IELTS စာမေးပွဲရမှတ်ဖြင့် တက္ကသိုလ်တက်ရောက်မည့် မသန်စွမ်းသူများကို ဗြိတိသျှကောင်စီက ပညာသင်ကြေး ထောက်ပံ့မည်

အင်္ဂလိပ်ဘာသာစကားကျွမ်းကျင် မှုစစ်ဆေးသော စာမေးပွဲတစ်ခုဖြစ် သည့် IELTS (International English Language Testing System)ရမှတ်ဖြင့် နိုင်ငံတကာ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို (သို့မဟုတ်) ဘွဲ့လွန်တက်ရောက် မည့် မသန်စွမ်းများကို ဗြိတိသျှ ကောင်စီက ပညာသင်ထောက်ပံ့ ငွေ ပေါင် ၅,၀၀၀ (ကျပ်သိန်းကိုး ဆယ်ခန့်) ပေးအပ်မည်ဖြစ်သည်။

အဆိုပါ ထောက်ပံ့ငွေ အစီအစဉ်ကို လျှောက်ထားလိုသူများ အနေဖြင့် ဗြိတိသျှကောင်စီတွင် IELTS စာမေးပွဲဖြေဆိုထားရမည်ဖြစ်ပြီး စာမေးပွဲရမှတ်ဖြင့် ပြည်ပတက္ကသိုလ်တစ်ခုခုသို့ တက်ရောက်ခွင့်ရရှိရန် ဝင်ခွင့်လျှောက် ထားရမည်ဟု ဗြိတိသျှကောင်စီ (မြန်မာ)က သတင်းထုတ်ပြန်ထား သည်။

‘‘တန်းတူညီမျှမှု၊ အမျိုးအ မည်ကွဲပြားစုံလင်မှုနဲ့ အားလုံးပါ ဝင်မှုက ဗြိတိသျှကောင်စီရဲ့ ပူး ပေါင်းဆောင်ရွက်ခြင်းယဉ်ကျေးမှု ဆိုတဲ့ ဆောင်ပုဒ်ရဲ့ အဓိကအနှစ် သာရဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မသန်စွမ်းကျောင်းသား တွေကို သူတို့ရဲ့သင်ယူမှုအိပ်မက် တွေ အကောင်အထည်ပေါ်လာ စေဖို့ ပံ့ပိုးကူညီအားပေးနိုင်လိမ့် မယ်လို့ မျှော်လင့်ပါတယ်’’ဟု ဗြိ တိသျှကောင်စီ(အရှေ့အာရှ)၏ စာမေးပွဲဌာန ညွှန်ကြားရေးမှူး မစ္စတာ Steve Adams ကပြောသည်။

၂၀၁၈ တွင် နိုင်ငံတကာတက္က သိုလ်တစ်ခုခုသို့ တက်ရောက်မည့် မြန်မာနိုင်ငံအပါအဝင် အရှေ့အာရှနိုင်ငံများမှ မသန်စွမ်းသူ ၁၂ ဦးအား  ဗြိတိသျှကောင်စီက IELTSရန်ပုံငွေ Dream Big Fund အစီအစဉ်ဖြင့် ပညာသင်ဆုပေးအပ်ခြင်းဖြစ်ပြီး နိုင်ငံရပ်ခြားတွင် ပညာသင် ကြားလိုသည့် အထူးလိုအပ်ချက် ရှိသူများအတွက် ပံ့ပိုးပေးရန်အဆိုပါရန်ပုံငွေကို တည်ထောင် ခြင်းဖြစ်သည်။

ပညာသင်ထောက်ပံ့ငွေအစီ အစဉ်ကို ဗြိတိသျှကောင်စီ(မြန် မာ)ဝက်ဘ်ဆိုက် http://dream-big.ieltsasia.org/en/dream-bigfund.html#application လင့်ခ်တွင် ၂၀၁၈ မတ်လ ၃၁ ရက်အထိ လျှောက်ထားနိုင်ပြီး တစ်ဦး ချင်း၏ပုဂ္ဂလိကဖော်ပြချက် (Per-sonal Statement) တင်ပြရမည် ဖြစ်ကာ စိစစ်သုံးသပ်ပြီးထောက်ပံ့ငွေ ပေးအပ်မည်ဖြစ်သည်။

၂၀၁၈ ဧပြီမှ မေလအထိ စိစစ်ရွေးချယ်ကာ ဇွန်လတွင်ထောက်ပံ့ငွေရရှိကြောင်း အကြောင်းပြန်ကြားမည်ဖြစ်သည်။

IELTS သည် နိုင်ငံတကာ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင် မှုစစ်ဆေးခြင်းစနစ်ဖြစ်ကာ အစိုးရအဖွဲ့အစည်းများ၊ အတတ်ပညာ ဆိုင်ရာ အဖွဲ့အစည်းများနှင့်အ လုပ်ခန့်ထားရေး အဖွဲ့အစည်း တစ်သောင်းကျော်က အသိအ မှတ်ပြုထားသည်။

Top News