ဘောလုံးအားကစား အငွေ့အသက်တွေ ခံစားနိုင်မယ့် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ Soccer House Cafe'

ဓာတ်ပုံ−ကျော်ဇင်သန်း

အဆိုတော် လင်းလင်း နှင့် ချစ်သုဝေတို့၏ သုံးဆိုင် မြောက်ဖြစ်သည့် Soccer House  Cafe' ဆိုင်ဖွင့်ပွဲကို အောက်တို ဘာ ၂၁ ရက်က အဆိုပါဆိုင် တည်ရှိရာ သုဝဏ္ဏအမျိုးသား ဘောလုံးအကယ်ဒမီဝင်းရှိ မြက်ခင်းတု ဘောလုံးကွင်းအနီး၌ ပြုလုပ်ခဲ့သည်။

အဆိုပါဆိုင်၌ ဘောလုံး အားကစားနှင့်ပတ်သက်သည့် Theme (အနှစ်သာရ)ကို ခံစားနိုင်ပြီး တစ်ဆိုင်လုံး၏ ပြင်ဆင်မှု အပိုင်းနှင့်ပတ်သက်၍ အဆိုတော်လင်းလင်း၏ စိတ်ကူးဖြင့် ဖန်တီး ထားခြင်းဖြစ်သည်။

‘‘Decoration (အပြင်အ ဆင်) ကျတော့ အစ်ကိုက တခြား နေရာထက် ဘောလုံးကွင်းဘေး နေရာဖြစ်တော့ အစ်ကိုကိုယ်တိုင် လည်း ဘောလုံးဝါသနာပါတဲ့အ တွက် ဒီဆိုင်ဖွင့်ဖြစ်မယ့်အချိန်မှာ သေချာစဉ်းစားစိတ်ကူးပြီး အဓိကက ၁၉၅၀၊ ၁၉၆၀၊ ၁၉၇၀ ဝန်း ကျင်က အစ်ကိုတို့ရဲ့ နိုင်ငံ့ဂုဏ် ဆောင် ရွှေခေတ်ဘောလုံးသမား ဟောင်းကြီးတွေရဲ့ ပုံရိပ်တွေနဲ့ ဆိုင်ရဲ့ Theme ကို ဖွင့်ချင်တဲ့အ တွက် အဲဒီပုံတွေကို သူငယ်ချင်း တွေဆီ၊ ဆရာသမားတွေဆီကစု ပြီး Decoration ဆင်လိုက်တာ ပါ’’ဟု အဆိုတော် လင်းလင်းက ပြောသည်။ နံနက်စာအစုံအလင်နှင့် တရုတ်အစားအစာ၊ ယိုးဒယား အစားအစာအပြင် မန္တလေးမုန့် တီ၊ မုန့်ဟင်းခါး၊ လက်ဖက်ရည် အစုံအလင်ကို Soccer House CAFE' ၌ နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ရရှိနိုင်အောင် ပြင်ဆင် ထားသည်။

‘‘ဒီနေရာမှာ ဆိုင်ဖွင့်ဖြစ်တာ က အားကစားဘောလုံးကွင်းလေး ရယ်၊ အားကစားသမားတွေရယ်၊ ကားပါကင်လည်းကျယ်တာရယ်၊ နောက်ပြီး ကိုယ်ကိုယ်တိုင်က ဘောလုံးဝါသနာပါတဲ့အတွက် ဘောလုံးကွင်းဘေးဆိုတော့ ကိုယ်ကိုယ်တိုင် ဘောလုံးကန်ချင်တာ လည်းပါတယ်။ အဲဒါကြောင့်ပဲ ဒီ နေရာကို ရွေးဖြစ်တာပါ’’ဟု ၎င်း က ပြောသည်။

အဆိုတော် လင်းလင်းနှင့် ချစ်သုဝေသည် ဒဂုံတက္ကသိုလ် ကျောင်းဝင်းထဲ၌ The Music ဟု အမည်ရသည့် စားသောက်ဆိုင် တစ်ဆိုင်ဖွင့်လှစ်ထားပြီး မန္တလေးတွင် ကားရေဆေးနှင့် ဆီလိုက်ဆိုင်၊ယခုဖွင့်လှစ်သော Soccer House CafE' အပါအဝင် ဆိုင်သုံးဆိုင်ဖွင့် လှစ်ထားသော်လည်း မန္တလေးရှိ ဆိုင်ကို အဆိုတော် လင်းလင်းက ၎င်း၏ မိဘများကို ကန်တော့သည့် အနေဖြင့် ပေးအပ်ထားသည်ဟုဆိုသည်။ ‘‘အစားအသောက်က ရောင်းတတ်ရင် ကုသိုလ်ရတယ်။ မရောင်းတတ်ရင် ငရဲလေ။ ဈေး နှုန်းကတော့ သင့်တင့်မျှတအောင် လုပ်ထားတယ်။ ဟင်းပွဲအတွက် သုံးတဲ့ဟာမှန်သမျှကို ကျန်းမာ ရေးနဲ့ညီညွတ်တဲ့ဟာ၊ ကျန်းမာ ရေးခွင့်ပြုချက်ရတဲ့ဟာတွေ အ ကုန်သုံးတယ်။ ဆီကအစ ခွင့်ပြု ချက်နဲ့ရတဲ့ ဟာကိုပဲသုံးပါတယ်။ ဈေးနှုန်းကိုလည်း ချထားတယ်။ အဓိကကတော့ စားရင်တန်ရ မယ်’’ဟု လင်းလင်းကပြောသည်။

Soccer House CafE' တွင် ဘီယာနှင့် အရက်များမရောင်း သော်လည်း ပြင်ပမှ ဝယ်ယူလာ လျှင် အဆိုပါဆိုင်အပေါ်ထပ်၌ သောက်သုံးခွင့်ပြုကြောင်း၊ မွေး နေ့ပွဲ၊ တွေ့ဆုံပွဲများအပြင် မီဒီယာပွဲများပါ ကျင်းပနိုင်ရန် စီစဉ်ထား ကြောင်း အဆိုတော် လင်းလင်း က ပြောသည်။

More in News Section