ပံ့ပေးထားပါ တယ်’’ ဟု ပဲခူးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဘင်္ဂလား ပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းစ တင်ဖြစ်ပေါ်သည့် အောက်တို ဘာ ၁၀ ရက်ခန့်ကစတင်ကာ ပဲခူး တိုင်းဒေသကြီးအပါအဝင် ပတ်ဝန်းကျင်ဒေသများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တောင်းမြစ်ရေတက်လာကာ တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် ငါးရက်ခန့် မြင့်တက်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်း ရပ်ဝန်းသည် အောက်တိုဘာ ၁၈ ရက်က စတင်ကာ မုန်တိုင်းငယ်ဖြစ်လာခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့၌ နေရာကွက်မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။