‘‘ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို အမြဲကြိုးစားပါ။ မြန်မာပြည်က လူတွေရော၊ သူရော အမြဲအားပေးနေပါတယ်။ ပြိုင်ပွဲမကြည့်ဖြစ်ပေမယ့် ကျွန်တော့်ကို အမြဲအားပေးနေတယ် ပြောပါတယ်’’

အောင်လအန်ဆန်နှင့်တွေ့ဆုံခြင်း
(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

Hero’s Dream ဟု အမည် ရသည့် One Championship (MMA) ပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ညနေ ၆ နာရီခွဲတွင် စတင်ကျင်းပမည်ဖြစ် သည်။ ယင်းပြိုင်ပွဲတွင် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လ အန်ဆန်နှင့် မွေထိုင်းဟဲဗီးဝိတ် တန်းချန်ပီယံ လေးကြိမ်ရရှိထား သည့် ကင်မရွန်းနွယ်ဖွား အလိန်း ဂါလာနီတို့ ယှဉ်ပြိုင်မည့် ပွဲစဉ်အပါအ၀င် တွဲဆိုင်း ၁၀ ဆိုင်း ကျင်းပမည်ဖြစ်သည်။ အောင်လ အန်ဆန်သည် ယင်းပွဲကို မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခြင်းမဟုတ်ဘဲ အထူးစိန်ခေါ်ပွဲ အနေဖြင့်သာ ယှဉ်ပြိုင်ခြင်းဖြစ် သည်။ ၀ိတ်တန်းမတူသည့် ပြိုင်ဘက်နှင့် ပထမဆုံးအကြိမ် ယှဉ်ပြိုင်မည့် အောင်လအန်ဆန်နှင့် 7Day Daily သတင်းစာက တွေ့ဆုံ မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


အောင်လထက် ပိုဝိတ်ကြီးတဲ့ ဂါ လာနီနဲ့ ထိုးရမှာဆိုတော့ ဘာတွေ သေချာပြင်ဆင်ထားပါသ လဲ။

ကျွန်တော် ဒီပွဲအတွက် အ ကောင်းဆုံး ပြင်ဆင်ထားတယ်။ ၀ိတ်ကအစ တက်အောင် သေချာ ပြင်ဆင်ထားပါတယ်။ သူနဲ့ ၀ိတ် ညီလောက်တဲ့သူတွေနဲ့ လေ့ကျင့်တယ်။ တချို့ဆို သူ့ထက် ၀ိတ်ပိုကြီးတဲ့သူတွေတောင် ပါပါတယ်။

ဒီလိုမျိုး ၀ိတ်တန်းမညီတဲ့သူနဲ့ ထိုးရမှာဖြစ်လို့ စိတ်လှုပ်ရှားမှု ဖြစ်မိပါသလား။

တကယ်တမ်းပြောရရင် ဒီ လိုမျိုး ဟဲဗီးဝိတ်နဲ့ မစ်ဒယ်ဝိတ် တန်း ၀ိတ်တန်းမတူဘဲ ဒီ MMA မှာ တစ်ခါမှ မကစားဖူးဘူး။ အဲဒီ အတွက်တော့ စိတ်လှုပ်ရှားမှု တော့ ဖြစ်မိပါတယ်။

ပြိုင်ဘက်အကြောင်းကို ဘယ် လောက်ထိ လေ့လာပြီးပြီလဲ။ သူ့ကို ဘယ်လိုအနိုင်ယူဖို့ ပြင်ဆင် ထားပါသလဲ။

 သူက ဟဲဗီးဝိတ်တစ်ယောက်ဖြစ်တဲ့အတွက် အားပိုရှိ ပါတယ်။ မွေထိုင်းချန်ပီယံလည်း ဖြစ်တော့ ဒူးတွေ၊ ကန်ချက်တွေ ကောင်းတာတွေ့ရပါတယ်။ သူ က စိတ်ငြိမ်ငြိမ်မထားနိုင်ပါဘူး။ သူ့အမှားကိုစောင့်ပြီး ကျွန်တော် အနိုင်ယူဖို့ စဉ်းစားထားပါတယ်။

ဂါလာနီကို နှစ်ချီအတွင်းမှာ အနိုင်ထိုးမယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ။

ကျွန်တော် သူထိုးတဲ့ပွဲတွေ ကို ကြည့်ဖူးတယ်။ သူက နှစ်ချီ ထက် ဘယ်တော့မှ ပိုမထိုးဘူး။ နှစ်ချီအတွင်းမှာပဲ အမြဲပွဲပြီးပါ တယ်။ ဒီအတွက်ကြောင့် သူ့ကို နှစ်ချီအတွင်း အနိုင်ထိုးမယ်လို့ ပြောခဲ့တာပါ။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ယုံကြည်တယ်။ အားကစားသမားဆိုတာ ၁၀၀ ရာ ခိုင်နှုန်း ယုံကြည်မှုရှိမှ ပြိုင်ဘက် ကို အနိုင်ယူနိုင်မှာပါ။

တကယ်လို့ ဒီပွဲမှာ နှစ်ချီထက်ပို ပြီးတော့ ကြာခဲ့မယ်ဆိုရင် အောင်လအတွက် အားသာချက် ရနိုင်လား။

နှစ်ချီထက် ပိုကြာခဲ့မယ်ဆို ရင်တော့ ကျွန်တော့်ဘက်ပိုပြီး အားသာပါတယ်။ သူ့မှာ အဲဒီ အတွေ့အကြုံမရှိဘူး။ ကျွန်တော် ကတော့ ဒီနှစ်ထဲမှာ ငါးချီအထိ နှစ်ခါတောင်ထိုးဖူးတဲ့ အတွေ့အ ကြုံရှိပါတယ်။ ပြီးတော့ သူက ကျွန်တော့်ထက်လည်း မာဆယ်ပိုများပါတယ်။ မာဆယ်ပိုများတဲ့ သူတွေက အောက်ဆီဂျင်ပိုပြီး လို ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံတဲ့အချိန်မှာ ဘာတွေပြောဖြစ် ခဲ့သေးလဲ။

ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို အမြဲကြိုးစားပါ။ မြန်မာပြည်ကလူတွေရော၊ သူ ရော အမြဲအားပေးနေပါတယ်။ ပြိုင်ပွဲမကြည့်ဖြစ်ပေမယ့် ကျွန် တော့်ကို အမြဲအားပေးနေတယ် ပြောပါတယ်။ ကချင်တိုင်းရင်း သားတွေနဲ့ ပတ်သက်ပြီးတော့ IDP (ကချင်စစ်ဘေးရှောင်စခန်း)တွေကို ကျွန်တော် ရောက်ခဲ့ တယ်။ သူတို့ နေရေးထိုင်ရေး သိပ်မကောင်းတာတွေ တွေ့ခဲ့ရ တယ်။ အန်တီစုကတော့ သူကူညီ မှုတွေလုပ်ပေးဖို့ အစီအစဉ်ရှိပါ တယ်လို့ ပြောပါတယ်။

ဒီပြိုင်ပွဲပြီးရင် ကချင်ကို သွားဖို့ ရှိပါသေးလား။

ပြိုင်ပွဲပြီးပြီးချင်း ဖိလစ်ပိုင် မှာထိုးမယ့် ကျွန်တော့်သူငယ်ချင်း တစ်ယောက်ပွဲရှိပါတယ်။ အဲဒီပွဲ ကို သွားအားပေးမှာပါ။ ကချင် ပြည်နယ်ကို နောက်နှစ်ထဲမှာ သွားဖို့ အစီအစဉ်တော့ ရှိပါ တယ်။

လာမယ့် ၂၀၁၈ မှာ လက်ရှိ ချန်ပီယံစိန်ခေါ်ပွဲ ထိုးဖို့ရှိသေးလား။ ဘယ်နှပွဲလောက် စီစဉ်ထားပါ သလဲ။

ချန်ပီယံစိန်ခေါ်ပွဲထိုးဖို့တော့ ရှိပါတယ်။ နောက်နှစ်အစောပိုင်း လောက် ဖြစ်လိမ့်မယ် ထင်ပါ တယ်။ ၂၀၁၈ ထဲမှာတော့ သုံးပွဲ လောက် ထိုးဖို့စီစဉ်ထားတယ်။ တစ်ပွဲထိုးဖို့အတွက်ကို သုံးလ၀န်း ကျင်လောက် အချိန်ယူပြင်ဆင် ပါမယ်။

ပရိသတ်တွေကိုကော ဘာများ ပြောချင်ပါသလဲ။

ပရိသတ်တွေ အားလုံးကို ချစ်ပါတယ်။ ကျွန်တော့်ကို ပွဲမှာ ရော၊ လူမှုကွန်ရက်ကနေရော၊ TV ကနေရော အားပေးတဲ့ ပရိ သတ်တွေကို ကျေးဇူးတင်ပါ တယ်။ ဒီပွဲကိုလည်း လာအားပေး ပါဦးလို့ ပြောချင်ပါတယ်။ မြန်မာ တစ်ယောက်အနေနဲ့ အောင်မြင် မှုရဖို့ အမြဲကြိုးစားနေပါတယ်။

ကျေးဇူးတင်ပါတယ်။