အာဆီယံဖူဆယ်ပြိုင်ပွဲအကြို ဗိုလ်လုပွဲတွင် မြန်မာအသင်း ထိုင်းကို ဂိုးပြတ်ရှုံး

အာဆီယံဖူဆယ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာနှင့်ထိုင်းအသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

အာဆီယံဖူဆယ်ချန်ပီ ယံရှစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းက လက်ရှိချန်ပီယံ ထိုင်းအသင်းကို ၈-၃ ဂိုးဖြင့် ရှုံး နိမ့်ပြီး ဗိုလ်လုပွဲတက်ရောက်ခွင့် လွဲချော်ခဲ့သည်။

နိုဝင်ဘာ ၁ ရက်က ဗီယက် နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပ သည့် ၂၀၁၇ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ၌မြန်မာအသင်းက ထိုင်းအသင်းကို ကစားကွက် ယှဉ်နိုင်ခြင်းမရှိ ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။


 ထိုင်းအသင်းက မြန်မာအသင်းကို ဖိအားပေးကစားကာ ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်း တွင် ခြောက်ဂိုးသွင်းယူပြီး မြန်မာအသင်းက ဒုတိယပိုင်းတွင် ချေပဂိုးသုံးဂိုးသာ ပြန်လည်သွင်းယူနိုင် ခဲ့သည်။

အခြားအကြိုဗိုလ်လုပွဲတွင် မလေးရှားအသင်းက အိမ်ရှင်ဗီ ယက်နမ်ကို ၅-၁ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်သည်။

၂၀၁၇ အာဆီယံဖူဆယ်ပြိုင် ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲတို့ကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။ တတိယလုပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ်၊ ဗိုလ်လုပွဲအဖြစ် ထိုင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ် သည်။

 ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ရ မည့် ထိုင်းနှင့် မလေးရှားတို့သည် အုပ်စုအဆင့်တွေ့ဆုံစဉ်က ထိုင်းက ၆-၃ ဂိုးဖြင့် အနိုင်ရရှိထား သည်။ တတိယလုပွဲတွင် ယှဉ်ပြိုင်ရမည့် မြန်မာနှင့် ဗီယက်နမ်တို့သည်လည်း အုပ်စုအဆင့် တွေ့ဆုံစဉ်က ဗီယက်နမ်အသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရထားသည်။

မြန်မာဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ဗိုလ် လုပွဲအဆင့်သို့ တက်ရောက်နိုင် ခြင်းမရှိသော်လည်း အကြိုဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ခြင်းကြောင့် တိုင်ပေ၌ ကျင်းပမည့် အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။