အားလပ်ရက်မှာဖတ်စရာ

စာပေသဏ္ဌာန်မတူပေမယ့် မီးမောင်းထိုးပြထားတဲ့ အာဏာရှင်စနစ်
ဓာတ်ပုံ− နစ်ကီ

-ဒီတစ်ပတ်အားလပ်ရက်မှာ ဖတ်စရာအဖြစ် နေမင်းနိုင်ဘာ သာပြန်ဆိုတဲ့ ခရုသင်းတေးသံ စာအုပ်နဲ့ ABSDF ရဲမေဟောင်း ခင်ဌေးကြူရေးသားတဲ့ စာသင် ခန်းတွေကို စွန့်ခွာခဲ့ပြီးနောက် စာအုပ်တို့ကို ရွေးချယ်ထားပါ တယ်။

နေမင်းနိုင်ရဲ့ စာအုပ်က တော့ ဒုတိယ ကမ္ဘာစစ်အပြီး ကမ္ဘာမှာစစ်အေးတိုက်ပွဲမဆင်နွှဲခင် အားယူနေကြတဲ့အချိန်၊ ကမ္ဘာ့အင်အားကြီး နျူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေကြား ပြိုင်ဆိုင်မှုတွေကို နောက်ခံထားရေးသားတဲ့ စာပေနိုဗယ်ဆုရ အင်္ဂလိပ်စာရေးဆရာကြီး Willam Golding ရဲ့ နာမည်ကျော် Lord of The Flies ကို အင်္ဂလိပ်ကနေ မြန်မာဘာသာပြန်ဆိုထားတဲ့ ၀တ္ထုပါ။ ဒီဝတ္ထုမှာ ဥရောပတိုက်မှာ နျူကလီးယားစစ်ပွဲဖြစ်ပွားချိန် ကျောင်းသားလေးတစ်စုကို လေယာဉ်ပျံနဲ့ ဘေးကင်းလုံခြုံရာ ကျွန်းတစ်ခုဆီပို့ပေးတဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ ကျွန်းပေါ်မှာနေထိုင်ရင်း အဲဒီိကျောင်းသားလေးတစ်စု ဘယ်လိုရုန်းကန်ခဲ့ရတယ်။ ဘယ်လိုလျှောက်လှမ်းခဲ့ရတယ်။ ကျွန်းပေါ်မှာရှိတယ်လို့ ယူဆရတဲ့ သတ္တ၀ါကြီးအကြောင်းဖတ်ရပါ မယ်။ လူသားတွေရဲ့ ယဉ်ကျေးမှု နဲ့ ရိုင်းစိုင်းမှုသဘာဝကို အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ စနစ်ကျမှု အမိန့်နာခံမှုနဲ့ ခေါင်း ဆောင်မှုကို ကိုယ်စားပြုတဲ့ သင်္ကေတ ရပ်ဖ် ဆိုတဲ့ ကောင်လေးနဲ့ ရိုင်းစိုင်းမှုနဲ့ အာဏာတပ်မက်မှု ကို ကိုယ်စားပြုတဲ့ ဂျက်ဆိုတဲ့ ကောင်လေးတို့ကြား အားပြိုင်မှု ကို ဖွဲ့ဆိုထားပါတယ်။ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ် အားပြိုင်မှုကို ဖွဲ့ဆိုထားတယ်ဆိုရင်လည်း မမှားပါဘူး။

ရှစ်လေးလုံးအရေးတော်ပုံအပြီး လက်နက်ကိုင်တော်လှန်ဖို့ နယ်စပ်ဒေသရောက်သွားခဲ့ပြီး ကျောင်း သားတပ်မတော် (ABSDF)မှာ ပါဝင်ခဲ့တဲ့ ရဲမေခင်ဌေးကြူရဲ့ မှတ်တမ်းစာအုပ်မှာတာ့ တပ်မ တော်သား ဖခင်နဲ့ တပ်မတော် သားအစ်ကိုတို့ကို ဆန့်ကျင်ကာ စစ်အာဏာရှင်စနစ်ကို တော်လှန် ဖို့ မိသားစုနဲ့ဝေးရာ တောတွင်း တစ်နေရာရောက်ခဲ့တဲ့ အဲဒီရဲမေ ရဲ့ ဘ၀ဟာ စိတ်ဝင်စားဖွယ်ရာ၊ စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ ပြည့် နေပါတယ်။ ဒါပေမဲ့ ယခုမှတ်တမ်းစာအုပ်မှာ ABSDF ရဲ့ သမိုင်းဖြစ် စဉ်တွေကိုတော့ ဖတ်ရမှာမဟုတ် ပါဘူး။ သူတကယ်ကြုံရတဲ့ ဘ၀၊ သူသိမြင်ခဲ့ရတဲ့ ပတ်ဝန်းကျင်၊ သူ ဖြတ်သန်းခဲ့ရတဲ့ ရဲဘော်ရဲဘက် တွေအကြောင်း အခြေခံရေးထား တာကြောင့် ABSDF တပ်ဖွဲ့ဝင် တစ်ဦးရဲ့ ဒိုင်ယာရီလို့ ဆိုနိုင်ပါ တယ်။ ယခုစာအုပ်မှာ တနင်္သာရီ တိုင်း ပုလောဒေသမှာ ကျောင်း တက်နေရင်း ရှစ်လေးလုံးအရေး တော်ပုံကြီးနဲ့ ကြုံတွေ့တဲ့အခါ မိဘတွေကို ကလန်ကဆန်လုပ်ပြီး တော်လှန်ရေးထဲဝင်ခဲ့တဲ့အကြောင်း၊ အဖေနဲ့ အစ်ကိုတို့ရဲ့ ဒေါသတွေဟာ အိပ်မက်ထဲအထိ နှစ်ရှည်လများကြာအောင်လိုက်ပါခဲ့တဲ့အကြောင်း၊ ABSDF မှာဆေးကုသ စောင့်ရှောက်ရေး တာဝန်တွေ ထမ်းဆောင်ရုံမက ကြုံတွေ့ရတဲ့ ရှေ့တန်းတိုက်ပွဲအ ကြောင်းအထိ စီကာပတ်ကုံးရေး ထားပါတယ်။ ဒါ့အပြင် ABSDF ခေါင်းဆောင်တွေအပေါ် ထားရှိတဲ့ ကိုယ်ပိုင်အမြင်များကို ဖော်ပြထားသလို  တော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ ရင်းနှီးသူတွေအကြောင်း ဖတ်ရပါမယ်။

ဒီစာအုပ်နှစ်အုပ်ဟာ ဘာ သာပြန်နဲ့ ပင်ကိုရေးအဖြစ် အသွင်ကွဲပြားသလို ၀တ္ထုနဲ့ ကိုယ်တွေ့ဖြစ်လို့ မတူညီကြပေမယ့် တူညီမှုတစ်ခုကတော့ရှိပါတယ်။ ဒါကတော့ အာဏာရှင်စနစ်ကို မီးမောင်းထိုးပြခြင်းနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်လိုတဲ့ တူညီမှုပါ။ နေမင်းနိုင်ရဲ့ စာအုပ်ကို Momentum Book Publishing က တန်ဖိုး ၄,၀၀၀ ကျပ်၊ ရဲမေခင်ဌေးကြူရဲ့ စာအုပ်ကိုတော့ ရန်ကုန်လမ်းမများစာပေက တန်ဖိုး ၄,၀၀၀ ကျပ်နဲ့ပဲ ထုတ်ဝေထားပါတယ်။

Top News