မြန်မာဝတ်စုံတွေ ဆက်တိုက်ဝတ်ဖြစ်နေတဲ့ ရွှေမှုံရတီ

ဓာတ်ပုံ-Ko Nay Min Tun (Amazing Grace)

ယခုရက်ပိုင်း မြန်မာဝတ် စုံများ ဆက်တိုက်ဝတ်ဖြစ်နေ သော သရုပ်ဆောင် ရွှေမှုံရတီ၏ ဓာတ်ပုံများ လူမှုကွန်ရက်စာမျက် နှာတွင် ပျံ့နှံ့နေပြီး မြန်မာဖက်ရှင် များကို ပရိသတ်အများစုက နှစ်ခြိုက်သဘောကျသဖြင့်   ကျေးဇူး တင်ကြောင်း ရွှေမှုံရတီက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ကျင်းပ သည့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ၊ ဆီဒိုးနားဟိုတယ်၌     ရိုက်ကူး ထားသော မင်္ဂလာဆောင်ပွဲတက် ဖက်ရှင်ပုံများနှင့်  ‘ဝေးမနေချင်ဘူး’ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲတို့ တွင် ရွှေမှုံရတီဝတ်ဆင်ထားသည့် မြန်မာဖက်ရှင်များကို ပရိသတ် များက နှစ်ခြိုက်အားပေးနေ သည်။

 ‘‘မြန်မာဝတ်စုံကို သိပ်မဝတ်ဖြစ်ဘူး။ ညီမခန္ဓာကိုယ်က သိပ် မလှတော့ မြန်မာဝတ်စုံဝတ်ရတာ သိပ်မလိုက်ဘူးလို့ ထင်တယ်။ မြန်မာဝတ်စုံဝတ်ထားရင် ကိုယ့် ကိုယ်ကိုယ်လည်း ယုံကြည်မှုမရှိ ဘူး။ မြန်မာဝတ်စုံနဲ့ လိုက်ဖက် တယ်ပြောကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်ရှင့်။ ညီမတို့ ကကျတော့ နေရာဒေသနဲ့ လိုက်ပြီး ဝတ်ရတာဆိုတော့၊ မင်္ဂလာ ဆောင်ဆိုတော့ မင်္ဂလာဆောင် လိုဝတ်ရတယ်။ လူကြီးတွေနဲ့သွား တော့ လူကြီးတွေလို၊ လူငယ်တွေ

နဲ့သွားတော့ လူငယ်တွေလို ဝတ်ရတယ်။ ဒါကတော့ ညီမတို့မှ မဟုတ်ပါဘူး။ သာမန်အပြင်က မိန်းက လေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ၊ သူ့ဟာနဲ့သူ တော့ လိုက်လျောညီထွေဖြစ် အောင် ဝတ်ကြတာပါပဲ’’၎င်းက ပြောသည်။

အသက်ငယ်သူ ဖြစ်သော ကြောင့် ပြောင်းလဲနေသည့် ဖက် ရှင် Trend နောက်လိုက်ဖြစ်သည် ဟုဆိုသည်။

Triple Six ထုတ်လုပ်ရေးက ပထမဆုံးရိုက်ကူးမည့် ‘ဝေးမနေ ချင်ဘူး’ ရုပ်ရှင်ဇာတ်ကားကို လူမင်း၊ နေမင်းတို့နှင့်အတူ ပါဝင် သရုပ်ဆောင်ရန်ရှိပြီး တစ်ခါမျှ မလုပ်ဖူးသေးသည့် ဇာတ်ရုပ်ကို သရုပ်ဆောင်ရမည်ဟုဆိုသည်။

‘‘ဒရာမာလေးပါပဲ။ ကာရိုက် တာလေးကတော့ ကေတီဗီမှာ အလုပ်လုပ်တဲ့ကောင်မလေးတစ် ယောက်ရဲ့ ကာရိုက်တာပါ။ ပိုက် ဆံမရှိ ဆင်းရဲသားကာရိုက်တာ လေးပါ။ မေတ္တာနဲ့အချစ်နဲ့ပေါ့။ သူငယ်ချင်းမေတ္တာရယ်၊ ချစ်ခြင်း မေတ္တာရယ်နှစ်ခုကို ဖော်ကျူးထား တာပေါ့’’ဟု ၎င်းက ပြောသည်။

တန်ဆောင်တိုင်တွင် ခရီး သွားရန် အစီအစဉ်မရှိသော ကြောင့် အလုပ်လုပ်ခြင်းဖြင့် ဖြတ် သန်းမည်ဟု ရွှေမှုံရတီက ပြော သည်။