မိုးနှောင်းကောင်းသော်လည်း ရခိုင်ပြည်နယ်တွင် စပါးခင်းများ ပျက်စီးမှုမရှိဟုဆို

ရခိုင်ဒေသ မြို့ နယ်အချို့တွင် မိုးနှောင်းကာလ မိုးကောင်းသော်လည်း စပါးခင်း များ ပျက်စီးမှု မရှိနိုင်ကြောင်း တောင်သူများက ပြောကြားသည်။

အောက်တိုဘာ ဒုတိယပတ် မှစတင်ကာ ဘင်္ဂလားပင်လယ် အော်တွင် ဖြစ်ပေါ်ခဲ့သော မုန် တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ် ရှိ မြို့နယ်အများစုတွင် မိုး သည်းထန်စွာရွာသည်။ သို့သော် တောင်သူများက စပါးစိုက်ချိန်ကို နောက်ဆုတ်ခဲ့သောကြောင့် ထိ ခိုက်မှုမရှိကြောင်း မြောက်ဦးမြို့ နယ် တိမ်ညိုစံပြကျေးရွာမှတောင် သူဦးချမ်းသာက ပြောသည်။

‘‘ဒီနှစ် စပါးစိုက်ရာသီက မိုး များခဲ့တဲ့အတွက် လယ်ကွင်းတွေ မှာ ရေတွေပြည့်လျှံနေတာ ကြောင့် စပါးစိုက်ချိန်ကို တောင် သူတွေ နည်းနည်းနောက်ဆုတ်ခဲ့ ကြတယ်။ အဲဒါကြောင့် အခု စပါး ပင်တွေက အဖူးမထွက်သေးဘူး။ ဒါကြောင့် မိုးရွာရင်လည်း ဘာမှ မဖြစ်ဘူး’’ဟု ၎င်းက ပြောကြားသည်။

၂၀၁၅ နှင့် ၂၀၁၆ တွင် ဇူလိုင်နှင့် သြဂုတ်အတွင်း မိုး များကာ ရေကြီးသဖြင့် ရခိုင် ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ မြောက်ဦးနှင့် မင်းပြား မြို့နယ်တို့မှ စပါးခင်း ၉၀ ရာခိုင် နှုန်းခန့် ပျက်စီးခဲ့သည်။

နှစ်စဉ် မိုးနှောင်းကောင်း တတ်သဖြင့် တောင်ကုတ်မြို့ နယ်မှ စပါးစိုက်တောင်သူများ သည် သက်ငယ်စပါးများကို ဇူ လိုင်လကုန်မှ စတင်စိုက်ပျိုးပြီး သက်ကြီးစပါးများကို စက် တင်ဘာလဆန်းမှ စတင်စိုက် ပျိုးသဖြင့် မိုးကောင်းသော်လည်း အထိအခိုက် မရှိကြောင်း တောင်ကုတ်မြို့ ရွာမကျေးရွာမှ စပါးစိုက်တောင်သူ ဦးခင်ရီက ပြောသည်။

၂၀၁၇ အောက်တိုဘာ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံ မြို့ကြီး ၃၉ မြို့မှ မိုးရေချိန်များ အရ  ပူတာအိုမြို့နှင့် ကျောက်ဖြူ မြို့တို့တွင်သာ မိုးရွာသွန်းမြဲ အောက်လျော့ခဲ့ပြီး ကျန် ၃၇ မြို့ လုံးတွင် ရွာသွန်းမြဲအထက်ကျော် လွန်ခဲ့ကြောင်း၊ အောက်တိုဘာ ဒုတိယပတ်အတွင်း မြို့ကြီး အချို့တွင် မိုးကောင်းခဲ့ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ၎င်း၏ဖေ့စ်ဘွတ်ခ် စာ မျက်နှာတွင် ဖော်ပြထားသည်။