အာဆင်နယ်ကို ရှုံးပြီးနောက် အဲဗာတန်နည်းပြ ရော်နယ်ကိုးမန်း ဖိအားပိုများလာ

Daily Mail

လန်ဒန်- အဲဗာတန်က အိမ်ကွင်း တွင် အာဆင်နယ်ကို ၅-၂ ဂိုးဖြင့်ရှုံးပြီးနောက် နည်းပြရော်နယ်ကိုးမန်း၏ အလုပ်အကိုင်လုံခြုံမှုမရေမရာဖြစ်လာသည်။

အဲဗာတန်၏ ကိန်းဂဏန်း များက စကားပြောနေသည်။ နောက်ဆုံးငါးပွဲနိုင်ပွဲမရှိဘဲ နောက်ဆုံး ၁၃ ပွဲတွင် နှစ်ပွဲသာ နိုင်ပွဲရှိခဲ့သည်။ အဲဗာတန်သည် ကိုးပွဲကစားခဲ့ရာ ရှစ်မှတ်သာရခဲ့ပြီး သွင်းဂိုးခြောက်ဂိုးသာရှိခဲ့သည်။ အဲဗာတန်၏ ငယ်မွေးခြံပေါက် ရွန်းနေက (၁၆)နှစ်သားအရွယ်က အာဆင်နယ်ကို ဂိုးသွင်းယူခဲ့သလို ယခုပွဲတွင်လည်း အဖွင့်ဂိုးကို ၁၂ မိနစ်၌ သွင်းယူခဲ့သည်။ သို့သော် နာချိုက ပထမပိုင်းမပြီးမီ ချေပခဲ့ပြီး အိုဇေးလ်၊ လာကာဇက်၊ ရမ်ဆေး၊ ဆန်းချက်ဇ်တို့က မိနစ် ၉၀ အထိ ဂိုးများဆက်တိုက် သွင်းယူခဲ့သည်။ အဲဗာတန်၏ ချေပဂိုးတစ်ဂိုးကို ဘာရီအိုမာက ၈၉ မိနစ်တွင် သွင်းယူခဲ့သည်။

အဲဗာတန်မှ အီဒရစ်ဆာဂူရီ ၆၈ မိနစ်တွင် နှစ်ဝါတစ်နီဖြင့် ထွက်ခွာသွားခဲ့ရခြင်းက နည်းပြကိုးမန်းအတွက် အထောက်အကူ မဖြစ်ခဲ့ပေ။ အဲဗာတန်ဘုတ်အဖွဲ့ ၏ ထောက်ခံမှုရရှိထားဆဲဟု ယခင်က ကိုးမန်းက ပြောကြားခဲ့ သော်လည်း ၎င်း၏နေရာတွင် နည်းပြဟောင်း မိုယက်စ် ပြန်ရောက်လာနိုင်သည်ဟု သတင်း ထွက်ပေါ်နေသည်။ ယခုရှုံးပွဲ နှင့်အတူ အဲဗာတန်သည် နံပါတ် (၁၈)နေရာ တန်းဆင်းဇုန်အတွင်း သက်ဆင်းသွားသည်။

ယခုရလဒ်ကို အလွန်စိတ်ပျက်မိသည်ဟု ကိုးမန်းက ပြောကြားပြီး အီဒရစ်ဆာ အနီကတ်ထိချိန်တွင် အလှည့်အပြောင်း စတင်ဖြစ်ခဲ့သည်ဟု ပြောသည်။ ထိုအတောအတွင်း စီးရီးအေပွဲစဉ်များတွင် အေစီမီလန်က ဂျီနိုအာကို အိမ်ကွင်း၌ ဂိုးမရှိ သရေကျခဲ့ပြီး နည်းပြမွန်တဲလား အပေါ် ဖိအားပိုများလာသည်။                  —Ref:AP