အားလပ်ရက်မှာ လည်ပတ်စရာ

လေပေါ်ပျံဝဲ အိပ်မက်တွေ အသက်ဝင်စေမယ့် Indoor Skydiving
ဓာတ်ပုံ− နစ်ကီ

ဒီတစ်ပတ်မှာတော့ လေပေါ်မှာ ပျံဝဲပြီး ဆော့ကစားလိုသူတွေအ တွက် မကြာမီကမှ ဖွင့်လှစ်ထား တဲ့နေရာလေးတစ်နေရာကို ညွှန်း လိုက်ပါတယ်။

အဲဒီနေရာလေးက  မရမ်း ကုန်းမြို့နယ် တော်ဝင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ Indoor Sky-diving Yangon ပါ။ မြန်မာနိုင်ငံအနေနဲ့တော့ လေပေါ်မှာ ပျံဝဲပြီး ကစားနိုင်မယ့်နေရာကို ပထမဆုံး ဖွင့်လှစ်တာဖြစ်ပါတယ်။

Indoor Skydiving လုပ်  တယ်ဆိုတာကတော့ အမြင့် ၂၉ ဒသမ ၆ ပေ၊ အကျယ် ၁၂ ဒသမ ၁ ပေရှိတဲ့ Vertical Wind Tunnel ထဲမှာ သူတို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဝတ် ဆင်ထားတဲ့ ဝတ်စုံကို ဝတ်ဆင် ပြီး လေပေါ်မှာ ပျံဝဲရတာပါ။

Indoor Skydiving Yangonကို မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၁ ရက်ကမှ စတင်ဖွင့်လှစ်ခဲ့တာ ပါ။ ဆော့ကစားလိုသူတွေအ တွက် တစ်ယောက်ကို ငွေကျပ်ငါး သောင်းသတ်မှတ်ထားပေမယ့် ပထမစဖွင့်တဲ့ သုံးလကို ပရိုမိုးရှင်းအနေနဲ့ ၄၀ ရာခိုင်နှုန်း လျှော့ထားတာကြောင့် ငွေကျပ်သုံးသောင်းနဲ့ ကစားခွင့်ရမှာပါ။ နိုင်ငံခြားသားတွေအတွက်တော့ ဆော့ကစားမှုတစ်ကြိမ်ကို ကန်ဒေါ်လာ ၅၀ သတ်မှတ်ထားပေမယ့် လက်ရှိအချိန်မှာတော့ ၃၅ ဒေါ်လာနဲ့ ကစားခွင့်ရမှာပါ။

ကစားချိန်ကတော့ တစ်မိနစ်စာ နှစ်ကြိမ်လေပေါ်မှာ ပျံဝဲခွင့်ရမှာဖြစ်ပါတယ်။ ကစားမယ့်သူ တွေဟာ လေပေါ်မှာ မပျံဝဲခင် သူတို့ သတ်မှတ်ထားတဲ့ ဝတ်စုံ တွေကို ဝတ်ဆင်ရမှာ ဖြစ်သလို Trainer တွေက မိနစ်အနည်းငယ် လောက် အချိန်ယူပြီး Vertical Wind Tunnel ထဲမှာ ဘယ်လိုနေ ထိုင်ရမယ်ဆိုတာတွေကို သင် ကြားပေးပါတယ်။ ဝတ်စုံတွေက လည်း ခန္ဓာကိုယ်အတွက်တင်မ ဟုတ်ဘဲ ဦးထုပ်တွေ၊ မျက်မှန်တွေ နဲ့ နားထဲကို ထည့်တဲ့ နားဆို့လေး တွေကိုပါ ဝတ်ဆင်ရတာဖြစ်ပါ တယ်။

သင်ကြားပေးတဲ့ အချိန်မှာ သူတို့ကို လက်တွေ့အနေနဲ့လည်း Vertical Wind Tunnel ထဲမှာ နေရမယ့်ပုံစံတွေကို ပြသပေးပါ တယ်။ နောက်ပြီး စကားပြောလို့ မရတဲ့အတွက် လက်သင်္ကေတ တွေကို ပြသပြီး ဘယ်လိုပြရင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို တစ်ခါတည်းမှာကြားပါတယ်။

လေပေါ်မှာ ပျံဝဲနိုင်ဖို့ ဘယ် လိုနေထိုင်ရမယ်ဆိုတာကို ပြော ပြပြီးတဲ့အချိန်မှာတော့ သတ်မှတ် တဲ့အခန်းထဲကို သွားလို့ရပါပြီ။ Vertical Wind Tunnel ထဲမှာ လေပန်ကာကို ဖွင့်ထားတာ ကြောင့် အဲဒီအခန်းထဲကိုရောက် တဲ့ အချိန်မှာတော့ လှလှပပလေး နေနိုင်ဖို့ မလွယ်ကူလှပါဘူး။

နှစ်မိနစ်စာ အချိန်ကို ငွေ ကျပ်သောင်းဂဏန်း အသုံးပြုရ တာကြောင့် ဈေးကြီးတယ်လို့ ထင်ရပေမယ့် ပြည်ပနိုင်ငံတွေမှာ ဆိုရင် ဒေါ်လာရာနဲ့ချီပြီး ပေးရ တာကြောင့် တန်တယ်လို့ပဲ မှတ် ယူပြီး သွားရောက်ကစားခဲ့တယ် လို့ ဘလော့ဂါ ကျော်စိုးလွင်က သူ့ရဲ့ I Like That Page မှာ ရေးသားထားပါတယ်။

‘‘ကြောက်လည်း ကြောက် တယ်၊ အတွေ့အကြုံ မရှိထား တော့ ပိုဆိုးတယ်၊ ကိုယ်က သူတို့ နည်းပြတွေရဲ့ Video ကြည့်ပြီး အရမ်းကြိုက်လို့သွားတာ၊ ကိုယ် က ဘာမှ မလေ့ကျင့်ထားတော့ အရသာတော့ အဲဒီလောက်မရှိ ဘူးပေါ့။ ဒါပေမဲ့ ပထမတစ်ခေါက်ထက် ဒုတိယအခေါက်မှာ အထာ နည်းနည်းသိပြီး လေပေါ်ကို ပို ရောက်တယ်၊ ပြန်ချနိုင်တယ်၊ နည်းပြ အစ်ကိုကလည်း ခဏ လွှတ်ပေးတယ်၊ နောက်တစ်ကြိမ် ထပ်လုပ်မယ်ဆိုရင် အရသာရှိမှာ အသေအချာပါပဲ’’ လို့ Indoor Skydiving စီးရတဲ့ခံစားမှုကို I Like That Page မှာ ရေးသားထားပါတယ်။

ဒီကစားနည်းနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိထားပေမယ့် နည်းပြတွေပြောတဲ့အတိုင်း ခန္ဓာ ကိုယ်အနေအထားကို ထားတယ်၊ ညွှန်ပြတဲ့အတိုင်း လုပ်မယ်ဆိုရင် တော့ အခက်အခဲမရှိနိုင်ပါဘူးလို့ လက်ရှိမှာ နည်းပြအဖြစ် လုပ် ကိုင်နေတဲ့ ကိုကျော်မျိုးထွန်းက ပြောပါတယ်။

 ဒီကစားနည်းကို အသက် (၄) နှစ်အထက်ကနေ စပြီးဆော့ ကစားနိုင်မှာပါ။ ခန္ဓာကိုယ် အ လေးချိန်ကတော့ ပေါင် ၂၀၀ အထိ ဆော့ကစားနိုင်မှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ၊ လက်မောင်းနဲ့ ခြေ ထောက်အဆစ် ပြုတ်ထားဖူးသူ တွေနဲ့ နှလုံးရောဂါရှိသူတွေ၊ အ ရက်သေစာ၊ မူးယစ်ဆေးဝါးသုံး စွဲထားသူတွေကတော့ ဆော့က စားနိုင်မှာ မဟုတ်ပါဘူး။

 ဒီကစားနည်းကို လတ်ဗီး ယားနိုင်ငံက နည်းပညာအကူအ ညီနဲ့ ပြုလုပ်ထားတာဖြစ်ပြီး လက် ရှိ နည်းပြတွေကိုလည်း လတ်ဗီး ယားနိုင်ငံက ပညာရှင်တွေက ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာလက တည်းက လာရောက်သင်ကြား ပေးထားတာပါ။

Indoor Skydiving Yangonကို မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းက ဖွင့်လှစ်ထားတာဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထား ပါတယ်။

လေပေါ်မှာ ပျံဝဲဖို့ဆိုတာ သာမန်အနေနဲ့ဆိုရင် စိတ်ကူးထဲ မှာ၊ အိပ်မက်ထဲမှာပဲ လုပ်နိုင်မယ့်အရာတစ်ခုပါ။ ဒါကြောင့် စိတ် ကူးထဲက အိပ်မက်တွေကို လက် တွေ့  အကောင်အထည်ဖော်ခံစားနိုင်ဖို့ Indoor Skydiving Yangon ကို သွားပြီး ဆော့ကစားနိုင်ကြောင်း  ညွှန်းပေးလိုက်ရပါ တယ်။

Top News