မြန်မာလိဂ် ဂိုးသွင်းဘုရင်ဆုကို ခရစ္စတိုဖာနှင့် ကိသ် ပူးတွဲရရှိ

 ၂၀၁၇ မြန်မာလိဂ်အ မှတ်ပေးပြိုင်ပွဲ၏ သွင်းဂိုးအများ ဆုံးဆုကို ရှမ်းအသင်းတိုက်စစ် မှူး ခရစ္စတိုဖာနှင့် ဧရာဝတီအ သင်းတိုက်စစ်မှူး ကိသ်မာတူနာ တို့က သွင်းဂိုး ၁၅ ဂိုးစီဖြင့် ပူးတွဲ ရရှိသည်။

အဆိုပါ ကစားသမားနှစ်ဦး သည် မြန်မာလိဂ်ပြီးဆုံးရန် လက် ကျန်တစ်ပွဲအလို ပွဲစဉ်(၂၁)အပြီး ကပင် သွင်းဂိုး ၁၄ ဂိုးစီဖြင့် ပူးတွဲ ဦးဆောင်နေပြီး လိဂ်နောက်ဆုံးပွဲစဉ်(၂၂)တွင် သွင်းဂိုးတစ်ဂိုးစီ ထပ်မံသွင်းယူသဖြင့် ဂိုးသွင်း ဘုရင်ဆု ပူးတွဲရရှိသည်။


ခရစ္စတိုဖာနှင့် ကိသ်သည် ပြီးခဲ့သည့် ၂၀၁၆ မြန်မာလိဂ်ပြိုင် ပွဲတွင်လည်း ရတနာပုံတိုက်စစ်မှူး ၀င်းနိုင်စိုးနှင့်အတူ ဂိုးသွင်းဘုရင် ဆုကို သွင်းဂိုး ၁၆ ဂိုးဖြင့် သုံးဦးပူးတွဲရရှိဖူးပြီး ယခုနှစ်ပြိုင်ပွဲတွင် ခရစ္စတိုဖာနှင့် ကိသ်တို့က ဒုတိယ  အကြိမ်ပူးတွဲရရှိသည်။

၂၀၁၇ မြန်မာလိဂ်ပြိုင်ပွဲ ဂိုး သွင်းအများဆုံး ထိပ်ဆုံးခုနစ်ဦး တွင် ပြည်ပကစားသမားများစိုးမိုး ထားပြီး ရခိုင်တိုက်စစ်မှူးဆန်းဒေး က သွင်းဂိုး ၁၁ ဂိုး၊ ရန်ကုန်ကစား သမား အီမီကာ၊ ရတနာပုံတိုက် စစ်မှူး ပက်ထရစ်၊ GFA တိုက်စစ် မှူး အီမြူရယ်နှင့် ဟံသာဝတီ တိုက်စစ်မှူးဂိုမက်ဇ်တို့က သွင်းဂိုး ၁၀ ဂိုးစီဖြင့် အစဉ်လိုက်ရပ် တည်နေသည်။

၎င်းတို့နောက်တွင် ရှမ်းအ သင်းတိုက်စစ်မှူးဒွေးကိုကိုချစ်နှင့် ဧရာဝတီတိုက်စစ်မှူး သီဟဇော် တို့က သွင်းဂိုးခုနစ်ဂိုးစီ၊ နေပြည် တော်တိုက်စစ်မှူး ဘမ်ဘာ၊ ရတနာပုံတိုက်စစ်မှူး အောင်သူ၊ သက်နိုင်နှင့် ၀င်းနိုင်စိုးတို့က သွင်းဂိုးခြောက်ဂိုးစီဖြင့် ပူးတွဲရပ်တည် နေသည်။

၂၀၁၇ မြန်မာလိဂ်ပြိုင်ပွဲတွင် ရှမ်းအသင်းက ရမှတ် ၅၄ မှတ် ဖြင့် ချန်ပီယံဖြစ်ပြီး ရန်ကုန်အ သင်းက ၅၂ မှတ်ဖြင့် ဒုတိယ၊ ရတနာပုံအသင်းက ၄၇ မှတ်ဖြင့် တတိယနေရာ ရပ်တည်ခဲ့သည်။