နည်းပညာ
e-Government ဒေတာစင်တာကို ကိုရီးယားဘဏ်တစ်ခုက ငွေထောက်ပံ့ရန် ဆွေးနွေး
အစိုးရသစ်အကောင်အ ထည်ဖော်နေသည့် e-Gover-nment ဒေတာစင်တာကို ကိုရီးယားနိုင်ငံ သွင်းကုန်ထုတ်ကုန် ဘဏ်က ငွေကြေးကူညီထောက်ပံ့ ရန် ဆွေးနွေးနေသည်ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
e-Government ဒေတာ စင်တာသည် ကန်ဒေါ်လာ သန်း ၈၀ ကုန်ကျမည်ဟု ခန့်မှန်းထား သည့် စီမံကိန်းဖြစ်သော်လည်း မည်သည့်အချိန်တွင် အပြီးသတ် တည်ဆောက်မည်ကို သက်ဆိုင် ရာဌာနက တရားဝင်ထုတ်ပြန်ခြင်း မရှိပေ။
အစိုးရ ရုံးဌာနများသည် လက်ရှိအချိန်၌ ကိုယ်တိုင်ဒေတာ စင်တာများ တည်ဆောက်အသုံး ပြုသော်လည်း e-Government ဒေတာစင်တာ တည်ဆောက်ပြီးစီးသည့်အခါ တစ်နေရာတည်း တွင် အချက်အလက်များကို နည်းစနစ်တူညီစွာ သိမ်းဆည်းအသုံးပြု ရမည်ဖြစ်သည်။
e-Government လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရန် အစိုးရဌာနအဖွဲ့အ စည်းအသီးသီး၌ Chief Infor-mation Officer ခန့်အပ်ရန်၊ Electronic Document Mana-gement System,Government Personnel Management System နှင့် Myanmar UNICODE စနစ်တို့ကို အသုံးပြုရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားထားသည်။
e-Government လုပ်ငန်း စဉ်သည် အစိုးရအဆက်ဆက်အ ကောင်အထည်ဖော်ဆောင်သည့် စီမံကိန်းဖြစ်သော်လည်း ယနေ့ အချိန်အထိ ဆောင်ရွက်နိုင်ခြင်း မရှိပေ။ စီမံကိန်းတွင် အဓိကကျ သည့် e-Government ပင်မစီမံ ကိန်းသည် (၂၀၁၆-၂၀၂၀) လက်ရှိအချိန်တွင် လွှတ်တော်၌ အတည်ပြုရန် ကျန်ရှိနေသည်။
လက်ရှိတွင် e-Govern-ment Portal တစ်ခုကို စီမံကိန်းမူကြမ်းတွင် ပါရှိသည့်အတိုင်း အစိုးရနှင့် ဗီယက်နမ်ကုမ္ပဏီတစ် ခုပူးပေါင်းလုပ်ဆောင်ခဲ့သည်။ e- Government ပင်မစီမံကိန်းအရ လုပ်ငန်းစဉ်ကို နှစ်တိုကာလစီမံ ကိန်း၊ အလယ်အလတ်ကာလ စီမံကိန်း၊ နှစ်ရှည်ကာလစီမံကိန်း ဟူ၍ သုံးမျိုးပိုင်းခြားထားသည်။
e-Government ဒေတာစင် တာကို နေပြည်တော်တွင် တည် ဆောက်မည်ဖြစ်ပြီး အရေးကြီး သည့် သတင်းအချက်အလက်များ ဆုံးရှုံးမှုကာကွယ်ရန် Backup စနစ်ကို မတူညီသော နေရာများ၌ ဆက်လက် တည်ဆောက်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။