အခမဲ့ဖျော်ဖြေပွဲတွေရှိတဲ့နေရာ

-အားလပ်ရက်မှာ အပန်းဖြေ ဥယျာဉ်တွေသွားပြီး အပန်းဖြေလို သူတွေအတွက် အခမဲ့ဖျော်ဖြေ ရေး အစီအစဉ်တွေ ရှိတဲ့နေရာ တွေကို စုစည်းဖော်ပြလိုက်ပါ တယ်။

 ပြည်သူ့ဥယျာဉ်မှာတော့ ရာသီဥတုအခြေအနေပေါ် မူ တည်ပြီး ညနေတိုင်း ရေပန်းရုပ်ရှင်ကို ပြသပြီး စနေနေ့ မြန်မာ့ရိုးရာ အကတင်ဆက်မှု အစီအစဉ်တွေနဲ့ ဖျော်ဖြေပါမယ်။

ဓမ္မစေတီလမ်း ၀င်ပေါက် အနီးရှိတဲ့ ဧရိယာမှာလည်း စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး ပေါက္ကံ ညဈေးကို ပြုလုပ်မှာဖြစ်ပါတယ်။

Myanmar Culture Vallery မှာ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး BKK Market ကို ပြုလုပ်မှာ ဖြစ်တယ်။

ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းက တော့ စနေ၊ တနင်္ဂနွေ အားလပ် ရက် မျက်လှည့်တင်ဆက်မှုတွေ၊ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နံနက် ၁၁ နာရီကနေစပြီး အခမဲ့ဖျော်ဖြေပေးမှာဖြစ်ပါတယ်။

-အပန်းဖြေဥယျာဉ်တွေကို မသွားဘဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့သူတွေအတွက် ပရိုမိုး ရှင်းပွဲလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

တပ်မတော်ခန်းမမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက် စလုံး ‘Yangon Lifestyle 2017’ ကို ပြုလုပ်မှာဖြစ်တယ်။

မြန်မာ ပလာဇာမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ် ရက်စလုံး Ford ကား အထူးဈေး ရောင်းပွဲကို ပြုလုပ်မှာဖြစ်တယ်။

ပြည်လမ်း စိန်ဂေဟာက တော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး KANGAROO လျှပ် စစ်ပစ္စည်း အထူးဈေးရောင်းပွဲ ပြုလုပ်မှာဖြစ်တယ်။

စီးတီးမတ်တွေမှာတော့ ဒီ တစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက် စလုံး ‘ခေတ်မီ မီးဖိုဆောင်သုံး ပစ္စည်း ဈေးရောင်းပွဲ’ ကို ပြုလုပ် မှာဖြစ်တယ်။

Gallery 65 မှာတော့ ဒီတစ် ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး Voices of 21 Women for Peace-Art Exhibition ကို ပြု လုပ်မှာဖြစ်ပါတယ်။

 တိရစ္ဆာန်ဥယျာဉ်မှာတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ဆင် ကြီးမိုမိုရဲ့ (၆၄)နှစ်ပြည့် မွေးနေ့ပွဲ နဲ့အတူ ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွေ ကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။