ရိဒ်ရေကန်အခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ဆောင်ရွက်နေဟု ဝန်ကြီးပြော

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ အသည်းပုံရိဒ်ရေကန်ကို ဝေဟင်က တွေ့ရစဉ် ဓာတ်ပုံ − Chin Tourism and Information Center

ရိဒ်ရေကန်အခြေပြုခရီးသွားလုပ် ငန်းကို ချင်းပြည်နယ်အတွင်း အ ကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် အစိုးရအဖွဲ့က ဆောင်ရွက် နေကြောင်း ပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။ 


အသည်းပုံသဏ္ဌာန်ရှိသည့် ရိဒ်ရေကန်ကို ပြည်နယ်၏ဒုတိယ မြောက် ခရီးသွားဒေသအဖြစ် ဧည့်သည်များ လာရောက်လည်ပတ် နိုင်ရန် ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆွေးနွေးနေ ကြောင်း ၎င်းက ပြောသည်။ 

‘‘အစိုးရအဖွဲ့အတည်ပြုပြီး ရင် ဟိုတယ်အတွက် ရင်းနှီးမြှုပ်နှံ လိုသူတွေကို ဖိတ်ခေါ်တော့မှာဖြစ် ပါတယ်’’ဟု ဆလိုင်းအိုက်ဇက်ခင် က ပြောသည်။ ရိဒ်ရေကန်ကို ပြည်နယ်၏ခရီးသွားဒေသအဖြစ် အ ကောင်အထည်ဖော်ဆောင်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနသည် အကြိုကွင်းဆင်း စစ်ဆေးခဲ့သည်။ လက်ရှိတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ဆော်လောင်းကျေးရွာ၌ ရပ်ရွာအ ခြေပြုခရီးသွားလုပ်ငန်း (CBT)ကို ပြည်နယ်အစိုးရဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက ဖွင့်လှစ်ထားသည်။ 

မြန်မာ-အိန္ဒိယနယ်စပ်မျဉ်း နှင့် နှစ်မိုင်အကွာတွင်တည်ရှိသည့် ရိဒ်ရေကန်သည် ပင်လယ်ရေမျက် နှာပြင်အထက် အမြင့် ၂,၉၆၆ ပေ၌ တည်ရှိသည့် ထူးခြားသော ရေကန်ဖြစ်သည်။ ဒဏ္ဍာရီမျိုးစုံဖြင့် နာမည်ကျော်ကြားသည့် အသည်း ပုံသဏ္ဌာန်ရေကန်ဖြစ်ပြီး ပြည်နယ် အစိုးရက ခရီးသွားဒေသအဖြစ် တိုးချဲ့နိုင်ရန် လမ်းပန်းဆက်သွယ် ရေးကို ပထမအဆင့် လုပ်ဆောင် နေသည်။ 

၂၀၁၈ အတွင်း ရိဒ်ရေကန်ကိုအာဆီယံရှေးဟောင်းအမွေအနှစ် ဒေသအဖြစ် အသိအမှတ်ပြုလာ စေရန် ချင်းပြည်နယ်အစိုးရအဖွဲ့ က ဆောင်ရွက်နေသည်။ ဖလမ်း မြို့နယ်အတွင်း တည်ရှိသည့် ရိဒ်ရေကန်ကို မြန်မာခရီးသွားများ ထက် အိန္ဒိယနိုင်ငံသားများ အများ ဆုံးလာရောက်လည်ပတ်လေ့ ရှိ သည်။ 

လက်ရှိအချိန်၌ ရိဒ်ရေကန် သို့ ကလေးမြို့မှ တစ်ဆင့် အလွယ်ကူဆုံး သွားလာနိုင်ပြီး ကလေးမြို့ မှ တီးတိန်သို့ သုံးနာရီ၊ တီးတိန်မှ ရိဒ်သို့ တစ်နာရီခွဲအတွင်း သွား ရောက်လည်ပတ်နိုင်သည်။ 

More in Tourism Section

Top News