ဒီချုပ်ခေါင်းဆောင်များနှင့် ဝါရင့်နိုင်ငံရေး အစဉ်အလာရှိသူများအား ကန်တော့ပွဲ ပါတီရုံးချုပ်တွင် ပြုလုပ်

ဒီချုပ်ရုံးချုပ်တွင် ပြုလုပ်သည့် ၀ါကျွတ်ကန်တော့ပွဲကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ခေါင်းဆောင်များနှင့် နိုင်ငံ ရေးဝါရင့်အစဉ်အလာရှိသူများ အား ဝါကျွတ်ကာလ ကန်တော့ သည့် အခမ်းအနားကို ရွှေဂုံတိုင်NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ဝါကျွတ်ကန်တော့ပွဲ သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန် ကြီး နော်ပန်းသဉ္ဇာမျိုး၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌတို့ တက်ရောက်ဂါရဝ ပြုခဲ့သည်။

ယင်းအခမ်းအနားတွင် ကန် တော့ခံပုဂ္ဂိုလ်များအဖြစ် နာယက သူရဦးတင်ဦးအပါအဝင် အဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေး ခေါင်းဆောင်များ၊ အစဉ်အလာရှိ ခေါင်းဆောင်များလည်း တက် ရောက်ကန်တော့ခံခဲ့သည်။

ဒီချုပ်၏ ကန်တော့ခံပုဂ္ဂိုလ် များဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ သခင်ချန်ထွန်း၊ဦးလှဖေ၊ ဦးအုန်းမောင်၊ ဦးနိုင်သောင်းညွန့်၊ ဦးအုန်းကြိုင်၊ ဦးကျော်ခင်၊ ဦးအောင်သိန်း၊ ဦးသိန်းတန်၊ ဦးဉာဏ်ဝင်း၊ဦးလှမင်း၊ ဒေါ်စန်းနွဲ့တို့ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်း ထိန်နှင့် နိုင်သောင်းညွန့်တို့သည်မအားလပ်သောကြောင့် မလာရောက်နိုင်ခြင်းဖြစ်ကြောင်း ဒီချုပ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးလှသိန်းက ပြောကြား သည်။

ယင်းအခမ်းအနားတွင် အ သက် (၉၈)နှစ်ရှိပြီဖြစ်သည့် ဝါရင့် နိုင်ငံရေးခေါင်းဆောင် သခင်ချန် ထွန်းနှင့် အဖွဲ့ချုပ်ခေါင်းဆောင် ဦးအောင်သိန်းတို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ အား ဆုမွန်ကောင်းများပေးခဲ့ သည်။

‘‘ဒီပွဲကတော့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က နှစ်စဉ် ဆောင်ရွက်နေတဲ့ အစီအစဉ်လေးဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကွယ်လွန်သွားတဲ့ ဦးအောင်ရွှေ၊ ဦးကျော်ခိုင်တို့ မပါဝင်တော့ပါ ဘူး’’ဟု ၎င်းက ပြောသည်။

ကန်တော့ခံပုဂ္ဂိုလ်တစ်ဦး လျှင် ကျပ်တစ်သိန်းခွဲစီ၊ အိတ် ၁၄ လုံး၊ အမျိုးသားဝတ်စုံ၊ အမျိုးသမီးဝတ်စုံတို့ဖြင့် ဒီချုပ်ပါတီဝင်များ၏ စုပေါင်းထည့်ဝင်ငွေများဖြင့် ပေး အပ်ကန်တော့ခဲ့သည်။