ရန်ကုန်တိုင်းတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် လူ ၅၀ဦး သေဆုံး

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရေး အဘိတ်ဆေးခတ်နေစဉ် (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန်တိုင်းတွင် နှစ်စ မှလက်ရှိအချိန်အထိ သွေးလွန် တုပ်ကွေးရောဂါကြောင့် လူ ၅၀ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်က ပြောသည်။

၂၀၁၇ ဇန်န၀ါရီမှ အောက်တိုဘာလကုန်အထိ ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည်  လူဦးရေခြောက်ထောင်ကျော်ရှိကာ ၅၀ ဦး သေဆုံးခဲ့သည်။ 

ယခုနှစ်တွင် ဖြစ်ပွားမှုနှုန်းများပြားသော လှိုင်သာယာ၊ တောင်ဒဂုံကဲ့သို့ မြို့နယ်များအပြင် ရွှေပြည်သာကဲ့သို့ လူဦးရေထူထပ်သော မြို့နယ်များ၌ ရောဂါဖြစ်ပွားမှုများပြားလာပြီး အသက် (၈၇) နှစ် သက်ကြီးပိုင်းအရွယ်များပါ ဖြစ်ပွားမှုရှိလာသည်။ 

သေဆုံးမှုကို ကြည့်မည်ဆိုပါက ယခင်သေဆုံးမှုအများဆုံးဖြစ်သော ကလေးအရွယ်များအပြင် (၁၅) နှစ်အထက်အရွယ်များပါ သေဆုံးလာသည်။

‘‘အခုရန်ကုန်မှာ ဖြစ်ပွားမှုက တန့်နေတယ်ဆိုပေမယ့် ကျသွား တာမဟုတ်သေးဘူး။ အရင်လိုမိုး တွင်းလောက်တော့ မများပါဘူး။ ဒါပေမဲ့ ဖြစ်ပွားမှုကတော့ ရှိနေ တုန်းပဲ။ ဒါပေမဲ့ ဆက်လုပ်ဖို့အ တွက် လိုနေတယ်။ ဖြစ်တော့ဖြစ် နေကြတုန်းပဲဆိုတော့၊ အခုထိ လည်း သေတဲ့သူတွေရှိနေတုန်းပဲ ဆိုတော့ ပိုးလောက်လမ်းနှိမ်နင်း ရေးစတဲ့ ထိန်းချုပ်ရေးလုပ်ငန်းစဉ် တွေကတော့ မှန်မှန်လေးနဲ့ အရှိန် အဟုန်ကို မလျှော့ချဘဲ ဆက်လုပ်နေမှပဲ ဖြစ်မှာ။ Control ကောင်း ကောင်းမလုပ်ရင်တော့ ထပ်တက်နိုင်သေးတယ်’’ဟု ဒေါက်တာ အေး မွန်မွန်ကျော်က ရှင်းပြသည်။

လက်ရှိတွင် သွေးလွန်တုပ် ကွေးဖြစ်ပွားမှုသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားမှုကျဆင်းလာသော်လည်း ရှမ်းပြည်နယ် မူဆယ်နှင့် တန့်ယန်းမြို့တို့၌ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်တက်နေဆဲ ဖြစ်သည်။ တစ်နိုင်ငံအတိုင်းအတာအရ ၂၀၁၇ အောက် တိုဘာ ၇ ရက်အထိ ရောဂါဖြစ်ပွားသူဦးရေ နှစ်သောင်းခြောက်ထောင်ကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစာရင်းများ၌ ဖော်ပြထားသည်။

ထို့ကြောင့် မိုးနှောင်းကာလ ၌ မိုးရွာသွန်းတတ်သည့်နေရာများ အနေဖြင့် သွေးလွန်တုပ်ကွေး အထူးဂရုပြုရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန သွေးလွန်တုပ်ကွေးစီမံ ချက်မန်နေဂျာ ဒေါက်တာဇော် လင်းက အကြံပြုသည်။

ရန်ကုန်တိုင်းအတွင်း ပြီးခဲ့ သည့် ၂၀၁၆ တစ်နှစ်လုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂,၁၈၅ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးရှိခဲ့သည်။ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါသည် နှစ်စဉ် ခန့်မှန်းခြေ လူတစ်သောင်းကျော် ဖြစ်ပွားကာ ယင်းရောဂါကြောင့် လူနာ ၆၀ ခန့်သေဆုံးနေသည်။ 

Top News