ချောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြုလုပ်

 နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အား ထောက်ခံပွဲကို မကွေး တိုင်း ချောက်မြို့နယ်တွင် အောက်တိုဘာ  ၂၂  ရက်က ပြုလုပ်ခဲ့ သည်။

 ချောက်မြို့ အေးစေတီ ဘုရားကွင်းပြင်တွင် အမျိုးသား ဒီမိုကရေစီ  အဖွဲ့ချုပ်ပါတီနှင့် ရပ်မိရပ်ဖများက  ဦးဆောင်၍ ဖျော်ဖြေရေးနှင့် စာပေဟောပြော ပွဲအစီအစဉ်များဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

‘‘နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ပြည်သူတွေရဲ့ အ သည်းနှလုံးပါပဲ။ ဒါကြောင့် သူ့ကို ဘယ်သူတွေက ဖိအားပေးပေး သူနဲ့အတူ ပြည်သူတွေက တစ် သားတည်းရပ်တည်နေပါတယ် ဆိုတာ ကမ္ဘာကိုပြသတဲ့အနေနဲ့ ဒီပွဲကို လုပ်တာဖြစ်တယ်’’ဟု ဒီချုပ်ပါတီ မကွေးတိုင်းအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးသန်းတင်က ပြောသည်။

အဆိုပါ ထောက်ခံပွဲအခမ်း အနားတွင် တေးဂီတဖျော်ဖြေရေး အစီအစဉ်များအပြင် ဆရာ ညီမင်းညိုနှင့် ဆရာနတ်မှူးတို့၏ စာပေဟောပြောပွဲများ ပြုလုပ်ရာ လူအင်အား ၁,၀၀၀ ခန့် တက်ရောက်ခဲ့သည်။