ပသျှူးထမင်းကြော်

ထမင်းဟင်းတွေ ချက်မစားချင်သူတွေ အတွက် ပသျှူးထမင်းကြော်နည်းလေး ဖော်ပြပေး လိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ ကြက်သားကို အတုံးသေးသေးလေးများတုံး၍ အရ သာမှုန့်၊ ဆား၊ ခရုဆီ အနည်းငယ်တို့ဖြင့် နယ်ထားပါ။

၂။ ဗိုလ်စားပဲသီး၊ မုန်လာဥနီ၊ ပြောင်းဖူးတို့ကို အတုံးလေးများလှီး၍ ရေစင်အောင်ဆေးကာ စစ်ထားပါ။

၃။ ငရုတ်သီးစိမ်းကို ပါးပါးလေးများ ညှပ်တားပါ။

၎။ ဒယ်အိုးထဲတွင် ဆီ (စားပွဲတင်ဇွန်း ၁ ဇွန်းခန့်) ထည့်၍ အပူပေး ပြီး ကြက်ဥကို မွှေကြော်ကာ အတုံးလေးများချေပြီးလျှင် ဆယ်ထုတ်ထား ပါ။

၅။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကိုရော၍ နုပ်နုပ်စဉ်းကာ ဆီပူပူ တွင် ဆီသတ်ပါ။

၆။ အနံ့မွှေးလာလျှင် ရှမ်းငရုတ်ချဉ် အနှစ်ထည့်၍မွှေပေးပါ။

၇။ ထို့နောက် ကြက်သား၊ ပင်စိမ်းရွက်၊ ငရုတ်သီးစိမ်းတို့ကို ထည့် ၍ မီးပြင်းပြင်းနှင့် ကြော်ပါ။

၈။ ကြက်သားများ အရောင်ပြောင်းလာလျှင် လှီးထားသော အသီး များထည့်၍ ကြော်ပါ။

၉။ အသီးများနွမ်းခါနီးလျှင် ထမင်းဖြူ၊ ကြက်ဥကြော်၊ တရုတ်မဆ လာ၊ ကြက်သားမှုန့်၊ ဆား အနည်းငယ်တို့ထည့်၍ သမအောင်မွှေကြော် ပါ။

၁၀။ ထမင်းများခြောက်၍ အနံ့မွှေးလာလျှင် မီးပိတ်ပြီး သုံးဆောင် လို့ရပါပြီ။        

 ပါဝင်ပစ္စည်းများ

ထမင်းဖြူပန်းကန်လုံး (၃) လုံး

ကြက်သား ၂၀ ကျပ်သား

ရှမ်းငရုတ်ချဉ် စားပွဲတင်ဇွန်း (၁) ဇွန်းခွဲ

ဗိုလ်စားပဲသီး အနည်းငယ်

မုန်လာဥနီအနည်းငယ်

ပြောင်းဖူးသေးအနည်းငယ်

ကြက်ဥ၂ လုံး (ခလောက်ထားပါ)

ကြက်သွန်နီ၁ လုံး

ကြက်သွန်ဖြူ၃ မြွှာ

ပင်စိမ်းရွက်လက်တစ်ဆုပ်စာ

တရုတ်မဆလာစားပွဲတင်ဇွန်း (၁) ဇွန်း

ခရုဆီစားပွဲတင်ဇွန်း (၁) ဇွန်း

ငရုတ်သီးစိမ်းအစပ်စားနိုင်သလောက်

ဆီစားပွဲတင်ဇွန်း (၈) ဇွန်း
              Ei's Cooking Diary ကပံ့ပိုးကူညီပါသည်။

Top News