ထိုင်းကြက်သားအစိမ်းရောင် အုန်းနို့ဟင်း

ဒီတစ်ပတ်တော့ ထိုင်းစတိုင်ကြက်သားဟင်းလေး အိမ်သားတွေ ကို ချက်ကျွေးရအောင်လို့ ဖော်ပြလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ ကြက်သားကို အတုံးများတုံး၍ ရေစင်အောင်ဆေးကာ အရသာမှုန့်၊ ဆား၊ ငံပြာရည်တို့ဖြင့် နယ်ထားပါ။

၂။ ခရမ်းကစော့သီးများကို ခြွေ၍ ခရမ်းကြွပ်သီးများကို ထက်ခြမ်းလှီး ထားပါ။

၃။ ဒန်အိုးတစ်လုံးထဲတွင် ဆီကိုအပူပေး၍ ဆီပူလျှင် အစိမ်းရောင်ဟင်း အနှစ်ကို ဆီသတ်ပါ။

၎။ အနှစ်ခြောက်လာလျှင် ကြက်သားထည့်၍လုံးပေးပြီး အရောင်ပြောင်းလာလျှင် အုန်းနို့နှင့် ရေအနည်းငယ်ထည့်ကာ တည်ပေးပါ။

၅။ ထို့နောက် ခရမ်းကစော့သီး၊ ခရမ်းကြွပ်သီး၊ ငရုတ်ပွသီးတို့ကိုထည့်၍ အဖုံးအုပ်တည်ပေးပါ။

၆။ ကြက်သားနူး၍ အရည်ပျစ်လာလျှင် အရသာစိတ်ကြိုက်မြည်း၍ မီး ပိတ်ပေးလို့ရပါပြီ။

ပါဝင်ပစ္စည်းများ

ကြက်သား(၃၀) ကျပ်သား

ထိုင်းအစိမ်းရောင်ဟင်းအနှစ်စားပွဲတင်ဇွန်း (၂) ဇွန်း

အုန်းနို့စားပွဲတင်ဇွန်း (၅) ဇွန်း

ငရုတ်ပွအနီ၃ တောင့်

ခရမ်းကစော့သီး၁ စည်း

ခရမ်းကြွပ်သီး၂ လုံး

ဆီစားပွဲတင်ဇွန်း (၂) ဇွန်း

Ei's Cooking Diary က ပံ့ပိုးကူညီသည်။

Top News