နားနှစ်ဖက်မှာ မြားချက်တွေနဲ့

လော်သံတွေ တိတ်လို့သွားမှ ××× အိပ်ပါရစေလေ ××× လော်သံတွေ ××× ဆူနေရင် ××× ဘယ်လိုအိပ်အိပ် အိပ်လို့ ပျော်မှာ ××× မဟုတ်ဘူးလေ ××× ကျယ်လောင်စွာ ××× ခံစားရတာချင်းအတူတူ ××× ဘယ်လော်က ××× ဘယ်အဖွဲ့ ထက် ပိုမိုလို့ ဆူညံလေမလဲ ××× တို့ကိုငဲ့ညှာ ××× သနား လှည့်ပါဦး ×××

အင်... လောကကြီးမှာ တိတ်ဆိတ်ခြင်းဟာ သာယာငြိမ့် ညောင်းဆုံး ဂီတဖြစ်တယ်ဆိုတာ လေး အခုတစ်လော ကိုယ်တွေ့ ကြုံမှ ပိုပိုပြီး ယုံကြည်လာရပါရဲ့။ တကယ့် နားဝင်ပီယံအရှိဆုံး ဂီတ ဆိုတာ အရာအားလုံး တိတ်ဆိတ် နေချိန်မှာ ကမ္ဘာလောကကြီးရဲ့ အသက်ရှူသံဖြစ်တဲ့ သစ်ရွက် လေတိုးသံလေးတွေ၊ သဘာဝ မြည်သံလေးတွေသာ ဖြစ်နေခဲ့ ပေါ့။ အခုတစ်လော ရေဘူးနဲ့ ဖိ နပ်မပါ နွေခါမှသိ၊ လော်စပီကာ နဲ့ ဆောင်းဘောက်စ်အရသာ ကိုယ်တိုင်ကြုံမှသိ ဆိုသလို မွေး ကတည်းက ပါလာတဲ့ နားနှစ်ဖက် ကိုဖြတ်ပြီး လွှင့်ပဲပစ်ရတော့မလို လို၊ အမွေပဲ ဖြတ်ပစ်ရတော့မလို လို တွေးမိလိုက်သေး။ လူတိုင်း ကိုယ်စီ ရှိနေကြတဲ့ ဒွါရကိုးပေါက် ထဲမှာ အခုတစ်လော ဒီနားနှစ် ပေါက်ကြောင့် နားထင်တွေကျ၊ မျက်ကွင်းတွေကျ၊ စိတ်ဓာတ်တွေ ကျ ကျသုံးကျ လုံးလည်လိုက်နေ ပေါ့။

စွန့်ဦးတီထွင်တတ်တဲ့ သိပ္ပံ ပညာရှင်တွေ၊ ဆေးပညာရှင်တွေ သာ မြန်မာပြည်မှာ ရှိနေကြရင် လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်ပိုင်း တွေ နောက်မှတီထွင်ဖို့ စဉ်းစား ကြလိမ့်မယ်။ အရင်ဆုံး နားကို ဖြုတ်လို့ တပ်လို့ရအောင်၊ လိုအပ် ရင်တပ်ထား၊ မလိုအပ်ရင်ဖြုတ် ထားလို့ရအောင် ကြိုးစားကြမယ် ထင်ပါရဲ့။ ဒါမှမဟုတ် သေနတ် မှာတပ်တဲ့ Silencer လိုမျိုး နား မှာတပ်ဖို့ တီထွင်လာကြလေ မလားပဲ။ အခုတော့ ပျော်စရာ လည်းကောင်း၊ ငိုက်လို့လည်းမရ အုန်းဒိုင်းဗုန်းဂွမ်း ဂီတသံများပြော ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူ တွေခမျာ မြို့ရွာကျေးလက် နယ် စည်းမခြား နားဒုက္ခသည်များကို ဖြစ်လို့။ ဆယ့်နှစ်လရာသီပွဲလမ်း သဘင် ပေါတဲ့တိုင်းပြည်မှာ လော်နဲ့ဆောင်းဘောက်စ်ဆိုတာ နေရာတိုင်းမှာ သူမပါရင်မပြီး ပွဲ မစည်ဘူးဆိုတဲ့ မရှိမဖြစ်မင်းသား ကြီးပေါ့။ တစ်နေ့တစ်မျိုး လော် သံတွေ ရိုးမသွားအောင် အား ဖြည့်ပေးတဲ့ တေးသီချင်းတွေက လည်း နည်းမှမနည်းကိုး။ မြန်မာ သံလား၊ စတီရီယိုလား၊ ကိုရီး ယားလား၊ အိန္ဒိယလား၊ ဗိုလ်သီချင်းလား၊ ဟစ်ဟော့ပ်လားများမှများလို့။

အင်း ... ပျော်စရာလည်း အကောင်းသား၊ နေ့ရောညဥ့်ပါ နိုးနိုးကြားကြား ရှိကြတာပေါ့။ ဟိုတစ်ခေတ်တစ်ခါကဆို ရွာမှာ အလှူတွေ၊ မင်္ဂလာဆောင်တွေ၊ စတုဒိသာ အကျွေးအမွေးတွေရှိ ရင် အရပ်လေးမျက်နှာ မောင်းတီး ပြီး လိုက်အော်ရတာ ခုတော့ တိုး တက်လာပြီမို့ တိုးတိုးပြောတောင် နားကွဲသွားနိုင်တဲ့ ဧရာမအသံချဲ့ ကိရိယာတွေ ပေါမှပေါ။ ကာတွန်း တစ်ကွက်မှာတော့ လော်သံတွေ မခံစားနိုင်တဲ့အဆုံး အလှူခံဖလား ထဲ နားနှစ်ဖက်ဖြတ်ပြီး လှူလိုက် တာလေးတောင် မြင်ယောင်မိ သေး။ ဘာပဲဖြစ်ဖြစ် ကုသိုလ်ရေး ဆိုတော့လည်း လှူကြတန်းကြ ရက်ရောကြတော့ နိဗ္ဗာန်မဂ်ဖိုလ် ကို ရက်တိုတိုနဲ့ ရောက်နိုင်ဖို့အရေးဆော်သြပေးတာ မင်္ဂလာ မဟုတ်လား။

အင်း ...အိမ်ကထွက်တာနဲ့ ဆိုက်ကားဂိတ်မှာ၊ လမ်းထိပ်မှာ၊ ပလက်ဖောင်းဘေးမှာ၊ ကားဂိတ် မှာ၊ သစ်ခက်မဏ္ဍပ်၊ သံမဏ္ဍပ်၊ ရွက်ဖျင်တဲမဏ္ဍပ်၊ စတီးမဏ္ဍပ် စတဲ့ မဏ္ဍပ်စုံညီ ဝေစည်နေရုံမက အဲသလို အခြေတကျ မဏ္ဍပ် တွေမဟုတ်ဘဲ မိုဘိုင်းမဏ္ဍပ်လို့ ခေါ်ရမယ့် ရွေ့လျားမဏ္ဍပ်တွေက လည်း လော်ကြီးနဲ့အော်ပြီး တ ချို့ ခြေကျင်၊ တချို့ဆိုက်ကား၊ တချို့ မော်တော်ကားကိုယ်စီနဲ့ လမ်းမကြီးတွေမှာ၊ လမ်းသွယ် တွေထဲမှာ ပျော်စရာလည်း အ ကောင်းသား။ လျှပ်စစ်တူရိယာ တွေနဲ့၊ ဧရာမ ဆောင်းဘောက်စ် ကြီးတွေနဲ့ ပြည်တွင်း၊ ပြည်ပနိုင်ငံ တကာ ဂီတတွေစုံလို့။ ဘာပဲဖြစ် ဖြစ် ခဏခေတ္တတော့  ကုန်ဈေး နှုန်းကို မေ့သွားကြတယ်။ လျှပ် စစ်မီတာခလည်း မေ့သွားကြ တယ်။ အတို၊ အရှည်ကိစ္စလည်း မေ့သွားကြတယ်။ အရည်းကြီး လည်း မေ့သွားကြတယ်။ နားစည် ကို လာရိုက်ခတ်တဲ့ လော်သံပြင်း ပြင်းတွေက ညည်းချင်းတွေကို မေ့သွားစေတယ် မဟုတ်လား။

ဟိုး တစ်ခေတ်တစ်ခါက အလှူခံတွေမှာ ခေတ်စားနေတဲ့ ဒစ္စကိုဒန်းစား အိန္ဒိယသီချင်းကို စိုင်းစိုင်းရဲ့ အိုးလေးလှုပ်ပါဟေ့ ဆိုတဲ့သီချင်းက ဖြုတ်ချလိုက် တယ်။ နောက် ကိုရီးယား အိုပါ ဂန်းနမ်းစတိုင်ဆိုလား၊ နောက် တော့ ဗိုလ်အောင်ဒင် တဖြည်း ဖြည်း သီချင်းတွေ ပိုမြိုင်လာသလို လော်သံတွေလည်း ပိုမြိုင်လာခဲ့။ ဒီကြားထဲ ညှပ်ကြီးရပ်ကွက်မဏ္ဍပ် မှာတော့ မိုက်ချစ်သူတွေ၊ မိုက်လု ဖော် လုဖက်တွေကလည်း များမှ များ။ ကိုရွှေမိုက်ခဲတစ်ယောက် မိုက်ခဲလို့မှ အားမရသေး နောက် တစ်ယောက်က မပြီးသေးဘူး လား၊ ငါ့အလှည့် ရောက်နေပြီဆို တဲ့ မိုက်လုသံတွေကလည်း လော် သံထဲ ပါပါလာ။ မြို့သစ်ဆိုတော့ မွေးနေ့အလှူတွေ၊ မင်္ဂလာ ဆောင်တွေဆိုရင်လည်း မူးမူးရူး ရူးနဲ့ ကာရာအိုကေ ဆိုနေကြ တော့ ညဥ့်သန်းခေါင်တောင် မျက်လုံးရယ် ကြောင်တောင်နဲ့ ပျော်စရာတော့ အကောင်းသား။

အင်း ... ခေတ်ဆိုတာက လည်း ဟိုတုန်းကလို သစ်ငုတ်တို မှာ အသေချည်ထားလို့ ရတာမှ မဟုတ်တာ။ ခုတော့ ဦးရွှေရိုး တောင် တွန့်နိုင်မှ၊ ခါနိုင်မှ၊ ခေတ် နဲ့အညီ လိုက်ရွေ့နေရတာမဟုတ် လား။ ခေတ်ကြီးက အရာရာ ပြောင်းလဲလာ၊ အဆောက်အအုံ တွေကလည်း တဖြည်းဖြည်းမြင့် လာလိုက်တာ ၁၂ ထပ်တွေ၊ အထပ် ၂၀ တွေဖြစ်လာတော့ မြေပြင်က အော်ရောင်းတဲ့ဈေး သည်တွေကလည်း ဟိုးမိုးပေါ် အထိ ကြားရအောင် လော်အား ကိုးလာကြပေါ့။ နဂိုကမှ သွား ကိုက်ပျောက်ဆေးကို နားကိုက် အောင် လော်နဲ့အော် ရောင်းချနေ တဲ့ တိုင်းပြည်ကြီးထဲမှာဆိုတော့ လော်အားကိုးနဲ့ စီးပွားတိုးနေကြ တယ် ထင်ပါရဲ့။ မနက်စောစော တွန်းလှည်းလေးနဲ့ လှည့်လည် ရောင်းချတဲ့ ပဲပြုတ်၊ နံပြားသည် ကလည်း ဟန်းစပီကာခေါ် လော် အသေးစားလေးနဲ့၊ ကန်စွန်းဥ ပြုတ်၊ မြေပဲပြုတ်သည်လည်းလော်အသေးစားလေးနဲ့၊ ထော ပတ် ဘိန်းမုန့်သည်တွေကလည်း လော်ကလေးနဲ့၊ အုန်းမွှေးလုံး၊ နို့ မလိုင် ရေခဲမုန့်သည်ကလည်း လော်ပေါက်စလေးနဲ့၊ အချဉ် ပေါင်း၊ ဆီးပေါင်း၊ ရှောက်ပေါင်း သည်ကလည်း လော်ကလေးနဲ့ အဖြစ်အပျက်များ ပြောပါတယ်။

အစဉ်အလာရှိခဲ့တဲ့ ထီသည် တို့၊ ဗေဒင်ဟောစာတမ်းတို့၊ မန္တ လေး ထိုးမုန့်ကအစ ပုသိမ်ဟာလ ဝါအဆုံး အလုံးစုံသော စီးပွားရေး တွေကတော့ လော်အားကိုးနဲ့ နှစ်ဆတိုးပေါ့။ ဝေးဝေးက ကြားရ လေ များများရောင်းရလေဆိုတဲ့ အစွဲကလည်း ကြာလာပြီဆိုတော့ နားဘေးဒုက္ခသည်တွေခမျာ ကြုံ သမျှတော့ ဖုန်မထတော့ဘူးပေါ့။ ဒီကြားထဲ YBS ကားအသစ်ကြီး တွေမှာ အဲကွန်းလေးနဲ့ အေးအေး ဆေးဆေး စီးရမလားမှတ်တယ်။ ဘေးနားမှာ ဟန်းဖုန်းထဲကသီချင်း ကို ရွာမှာအလှူလုပ်သလို အော် ကြီးဟစ်ကျယ် ဖွင့်တတ်တဲ့သူတွေ ကလည်းမခြား၊ တချို့ကြတော့ လည်း နားကြပ်ကလေးတော့ တပ်ထားပါရဲ့၊ သီချင်းအကျယ် ကြီးဖွင့်ပြီး ကိုယ့်အသံကို ပြန် မကြားလေတော့ လိုက်ဆိုနေတဲ့ အသံက အနီးအနားက လူတွေ အတွက် ခေတ်သစ်လူမှုဗေဒ နား ဒုက္ခ၊ တချို့ကျတော့ ရုပ်ရှင်ဇာတ် ကားတွေ၊ အငြိမ့်တွေ၊ ဟာသ တွေ အော်ကြီးဟစ်ကျယ်ဖွင့်တဲ့ ခေတ်သစ် လူမှုဗေဒ နားဒုက္ခ၊ တချို့ လိုင်းကားမောင်းသူကိုယ် တိုင်က အလွမ်းဓာတ်ခံနဲ့ အသံ ကုန်ဖွင့်တဲ့ ခေတ်သစ်လူမှုဗေဒ နားဒုက္ခ၊ မြို့တွင်းပတ် ကားတချို့ ကလည်း FM လိုင်းက ငါးမိနစ်၊ ၁၀ မိနစ်တစ်ခါ ကြေညာနေတဲ့ မေမေတို့ အမျိုးသမီးတွေ လစဉ် ကြုံတွေနေကျ ဘာညာကွိကွ နား ဒုက္ခ။ အင်း...အသံတွေက နေရာအနှံ့ နားမဆံ့အောင်ပါလား...။    ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)