ချစ်သူဂျိုအယ်ယန်အတွက် ချက်ပြုတ်ရတာ နှစ်သက်တဲ့ တေလာဆွစ်ဖ်

 ဗြိတိန်အဆိုတော် တေလာဆွစ်ဖ်သည် သူ၏ချစ်သူ ဗြိတိန်မင်းသား ဂျိုအယ်ယန်အ တွက် ချက်ပြုတ်ရသည်ကို နှစ် သက်ပျော်ရွှင်နေသည်။

အသက် (၂၇) နှစ်အရွယ် တေလာဆွစ်ဖ်နှင့် (၂၆) နှစ်အရွယ် ဂျိုအယ်ယန်တို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြပြီး မီဒီယာများ၏ မြင် ကွင်းမှ ရှောင်ဖယ်ကာ ပျော်ရွှင်နေ ကြောင်း Us Weekly သတင်းဌာန က ဖော်ပြသည်။

‘‘သူတို့နှစ်ယောက်ရဲ့အချစ် ရေးကို သူတို့က လူသိပ်မသိစေ ချင်ပါဘူး။ သူတို့ကသာမန်ချစ်သူ တွေလိုပဲ အပြင်ထွက်ကြတယ်၊ ရုပ်ရှင်အတူကြည့်ကြတယ်။ တေ လာဆွစ်ဖ်က ဂျိုအယ်ယန်အ တွက် ချက်ပြုတ်ကျွေးမွေးရတာ ကို သူသဘောကျတယ်’’ ဟု သတင်းရင်းမြစ်တစ်ခုက ပြော သည်။

၎င်းတို့နှစ်ဦးနှင့်ပတ်သက်၍ မေလက သတင်းနှင့်ဓာတ်ပုံများ စတင် ပေါ်ထွက်ခဲ့သော်လည်း လက်ရှိအချိန်အထိ တေလာ ဆွစ်ဖ်နှင့် ဂျိုအယ်ယန်တို့သည် အချစ်ရေးနှင့် ပတ်သက်၍ တ ရားဝင်မကြေညာသေးပေ။

—Ref:justjared