အိပ်ခန်းကို ပိုမိုစမတ်ကျသွားစေမယ့် နည်းပညာ Gadget ခုနစ်မျိုး

အိပ်စက်ခြင်းဆိုတာ လူတစ် ယောက်အတွက် အခြေခံအကျ ဆုံး အပန်းဖြေမှုလည်းဖြစ်၊ အား အင်ဖြည့်တင်းမှု နည်းလမ်းလည်းဖြစ်ပါတယ်။ သက်သောင့်သက် သာရှိပြီး လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းထားတဲ့ အိပ်ခန်းတွေဟာ တစ်နေကုန် ပင်ပန်းနွမ်းနယ်ထား သမျှကို ဖြေဖျောက်ဖို့ အကောင်း ဆုံး နေအိမ်အစိတ်အပိုင်းဆိုတာ ငြင်းစရာ မရှိပါဘူး။ နည်းပညာ ခေတ်မှာတော့ အိပ်ခန်းအခြေအ နေကို ပိုမိုပြည့်စုံအောင်၊ ပိုမို ကောင်းမွန်အောင် စဉ်းစားတီထွင် ထားတဲ့ Gadget အများအပြား ထွက်ပေါ်လာပါတယ်။ ခေတ်သစ်လူနေမှု စံနှုန်းတွေနဲ့ ကိုက်ညီပြီးအိပ်ခန်းထဲမှာ အသုံးအဆောင်အ ဖြစ် ထားရှိသင့်တဲ့ စမတ် Gadget ခုနစ်မျိုးကို အခုဆောင်းပါးမှာ စုစည်းဖော်ပြလိုက်ပါတယ်။

Sleep Number Classic series မွေ့ရာ

Sleep Number က ထုတ် လုပ်တဲ့ စမတ်မွေ့ရာတွေမှာ အဓိကထူးခြားချက်က ကိုယ့်အိပ်စက်မှုအတွက် အဆင်ပြေ သင့်လျော် အောင် ချိန်ညှိပြောင်းလဲနိုင်ခြင်း ဖြစ်ပါတယ်။ အိပ်ရာတွေရဲ့ အပျော့အမာ၊ အထူအပါး အစရှိတဲ့အတိုင်းအတာတွေကို ကိုယ်အ ကြိုက်ဆုံးအနေအထားဖြစ်နေ အောင် အဝေးထိန်းကိရိယာလေး တစ်ခုနဲ့ ချိန်ညှိထားလို့ရပါတယ်။ ဒီမွေ့ရာတွေမှာ C2 နဲ့ C4 ဆိုတဲ့မျိုးကွဲနှစ်ခုထပ်ရှိပြီး C4 ကတော့ပိုမိုနူးညံ့သလို အရည်အသွေး လည်း ပိုကောင်းပါတယ်။ ခါးနာ နေတဲ့ အချိန်မျိုးမှာ မွေ့ရာမျက်နှာပြင်ကို မာကျောစေပြီး နွမ်းနယ်ပင် ပန်းနေတဲ့ အချိန်ကျရင်တော့ မွေ့ရာကို ခပ်ပျော့ပျော့ပြောင်းထားဖို့ အတွက် ခလုတ်တစ်ချက်ပဲ နှိပ် စရာလိုမှာ ဖြစ်ပါတယ်။


Philips Hue အလင်းရောင်စနစ်

ဒီနေ့ခေတ်မှာ စမတ်မီးလုံး တွေ အမျိုးမျိုး အသုံးပြုလာကြတာ သိပ်မဆန်းတော့ပါဘူး။ Philips ရဲ့ Hue အလင်းပေးစနစ်ကတော့ ပုံမှန် မီးလုံးတွေနဲ့ တော်တော်ကြီးခြားနားတဲ့ လုပ်ငန်းဆောင်ရွက် နိုင်စွမ်းတွေ ပါရှိလာပါတယ်။ မီး ရောင် အတိုးအလျှော့အမျိုးမျိုးကို စိတ်တိုင်းကျ ချိန်ညှိနိုင်သလို မျက်စိအေးပြီး အိပ်ခန်းအတွက် သင့် တော်တဲ့ အရောင်မျိုးတွေကို ရွေးချယ်နိုင်ပါတယ်။ ပြီးတော့ နေရောင် မဝင်ရောက်နိုင်တဲ့ အခန်းမျိုးတွေမှာတောင် စံတော်ချိန်ကို လိုက်ပြီး တကယ့်နေရောင် ဝင်ရောက်လာသလို မီးရောင်က အ ချိန်နဲ့ တစ်ပြေးညီပြောင်းလဲလာ အောင်လည်း စေခိုင်းထားလို့ရပါ တယ်။ ဒါကြောင့် မီးရောင်လင်း စေဖို့တင်မကဘဲ အလင်းရောင်ကို အသုံးပြုထားတဲ့ နှိုးစက်သဘော မျိုးပါ အသုံးဝင်မှာ ဖြစ်ပါတယ်။


Iker Nordli ကြိုးမဲ့အားသွင်းစားပွဲ

ညအချိန်မှာ ရုတ်တရက် မအိပ်သေးဘဲ အိပ်ရာပေါ်မှာ ဖုန်း ပွတ်နေရတာက အရသာတစ်ခု ပါ။ ဒါပေမဲ့ မျက်စိညောင်းပြီး အိပ်ချင်လာတဲ့အခါ ဖုန်းကို ပလတ် ပေါက်မှာ သွားပြီးအားသွင်းရတာ ကတော့ တကယ်ပျင်းဖို့ ကောင်း ပါတယ်။ ဒီပြဿနာကို Iker Nordli ရဲ့ ကြိုးမဲ့အားသွင်း နည်းပညာအထောက်အပံ့နဲ့ စားပွဲကလွယ်လွယ်ကူကူ ဖြေရှင်းပေးနိုင် ပါတယ်။ အိပ်ရာဘေးမှာ ဒီစားပွဲကို နေရာချထားရုံပါပဲ။ တခြား ပစ္စည်းတွေ တင်ထားလို့ရသလိုဖုန်းကို စားပွဲပေါ်က အဝိုင်းကွက် လေးမှာထားပြီး ကြိုးမဲ့ကွန်ရက်အချိတ်အဆက်နဲ့ အားသွင်းထား နိုင်ပါတယ်။ အားသွင်းတဲ့ နှုန်းကတော့ သိပ်အမြန်ကြီးမဟုတ်ဘူး။ ဒါပေမဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် နေတဲ့ တစ်ညတာကာလကတော့ ဖုန်းတစ်လုံး အားပြန်ပြည့်ဖို့လို တာထက်တောင် အများကြီးပိုပါတယ်။

Bedjet မွေ့ရာအအေးပေးစနစ်

တာဘိုင်ပန်ကာသုံး စမတ် ကိရိယာလေးဟာ မွေ့ရာသားနဲ့ ချိတ်ဆက်နေရာချထားတာ ဖြစ်ပါတယ်။ ချမ်းအေးတဲ့ ညတွေမှာ အိပ်ရာနွေးနွေးလေးနဲ့ အိပ်ရတာဇိမ်ရှိသလို ပူအိုက်တဲ့ ညတွေမှာ တော့ အေးမြတဲ့ အိပ်ရာမျိုးကို လူတိုင်း ပိုတောင့်တကြမှာပါ။ Bedjet ဟာ မွေ့ရာကို ပူအောင်၊ အေးအောင် စိတ်တိုင်းကျ ပြောင်း လဲပေးနိုင်ပါတယ်။ စမတ်ဖုန်းမှာ ထည့်သွင်းထားတဲ့ App တစ်ခုကို အသုံးပြုပြီး အိပ်ရာရဲ့ အပူချိန်ကိုသုံးမိနစ်အတွင်း ကိုယ်လိုချင်တဲ့ အတိုင်းအတာမျိုး ဖြစ်စေနိုင်ပါတယ်။ ပန်ကာ တပ်ဆင်ထားတဲ့ အတွက် ကလေးရှိတဲ့ အိမ်တွေမှာ ဆိုရင်တော့ အမြင့်ပိုင်းမှာ တပ် ဆင်သင့်ပါတယ်။


IQAir New Edition လေသန့်စက်

နေအိမ်ရဲ့ တခြားအစိတ်အ ပိုင်းတွေလိုပဲ အိပ်ခန်းထဲကိုလည်း မလိုလားချင်စရာ အနံ့အသက် တွေ ဝင်လာနိုင်ပါတယ်။ 

ပြီးတော့ အနံ့ဆိုးတွေ မဝင်ရင် တောင် လေထုသန့်စင်မှု အရည် အသွေး ကျဆင်းနေတာမျိုးဖြစ် ကောင်း ဖြစ်နိုင်တယ်။ လေထဲမှာ ညစ်ညမ်းမှု တွေရှိနေရင် သတိပြု မိဖို့ခက်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ လေသန့်စက်အမျိုး မျိုးရှိတဲ့ထဲမှာ IQAir ရဲ့ New Edition HealthPro Plus က ကျန်းမာရေးရှုထောင့်ကို အသား ပေးတည် ဆောက်ထားပါတယ်။ အရွယ်အစား ၀ ဒသမ ၀၀၃ မက် ခရွန်လောက်ထိ သေးငယ်တဲ့ အမှုန်အမွှားတွေကို စစ်ထုတ် သန့်စင်ပေးပြီး ၉၀၀ စတုရန်းပေ လောက် ကျယ်ဝန်းတဲ့ အခန်းတစ် ခန်းကိုတောင် နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ 


Here One စမတ်နားကြပ်

ဆူညံသံတွေကြောင့် အိပ် ရေးပျက်တာမျိုးက တကယ်စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အိပ်စက်မှုကို အထောက်အပံ့ပေး နိုင်တဲ့ နားကြပ်အမျိုးမျိုးတီထွင် ထားရာမှာ Here One ရဲ့ နားကြပ်ကတော့ ဆူညံသံတွေကို လုံလုံခြုံခြုံဟန့်တားနိုင်တဲ့အပြင် ကိုယ်လိုချင်တဲ့ အသံတွေကို စစ်ထုတ်ပြီး ချိန်ညှိလို့ ရပါတယ်။ အသံရဲ့ ကြိမ်နှုန်းအလိုက် ထောက်လှမ်းထား ပြီး ကြားချင်တဲ့အသံကိုပဲ ကြား အောင် လုပ်ထားနိုင်ပါတယ်။ ဒါ ကြောင့် အိပ်ခါနီး အချိန်မှာ လမ်းထိပ်က လော်စပီကာသံကို ပိတ်ထားပြီး ကိုယ့်စိတ်ကြိုက်ဖွင့်ထား တဲ့ သီချင်းသံကိုပဲ ကြားနေရတာ မျိုး ဒီနားကြပ်လေးက ကူညီပေး မှာ ဖြစ်ပါတယ်။


Zeeq စမတ်ခေါင်းအုံး

သက်သောင့်သက်သာ အိပ် စက်နိုင်ဖို့အပြင် ကျန်းမာရေး Gadget တစ်ခုအဖြစ်ပါ Zeeqစမတ်ခေါင်းအုံးကို ဖန်တီးထားတာ ဖြစ်ပါတယ်။ အိပ်စက်နေသူ ရဲ့ အသက်ရှူနှုန်း မူမှန် ဟုတ်၊ မဟုတ်၊ ဟောက်သံထွက်ပေါ်မှု အစရှိတာတွေကို ဒီခေါင်းအုံးက အာရုံခံ ထောက်လှမ်းမှတ်သားနေ မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ စမတ်ဖုန်းမှာ ထည့်သွင်းထားတဲ့ App ကို အကြောင်းကြားပြီး အိပ်စက်သူရဲ့ ကျန်းမာရေးနဲ့ပတ် သက်တဲ့ အကြံပေးမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ခေါင်းအုံးထဲမှာ Built-in အသံဖမ်း ကိရိယာတွေ ပါရှိပြီး ဟောက်သံကို ဖမ်းယူနေ မှာပါ။ ပြီးတော့ ညင်သာပျော့ ပျောင်းတဲ့ တုန်ခါမှုတွေဖြစ်ပေါ် စေပြီး အိပ်စက်ချိန်မှာ ခန္ဓာကိုယ်အနေအထားကို သက်သောင့် သက်သာရှိအောင်  အသာအယာ လှုံ့ဆော်ပေးပါတယ်။ 

—Ref: Reader’s Digest

(ဇွဲရဲဝင့် ဘာသာပြန်သည်)

Top News