နှုတ်ခမ်းနီအသစ်တစ်မျိုး ထပ်မိတ်ဆက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

 စိုင်းစိုင်းခမ်းလှိုင်၏ စီးပွားရေးလုပ်ငန်းဖြစ်သော SAI Cosmetix က နှုတ်ခမ်းနီအသစ် တစ်မျိုး မိတ်ဆက်ပွဲအခမ်းအနား ကို Sule Shangri-La ဟိုတယ် တွင် အောက်တိုဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည်။

‘‘SAI Cosmetix တစ်နှစ် ပြည့်အမှတ်တရအတွက် Productအသစ်ထုတ်လုပ်မယ်လို့ ရည် ရွယ်ခဲ့တယ်။ ကျွန်တော် အခုမိတ် ဆက်မယ့် Product က နှုတ်ခမ်း နီပါပဲ။ နှုတ်ခမ်းနီနဲ့ စတင်ခဲ့တဲ့ SAI Cosmetix မှာ နှုတ်ခမ်းနီပဲ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှာ ဖြစ် ပါတယ်။ မူလပထမတုန်းက Sexy & Intelligent Soft Matte Liquid Cream ကို စတင်ဖြန့်ဖြူး ခဲ့ပါတယ်။ Soft Matte အမျိုးအ စားဖြစ်တဲ့အတွက် အကြာကြီးမခံ ဘူး။ အဲဒါကြောင့် အကြာကြီးခံတဲ့ Ultra Matte လုပ်ပေးလို့မရဘူး လားလို့ ပရိသတ်တွေက တောင်း ဆိုခဲ့ကြတဲ့အတွက်ပါ’’ဟု အဆို တော် သရုပ်ဆောင် စိုင်းစိုင်းခမ်း လှိုင်က ပြောသည်။

Pure Luv, Touch me, Honey Moon နှင့် Kiss in the dark ဟုပေးထားသော  နှုတ်ခမ်းနီအသစ်လေးရောင်နှင့် SAI Softtouch makeup sponge ကိုလာမည့် အောက်တိုဘာ ၂၉ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်သည်။

‘‘အောက်တိုဘာ ၂၉ ရက် မှာ ကုန်ပစ္စည်းဖြန့်ချိတဲ့အထိမ်းအ မှတ်ရော၊ တစ်နှစ်ပြည့်အထိမ်းအ မှတ်ရော ဒါတွေကို အကြောင်းပြ ပြီးတော့ မဆုံရတာကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ ပရိသတ်နဲ့ တွေ့ဆုံ ပွဲလေး Fan Meeting လုပ်ပါ မယ်။ အဲဒါကိုလည်း လုပ်နေကျ အတိုင်း အောက်တိုဘာ ၂၉ ရက် Junction Square မှာ နေ့လယ် ၁ နာရီမှာ Fan တွေနဲ့ ရင်းရင်းနှီး နှီးတွေ့ဆုံပါမယ်။ ဈေးရောင်းပွဲ မဟုတ်ပါဘူး။ ဒါပေမဲ့ လာဝယ် လို့လည်းရတယ်။ အဲဒီနေ့က Fan Meeting ဖြစ်တယ်။ တွေ့ကြ၊ ဆုံ ကြမယ်။ သီချင်းတွေဆိုကြမယ်။ Game တွေဆော့ကြမယ်’’ဟု ၎င်းက ပြောသည်။