ထုတ်လုပ်ရေးအသစ်နဲ့ ရုပ်ရှင်ကားကြီးရိုက်မယ့် ဖြိုးငွေစိုး

ဓာတ်ပုံ−နစ်ကီ

Triple Six ထုတ်လုပ် ရေးအသစ်က ရိုက်ကူးမည့် ‘ယော ရောရှိ’ အမည်ရှိ  ရုပ်ရှင်ဇာတ် ကားတွင် သားအဖနှစ်ဦးကြားက ပြိုင်ဆိုင်မှုနှင့် အလွဲအချော်များ ကို ဟာသပုံစံဖြင့် ရိုက်ကူးမည် ဖြစ်ကြောင်း သရုပ်ဆောင် ဖြိုးငွေ စိုးက ပြောသည်။

‘‘ယောရောရှိက ရိုးရိုးဟာသ လေးပါပဲ။ ဟာသကို ဘယ်လိုပုံ ဖော်သွားမလဲဆိုတော့ ဦးညီချပေး တဲ့အတိုင်းကိုပဲ လုပ်သွားမယ်။ အစ်ကို့ထက်ရှေ့က ဝါရင့်တဲ့သ ရုပ်ဆောင်တွေလည်း ပါတော့ သူ တို့လုပ်တဲ့ပုံစံတွေကြည့်ပြီး ကိုယ် တို့က လိုက်ရမှာပေါ့။ ကိုယ်တို့က ဦးဆောင်သွားလို့မှ မရတာ’’ဟု ၎င်းက ပြောသည်။

ယင်းဇာတ်ကားကို ဒါရိုက် တာညီညီထွန်းလွင် ရိုက်ကူးပြီး ကျော်ရဲအောင်၊ ရာဇာနေဝင်း၊ မင်းမော်ကွန်း၊ မေသန်းနု၊ မေ သဉ္ဇာဦး၊ ပိုင်ဖြိုးသုနှင့် ရွှေသမီး တို့ ပါဝင်သရုပ်ဆောင်မည် ဖြစ် သည်။

အဆိုပါဇာတ်ကား မရိုက် ကူးမီ  ဗီဒီယိုဇာတ်ကားနှစ်ကား ရိုက်ကူးရန်စီစဉ်နေပြီး ထုတ်လုပ်ရေးအသစ်နှင့်လက်တွဲရိုက်ကူးရ၍ ဝမ်းသာသည် ဖြိုးငွေစိုးကဆို သည်။

 ‘‘ထုတ်လုပ်ရေးအသစ်နဲ့ ရိုက်ရတာ ကောင်းပါတယ်။ ကြို လည်း ကြိုဆိုပါတယ်။ ပြီးတော့ သူတို့က အင်အားလည်းရှိတယ်။ လုပ်ချင်တဲ့စိတ်လည်း ရှိတယ်။ နောက် အနုပညာလည်း ပါတယ် ဆိုတော့ ကျွန်တော်တို့အတွက် ဝမ်းသာစရာပါ’’ဟု ၎င်းက ပြော သည်။

ဗီဒီယိုခွေများကို ကျပ် ၃၅၀ ဖြင့် ဖြန့်ချိနေခြင်းသည် အပြောင်းအလဲတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင်လည်း အပြောင်းအလဲများ ရှိနေဦးမည်ဟု ၎င်းက ပြောသည်။

‘‘အဓိကက အဲဒီပြောင်းသွား တဲ့အထဲမှာ ကိုယ်ပါ လိုက်ပြီး ပြောင်းနိုင်ဖို့၊ ကိုယ်ပါ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်ဖို့ပဲ အရေးကြီးတာပါ။ ကျပ် ၃၅၀ နဲ့ ဖြန့်တာက လမ်းကြောင်းတစ်ခု ပေါ့။ အဆင်ပြေတယ်။ မပြေဘူး ဆိုတာ ချက်ချင်းမသိနိုင်ဘူး။ နည်း နည်းတော့ စောင့်ကြည့်ရမှာပေါ့။ စောင့်ကြည့်နေတဲ့ ကြားထဲမှာ နည်းနည်းလေး ထိခိုက်မှာပေါ့။ ဝင်ငွေလေး နည်းနည်းပါးပါးထိ ခိုက်ရင် သည်းခံပေးကြပေါ့။ လူ တွေက ကိုယ့်ပိုက်ဆံမှ အထိခိုက်မခံချင်တာ ၊ ကျန်တာတွေ လျှောက်ပြောနေလည်း မထူးပါဘူး’’ဟု ၎င်းက ပြောသည်။