အားလပ်ရက်မှာဖတ်စရာ

ဒေါက်တာ အောင်ကြီးရဲ့ စာအုပ်သစ်
ဓာတ်ပုံ− နစ်ကီ

‘ခရီးတစ်ခု ရက်ရှည်အတူတူ သွားရတာ မိသားစုတစ်စု၊ အဖွဲ့ အစည်းတစ်ခု၊ ပါတီတစ်ခု စတည်စဖွဲ့စည်းကာစနှင့် တူပါ သည်။ တစ်ဦး တစ်ဦးမသိသည့် မရင်းချာသည့် လူစိမ်းတွေ နောင် မှ တဖြည်းဖြည်းရင်းနှီးခင်မင်လာ သလိုမျိုး။ တစ်သွေးတည်း တစ် သားတည်းဖြစ်လာရသလိုမျိုး။ ဒီ အတွက် အချိန်လိုပါသည်။ သန့် ရှင်းသော မတောင်းဆိုသော ချစ် ခြင်းလိုပါသည်။ အကျိုးတူ ၀ါသ နာတူ လုပ်ငန်းဖြစ်ဖို့ လိုပါသည်။ ထို့အပြင် မိမိတို့အဖွဲ့ဝင်တစ်ဦး ဦး၏ ဒုက္ခဝေဒနာကို မိမိကိုယ်ပိုင် ဒုက္ခဝေဒနာကဲ့သို့ မှတ်ယူတတ်ဖို့ လိုပါသည်။

ဘ၀တူ လူသားတွေကို အ လွယ်တကူ သွေးစည်းစေသည့် ဖြစ်ရပ်ကို ပြပါဆိုလျှင် ဒုက္ခဆင်း ရဲတစ်ခုခုခံစားနေရတဲ့ သက်ရှိလူ သားတစ်ဦးဦးကို ပြလိုက်ရုံပါပဲ။ လူသားတိုင်းလိုလို ဒုက္ခဆင်းရဲကြုံ ဖူးပါသည်။ အသက်ကြီးတဲ့လူ၊ အသက်ငယ်တဲ့လူ။ အသားဖြူတဲ့ လူ၊ အသားလတ်တဲ့လူ၊ အသား မည်းတဲ့လူ။ အာရှလူ၊ အာဖရိက လူ၊ ဥရောပလူ၊ အမေရိကလူ။ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ ဘာသာ။ ဒိုတီဝတ်တဲ့လူ၊ ပုဆိုး ၀တ်တဲ့လူ၊ ဘောင်းဘီဝတ်တဲ့လူ၊ နံငယ်ပိုင်းနဲ့လူ။ ဒုက္ခအောက်မှာ အားလုံးဟာ အတူတူဖြစ်သွားခဲ့။ ဒုက္ခဆိုသဟာ ဘယ်သူတစ်ဦးတစ်ယောက်မှ မောင်ပိုင်စီးလို့မရတဲ့အရာ’ ဆိုတဲ့ စာကတော့ စာရေးဆရာဒေါက်တာအောင်ကြီး ရဲ့ မိတ်ဆွေတစ်စုနှင့် ခရီးသွားခြင်း ဆောင်းပါးထဲက စာသားတချို့ဖြစ်ပါတယ်။

ယခုတစ်ပတ် အားလပ်ရက်မှာ ဖတ်စရာအဖြစ် ပြည်သူ့အရေး ဂျာနယ်မှာ ဒေါက်တာအောင်ကြီး ၂၀၁၄၊ ၂၀၁၅ အတွင်း ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းကာ ကဗျာလူ စာလူ အရပ်ဝတ် အင်္ကျီနဲ့လူ အမည်နဲ့ ထုတ်ဝေလာတဲ့ စာအုပ်ကို ညွှန်းချင်ပါတယ်။ သင်္ကြန်လူ ခြင်ထောင်လူ လေယာဉ်လူ စာအုပ်နဲ့ထင်ရှားလာတဲ့ ဒေါက်တာအောင်ကြီးဟာ နိုင်ငံ့ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ပြီး ချင်းပြည်နယ် ဖလမ်းပြည်သူ့ဆေးရုံ၊ မန္တလေးခုတင် ၃၀၀ သင်ကြားရေးဆေးရုံနဲ့ မန္တလေးဆေးတက္ကသိုလ် ဆေးပညာဌာန ပါမောက္ခဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ လုပ်ငန်းတာဝန်တစ်ဖက်နဲ့ စာနယ်ဇင်းတွေမှာ ၂၀၀၀ ပြည့်နှစ်လွန်ကတည်းက စာတွေရေးခဲ့ရာကနေ ထင်ရှားတဲ့စာရေးဆရာပညာရှင် ဖြစ်လာပါတယ်။ သူ့ရဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ အစိမ်းရောင်လူ အပြာရောင်လူ အဖြူရောင်လူ ကနေ ယခုစာအုပ် အပါအ၀င် စုစုပေါင်း စာအုပ် ခုနစ်အုပ် ထုတ်ဝေပြီးဖြစ်ပါတယ်။ ပညာ ရှင်စာရေးဆရာတစ်ယောက်ပီပီ ဒေါက်တာအောင်ကြီးရဲ့ ဆောင်း ပါးတွေဖတ်ရတဲ့အခါ ဖတ်မိသူ မုချအကျိုးရှိစေမယ့် စာအုပ်မျိုးပါ။

ယခုစာအုပ်မှာ စုစုပေါင်း ဆောင်းပါး ၃၈ ပုဒ်ပါဝင်သလို အ ကြောင်းအရာအရလည်း သောင်း ပြောင်းထွေလာ ဖတ်ရပါမယ်။ နိုင်ငံတကာ စီးပွားရေးလုပ်ငန်း ကြီးတွေရဲ့ ရပ်တည်မှုကနေကိုယ် တွေ့နဲ့ယှဉ်တဲ့ ဆောင်းပါးတွေ အလယ် ပြည်တွင်း၊ ပြည်ပကဗျာ လေးတွေနဲ့ ချိတ်ဆက်ပြီးဘ၀အ မောပြေစေမယ့် စာတွေလည်း ဖတ်ရပါမယ်။ အထူးသဖြင့် အသိ ပညာ၊ အတတ်ပညာဝမ်းစာပြည့် သူတစ်ယောက်ရဲ့ စာတွေဖြစ်လို့ ဘာအကြောင်းအရာ ရေးရေး ဖတ်ကောင်းနေတာသတိပြုမိပါ တယ်။

ဒါကြောင့် ဒီတစ်ပတ်အား လပ်ရက်မှာ အပျင်းလည်းပြေ၊ သုတ,ရသ ခံစားချက်လည်း ပြည့် ၀စေမယ့် ယခုစာအုပ်ကိုရည်ညွှန်း လိုက်ပါတယ်။ စာအုပ်ကို စာပေ လောက စာအုပ်တိုက်က တန်ဖိုး ၃,၀၀၀  ကျပ်နဲ့ထုတ်ဝေထားပါ တယ်။