ဥရောပကုန်သည်ကြီးများအသင်း မန္တလေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လာရောက်ဆွေးနွေး

ဥရောပကုန်သည်ကြီးများနှင့် မန္တလေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲကျင်းပနေစဉ် (ဓာတ်ပုံ − နိုင်လင်းအောင်)

ဥရောပနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများ မန္တလေး သို့ လာရောက်ကာ ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်နိုင်ရန် နိုင်ငံပေါင်းနှစ် ဆယ်ကျော်ကို ကိုယ်စားပြု၍ ဖွဲ့ စည်းထားသည့် ဥရောပကုန်သည် ကြီးများအသင်းသည် မန္တလေး စီးပွားရေး လုပ်ငန်းရှင်များနှင့် အောက်တိုဘာ ၂၁ ရက်က ပထမဆုံးအကြိမ် လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

‘‘မန္တလေးဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ စီးပွားရေးစင်တာ တစ်ခုလို ဖြစ်လာပါပြီ။ လက်ရှိ မှာ ဥရောပနိုင်ငံတွေထဲက ပြင် သစ်နဲ့ ဂျာမနီတို့လို ကုန်သည် အသင်းတွေက မန္တလေးမှာ လှုပ် ရှားမှုတွေ ပြုလုပ်နေကြပြီဖြစ်တဲ့ အတွက် ဥရောပကုန်သည်အသင်း အနေနဲ့လည်း ရုံးခွဲတစ်ခု တိုးချဲ့ ဖွင့်လှစ်သွားဖို့ စီစဉ်နေသလို စီး ပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးရေး အတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ဖို့လည်း အစီအစဉ်ရှိပါ တယ်’’ ဟု ဥရောပကုန်သည်ကြီး များအသင်းဥက္ကဋ္ဌ မစ္စတာ David Levrat က ပြောသည်။

ဥရောပကုန်သည်ကြီးများ အသင်းအနေဖြင့် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး စီးပွားရေးမြို့ တော်ဖြစ်သည့် မန္တလေးတွင် ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု များ ဝင်ရောက်လာသော နေရာ တစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေး နွေးပွဲတစ်ခုကို အောက်တိုဘာ ၂၁ ရက်က မန္တလေးဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

‘‘မန္တလေးဟာ တရုတ်နဲ့ အိန္ဒိယကြားမှာရှိပြီး အလွယ် တကူ သွားလို့ရတဲ့ လမ်းပန်းဆက် သွယ်ရေး အခြေအနေတွေရှိနေ တဲ့အတွက် ရင်းနှီးမြှုပ်နှံသူအား လုံးက မန္တလေးကို မျက်စိကျလာ ကြပါတယ်။ လူဦးရေ သိပ်သည်း မှု သိပ်မရှိသေးတဲ့အပြင် စီမံကိန်း တွေ ဖော်ဆောင်ဖို့ လုံလောက်တဲ့ မြေနေရာ အကျယ်အဝန်းတွေ လည်း အများအပြားရှိနေသေးပါ တယ်။ တိုင်းအစိုးရအနေနဲ့လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင် လာလို့ရအောင် ဖန်တီးပေးသွား မှာဖြစ်ပါတယ်’’ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ သို့ မန္တလေးတိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥရောပကုန်သည်ကြီးများအသင်း မှ စီးပွားရေးလုပ်ငန်းရှင်များ၊ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI)မှ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ သည်။

‘‘နေပြည်တော်တို့၊ ရန်ကုန် တို့မှာလည်း ဒီလို Event တွေလုပ် ပြီးသွားပြီ။ မန္တလေးမှာ ဒါမျိုး မလုပ်ရသေးဘူး။ အခုဆိုရင် ပြင် သစ်၊ ဂျာမနီကုန်သည်အသင်း တွေကလည်း ဒီမှာ အရမ်းကို လှုပ်ရှားမှုတွေ လုပ်နေကြပြီဖြစ် ကြတဲ့အတွက် အခုလို ဥရောပ ကုန်သည်အသင်းက လာရောက် တာဖြစ်ပါတယ်’’ဟု ဥရောပကုန် သည်ကြီးများအသင်း အမှုဆောင် ဒါရိုက်တာ Filip Lauwerysen က ပြောသည်။ ယခု တွေ့ဆုံမှုသည် ဥရောပ ကုမ္ပဏီများ မန္တလေးတိုင်း သို့ တိုးချဲ့အခြေချရန် ဆောင်ရွက် မည့် ပဏာမခြေလှမ်းတစ်ခုဖြစ် ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်း များထဲမှ မန္တလေးတွင် လာရောက် လုပ်ကိုင်ရန် ကိုက်ညီမည့် လုပ် ငန်းအမျိုးအစားများကို လေ့လာ ကာ ဆွေးနွေးမှုများ လာရောက်ပြု လုပ်ဦးမည်ဖြစ်ကြောင်း အမှု ဆောင်ဒါရိုက်တာ  Filip Lauwerysen က ပြောသည်။

‘‘ဘယ်လိုလုပ်ငန်းတွေကို ဒီမှာ အခြေချမလဲဆိုတာကို သူတို့ဘက်က လာပြီး လေ့လာတဲ့ သဘောဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး မန္တလေး ဘက်က အရမ်းကြီးလိုအပ်ချက် တွေ ရှိနေသေးတယ်။ ဒီအတွက် ဈေးကွက်မန္တလေးဘက်ကို ရွေ့ လာတာဖြစ်ပါတယ်။ အခုက တော့ ပဏာမလာတဲ့ သဘောပါ။ နောင်ကျရင် ခုထက်ပိုပြီး အင် အားကောင်းကောင်းနဲ့ ထပ်ပြီး လုပ်လာဖို့ရှိပါတယ်’’ဟု မန္တလေး တိုင်း ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းတွဲဖက်အတွင်းရေးမှူး ဦးသက် ထွန်းလင်းက ပြောသည်။