အသားအရေကောင်းတဲ့ခေါင်ရန်းပန်း

ပန်းဥယျာဉ်တွေမှာ အလှဆင် စိုက်ပျိုးလေ့ရှိပြီး စူးရှတောက်ပတဲ့ အရောင်အဆင်းရှိတဲ့ ခေါင်ရန်း ပန်းတွေဟာ အသားအရေ ကောင်းစေတယ်ဆိုရင် ယုံကြပါ့ မလား။ ခေါင်ရန်းပန်းရဲ့ကောင်း ကျိုးတွေကို သိထားပြီး ကောင်း ကောင်းအသုံးချနိုင်အောင် မျှဝေ ပေးလိုက်တယ်နော်။

- ခေါင်ရန်းပန်းခြောက်ကို အမှုန့် ထောင်းပြီး ပင်လယ်ဆားအနည်း ငယ်နဲ့ အုန်းဆီကိုရောပြီး မျက်နှာ ကို တစ်ပတ်တစ်ကြိမ်(ဒါမှမဟုတ်) နှစ်ကြိမ်လောက်လိမ်းပြီး နှိပ်နယ် ပေးရင် အရေပြားဆဲလ်သေတွေ ကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်စေပါတယ်။

- ခေါင်ရန်းပန်းခြောက်မှုန့်ကို ရွှံ့စေးဖြူမှုန့်၊ ရေတို့နဲ့ရောစပ်ပြီး မျက်နှာပေါင်းတင်ပေးရင် အဆီ တွေ၊ အညစ်အကြေးတွေကို သန့် စင်စေပါတယ်။

- မျက်နှာက အရေးအကြောင်း တွေ ပျောက်ချင်ရင် ခေါင်ရန်းပန်း လက်တစ်ဆုပ်စာလောက်ကို ထောင်းပြီး အဲဒီအနှစ်နဲ့ အရေးအ ကြောင်းနေရာတွေကို သုတ်လိမ်း ပြီး မိနစ် ၂၀ လောက်ထားပြီးတော့ မျက်နှာသစ်ပေးနိုင်ပါတယ်။

- ဇလုံအသေးလေးတစ်ခုထဲကို ရေနွေးနွေး တစ်ဝက်လောက် ထည့်ပြီးတော့ ခေါင်ရန်းပန်းတွေကို ခြွေထည့်ပြီး စိမ်ထားတဲ့ အရည်နဲ့ ချွေးပေါက်ရှိတဲ့နေရာတွေ ကို သုတ်လိမ်းပေးရင် အဆိပ်အ တောက်တွေ ဖယ်ရှားပေးပြီး ပိတ်ဆို့နေတဲ့ ကြေးညှော်တွေကို သန့်စင်စေပါတယ်။

- ခေါင်ရန်းပန်းတွေကို ရေချိုးဇ လုံထဲစိမ်ထားပြီး ရေချိုးပေးရင် ပင်ပန်းနွမ်းနယ်တာတွေကို ပြေပျောက်စေပြီးတော့ စိတ်ဖိစီးမှု လျော့ကျစေပါတယ်။

Ref: wellnessbin

Top News