၂၀၁၇-၁၈ ဆောင်းရာသီနဲ့ လာနီညာဖြစ်စဉ်

ပစိဖိတ်သမုဒ္ဒရာရဲ့ ထူးခြားတဲ့ သဘာဝပထဝီဝင်ဖြစ်စဉ်တွေ

ပစိတ်ဖိတ်သမုဒ္ဒရာဆိုတာ ကမ္ဘာကြီးပေါ်မှာ အကြီးဆုံးသမုဒ္ဒ ရာရေပြင်ကြီးဖြစ်ပြီး တစ်နှစ်ပတ် လုံး မုန်တိုင်းတွေ ဖြစ်နေတတ် တယ်။ ကမ္ဘာ့အပူပိုင်းသမုဒ္ဒရာ တွေထဲမှာ အပူပိုင်းမုန်တိုင်း အရေအတွက် အများဆုံးဖြစ်တဲ့ ရေပြင်လည်းဖြစ်တယ်။ ပျမ်းမျှနဲ့ တွက်ရင်တောင် တစ်နှစ်ကို ၂၉ လုံးဖြစ်တယ်။

မိုးလေဝသဆိုင်ရာ ထူးခြား ချက်တွေ ပြောရရင် အများကြီး ပါပဲ။ ပစိဖိတ်သမုဒ္ဒရာဟာ တောင်ဘက်၊ မြောက်ဘက်ဆိုပြီး ကမ္ဘာကြီးရဲ့ တောင်ဘက်ခြမ်းမှာ ရော၊ မြောက်ဘက်ခြမ်းမှာရော ယှဉ်ပြီးရှိနေတဲ့ ရေပြင်ကြီးပေါ်မှာ ထူးခြားတဲ့ အဏ္ဏဝါဗေဒဖြစ်စဉ် တွေ၊ မိုးလေဝသဖြစ်စဉ်တွေထဲမှာ ရေပူစီးကြောင်း၊ ရေအေးစီး ကြောင်း အပြောင်းအလဲများကို အကြောင်းပြုပြီး အေးပြီးစွတ်စိုတဲ့ ရာသီဥတုများကို ဖြစ်စေတတ်တဲ့ လာနီညာဖြစ်စဉ်နဲ့ ပူပြီးခြောက် သွေ့သော ရာသီဥတုများကို ဖြစ် စေတတ်တဲ့ အယ်လ်နီညိုဖြစ်စဉ် တွေဟာ ဒေသတွင်း ရာသီဥတုကို သာမက ကမ္ဘာ့ရာသီဥတုများတွင် ပါ အရေးကြီးသော ဖြစ်စဉ်များ ဖြစ်လာခဲ့ရပါတယ်။

ပစိတ်ဖိတ်သမုဒ္ဒရာရဲ့ ပုံမှန် သဘာဝဖြစ်စဉ်တွေ

ပစိဖိတ်သမုဒ္ဒရာရဲ့ အီကွေ တာတောင်ဘက်ခြမ်း (တောင်ပစိဖိတ်သမုဒ္ဒရာ)မှာရော၊ မြောက်ဘက်ခြမ်း (မြောက်ပစိဖိတ်သမုဒ္ဒရာ) အတွင်းမှာရော တောင်-မြောက်လတ္တီတွဒ် ၂၂ ဒသမ ၅ ဒီဂရီနဲ့ ၄၅ ဒီဂရီကြားရှိ အပူပိုင်းဆက်စပ်ဒေသ (Subtro-pics) ရေပြင်အလယ်မှာ လေဖိအားများရပ်ဝန်းကြီးတွေ အီကွေတာရဲ့ တစ်ဖက်တစ်ချက်စီမှာ ရှိနေကြပါတယ်။ သူတို့ကို Subtropical Highs လို့ခေါ်ကြတယ်။ ဒီလေဖိအားများကြီးတွေရဲ့ ဗဟိုချက်ကို လေတွေက ဝေ့ပတ်တိုက်နေကြတယ်။ ကမ္ဘာ့မြောက်ခြမ်းမှာ နာရီလက်တံလည်တဲ့အတိုင်း တိုက်ခတ်ကြပြီး တောင်ဘက်ခြမ်းမှာတော့ နာရီလက်တံနဲ့ ဆန့်ကျင်ဦးတည်ရာဘက်နဲ့ တိုက်ခိုက်နေပါတယ်။

ဒါပေမဲ့ လေဖိအားများ ရပ် ဝန်းဖြစ်ကြတဲ့အတွက် ကမ္ဘာ့ တောင်ဘက်ခြမ်း မှာရော၊ မြောက်ဘက်ခြမ်းမှာရော လေ တွေဟာ ဗဟိုချက်မှ အပြင်ဘက် ကို ခွဲဖြာထွက်နေကြပါတယ်။ ဒါကြောင့် ဒီလေဖိအားများ ရပ် ဝန်းကြီးများ တည်ရှိရာ ပစိဖိတ် သမုဒ္ဒရာကြီးရဲ့ တောင်ဘက် ခြမ်းမှာရော၊ မြောက်ဘက်ခြမ်းမှာ ရော သမုဒ္ဒရာကြီးရဲ့ အလယ်ဗဟို မှာ တိမ်များကင်းစင်ပြီး ရာသီ ဥတု ကြည်လင်နေလေ့ရှိပါတယ်။ အဲဒါအပြင် အဲဒီလေဖိအားများ ရပ်ဝန်းကြီးများကို လှည့်ပတ် တိုက်ခတ်နေကြတဲ့ လေတွေမှာ ဒီလိုထူးခြားချက်တွေ ရှိနေတယ်။ ပထမအချက်ကတော့ လေတွေ ဟာ တစ်နှစ်ပတ်လုံး အမြဲတိုက် ခတ်နေတယ်။ နှစ်အချက်က တိုက်ခတ်နေတဲ့ လေတွေဟာ လေတိုက်နှုန်း အတက်အကျ အလွန်နည်းပြီး လေတိုက်နှုန်း အလွန်မှန်ကန်ကြတယ်။ နောက် ပြီး လေဦးတည်တိုက်ခတ်ရာ အရပ်ကလည်း အပြောင်းအလဲ အလွန်နည်းပြီး လေကြောင်း အလွန်မှန်ကန်ကြတယ်။

ပစိဖိတ်သမုဒ္ဒရာရဲ့ ပြောင်းလဲ လာရတဲ့ ပထဝီဝင်အနေအထား တွေ

အဲဒီအချက်တွေ အပေါ်မှာ အကြောင်းပြုပြီး ပစိဖိတ်သမုဒ္ဒရာ အတွင်းမှာ အဏ္ဏဝါပြင်အပေါ်မှာ အပြောင်းအလဲတွေ ဖြစ်လာကြရ ပါတယ်။ ပထမဆုံးအချက်က တော့ လေဖိအားများ ရပ်ဝန်းကြီး များကို  အမြဲပတ်တိုက်နေတဲ့ လေစီးကြောင်းများကြောင့် အီ ကွေတာရဲ့ တစ်ဖက်တစ်ချက်စီ မှာ ရေမျက်နှာပြင်အနီး အရှေ့ ဘက်မှ အနောက်ဘက်ကို အမြဲ တိုက်ခတ်နေတဲ့ အရှေ့မြောက် လေများနဲ့ အရှေ့တောင်လေများ ဖြစ်ပေါ်လာပါတယ်။ လေစီး ကြောင်းရဲ့ အဆက်မပြတ် အောက်ခံရေပြင်ကို ပွတ်တိုက်ဆွဲ ငင်နေမှုကြောင့် ရေပြင်အပေါ် အီကွေတာရဲ့ တစ်ဖက်တစ်ချက် စီမှာ အရှေ့က အနောက်ကိုစီး ဆင်းနေတဲ့ မြောက်အီကွေတာ ရေစီးကြောင်းနဲ့ တောင်အီကွေ တာရေစီးကြောင်းတွေ ဖြစ်ပေါ် လာစေပါတယ်။ ဒါကြောင့် ပစိ ဖိတ်သမုဒ္ဒရာကြီးရဲ့ အပေါ်ယံ ရေမျက်နှာပြင်ပေါ်မှာ အရှေ့ ဘက်မှ အနောက်ဘက်ကို အဆက်မပြတ် စီးဆင်းနေတဲ့ အီကွေတာရေစီးကြောင်းများ ကြောင့် ပစိဖိတ်သမုဒ္ဒရာကြီးရဲ့ အပေါ်ယံ ရေနွေးတွေဟာ အရှေ့ ဘက်မှ အနောက်ဘက်ကို သွား ရောက်စုပုံလာစေပါတယ်။ ဒါကို အကြောင်းပြုပြီး ပစိဖိတ်သမုဒ္ဒရာ ကြီးရဲ့ အပေါ်ယံအလွှာမှာ ရေ နွေးတွေဟာ အနောက်ဘက်ကို စုပုံလာမှုကြောင့် အနောက်ဘက် က ရေမျက်နှာပြင်အမြင့်ဟာ အရှေ့ဘက်ရေမျက်နှာပြင်အမြင့် ထက် နှစ်ပေခန့် ပိုမြင့်နေပါတယ်။ နောက်ပြီး အပေါ်ယံရေနွေးအလွှာဟာ အနောက်ဘက်ခြမ်းမှာ အတော်နက်တဲ့အထိရှိနေပေမယ့် အရှေ့ဘက်ခြမ်းမှာတော့ အပေါ်ယံရေနွေးအလွှာဟာ အနက်တိမ်တိမ်လေးသာ ရှိပါတယ်။

ပြောင်းလဲလာတဲ့ ရေစီးကြောင်းနဲ့ ရာသီဥတုအနေအထားတွေ

ဒီနေရာမှာ အပေါ်ယံရေ နွေးအလွှာ အရှေ့-အနောက် အမြင့်နဲ့ အနက်မတူညီမှုကြောင့် ဖြစ်ပေါ်လာရတဲ့ အရာတွေထဲမှာ အဏ္ဏဝါနဲ့ လေထု အပြန်အလှန် အကျိုးသက်ရောက်စေမှုမှတစ် ဆင့် ရာသီဥတုပုံစံအချက်တွေ ဟာ ပစိဖိတ်သမုဒ္ဒရာကို ထူးခြား စေပါတယ်။ ပထမဆုံးအချက် ကတော့ ရေဟာ မြင့်ရာမှနိမ့်ရာ သို့ စီးဆင်းတတ်တဲ့သဘာဝ ကြောင့် မျက်နှာပြင် ပိုမြင့်နေတဲ့ အနောက်ဘက်ခြမ်းက ရေနွေး တွေဟာ အရှေ့ဘက်ကို ပြန် လည်စီးဆင်းစေတဲ့အတွက် အီ ကွေတာတစ်ဖက်တစ်ချက်စီမှာ ရှိနေကြတဲ့ မြောက်အီကွေတာ ရေစီးကြောင်းနဲ့ တောင်အီကွေ တာ ရေစီးကြောင်းတို့ရဲ့အကြား အီကွေတာ ရပ်ဝန်းပေါ်မှာ အနောက်ဘက်မှ အရှေ့ဘက်ကို ပြန်စီးဆင်းနေတဲ့ ရေနွေးတန်ပြန် ရေစီးကြောင်း (Equatorial Counter Warm Current) ကို ဖြစ်ပေါ်လာစေပါတယ်။ ပုံမှန် အားဖြင့် ဒီတန်ပြန်ရေစီးကြောင်း ဟာ အားကောင်းတဲ့ အီကွေတာ ရေစီးကြောင်းများရဲ့ ဆန့်ကျင် ဟန့်တားမှုကြောင့် သမုဒ္ဒရာ အနောက်ဘက်ခြမ်းမှာပဲ ကန့် သတ်တည်ရှိနေကြရပါတယ်။ ဒုတိယအချက်ကတော့ အပေါ်ယံ ရေနွေးလွှာ ပိုမိုနက်တဲ့အထိရှိနေ တဲ့ အနောက်ဘက်ခြမ်းဟာ အရှေ့ဘက်ခြမ်းထက် ရေငွေ့ပြန် မှု ပိုကောင်းတဲ့အတွက် တိမ်တွေ၊ မုန်တိုင်းတွေ၊ မိုးရွာသွန်းမှုဖြစ်စဉ် တွေ ပိုဖြစ်ပေါ်စေပါတယ်။ တတိ ယအချက်ကတော့ အရှေ့ဘက် ခြမ်းမှာ အပေါ်ယံ ရေနွေးလွှာဟာ အနက်တိမ်တိမ်လေးသာ ရှိတဲ့ အတွက် အရှေ့ဘက်ခြမ်းမှာ အနက်ပိုင်းမှာ ရှိနေကြတဲ့ အောက်ခံရေအေးတွေဟာ အထက်အပေါ်ကို တက်လာကြ ပါတယ်။ ဒါကြောင့် အရှေ့ဘက် ခြမ်းမှာ ရေအပေါ်ယံ ထိုးထွက် ပေါက် (Upwelling)တွေ ရှိလာ စေပါတယ်။ အောက်အနက်ပိုင်း မှ ရေအေးများဟာ အပေါ်ယံရေ မျက်နှာပြင်ကိုကျတော့ ငါးသတ္တဝါ တွေအတွက် အစာချက်လုပ်တဲ့ အာဟာရဓာတ် ဓာတုပစ္စည်းတွေ သယ်ဆောင်လာကြတယ်။ ဒီဓာ တုပစ္စည်းတွေဟာ အထက်မျက် နှာပြင်ကို ရောက်လေ နေရောင် ခြည်ကို ပိုမိုရရှိလေဖြစ်လာရ တော့ နေရောင်ခြည်ဖြင့် ဓာတ်ပြု မှု (Photosynthesis) နည်းနဲ့ ဓာတ်ပြုကြတော့ ငါးစာတွေ အမြောက်အမြား ထွက်လာပါ တယ်။ ဒါကြောင့် ပစိဖိတ် သမုဒ္ဒရာရဲ့ အရှေ့ဘက်ရေပြင် ဟာ ငါးဖမ်းလုပ်ငန်း အကြီး အကျယ်လုပ်တဲ့ ဒေသဖြစ်လာပြီး ကမ္ဘာကျော် ငါးသေတ္တာပြုလုပ် တဲ့ Sardines အမျိုးအစားငါးတွေ အများဆုံး ဖမ်းယူရရှိတဲ့ ဒေသ ဖြစ်လာပါတယ်။  အဲဒါကြောင့် တောင် အမေရိကတိုက်ရဲ့ အနောက် ဘက်ကမ်းခြေနိုင်ငံတွေ ဖြစ်ကြတဲ့ အီကွေဒေါနဲ့ ပီရူး နိုင်ငံတွေဟာ ငါးလုပ်ငန်း အကြီး အကျယ်လုပ်ကြတဲ့ နိုင်ငံတွေ ဖြစ်လာကြပါတယ်။

အယ်လ်နီညို၊ လာနီညာရဲ့အစ ပီရူး၊ အီကွေဒေါတံငါသည်များက

ငါးဖမ်းလုပ်ငန်း အကြီး အကျယ် လုပ်ကိုင်ကြတဲ့ တောင် အမေရိကတိုက်အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများဖြစ်ကြတဲ့ ပီရူးနဲ့ အီကွေဒေါနိုင်ငံမှ တံငါ သည်များဟာ ငါးနှစ်မှ ခုနစ်နှစ် တစ်ကြိမ်ဆိုသလို ဆာဒင်းငါးတွေ လုံးဝ ဖမ်းမရလောက်အောင် ငါးတွေ ပျောက်ပျောက်သွားကြ တာကို တွေ့ကြရတယ်။ အဲဒီလို နှစ်မျိုးဆိုရင် ငါးလုပ်ငန်းဟာ အကြီးအကျယ် ကျဆင်းသွားပြီး နိုင်ငံတွေရဲ့ ဂျီဒီပီကိုလည်း များ စွာထိခိုက်စေတာကို တွေ့ကြရ တယ်။ ဒီလိုတွေဖြစ်တတ်တာကို ၁၅ ရာစုနှစ်လောက်ကတည်းက မှတ်တမ်းပြု ထားခဲ့ကြတယ်။ ဒီ ဖြစ်စဉ်ဟာ အကြောင်းရှာမရဘဲ ရှိနေခဲ့ရာမှ ၁၉၈၂ ခုနှစ်ရောက် တော့မှ အားအလွန်ကောင်းတဲ့ အယ်လ်နီညိုဖြစ်ခဲ့ရာမှ ဒါဟာ အယ်လ်နီညိုလို့ခေါ်တဲ့ ရေနွေးစီး ကြောင်းတွေ တိုးဝင်လာမှုကြောင့် ဖြစ်ရတယ်ဆိုတာကို သိလာကြရ ပါတယ်။

ပစိဖိတ်သမုဒ္ဒရာရဲ့သဘာဝ

သာမန်အားဖြင့် ပစိဖိတ် သမုဒ္ဒရာရဲ့ အီကွေတာရပ်ဝန်း ဒေသဟာ အနောက်ဘက်မှာ  ရေနွေးများရှိနေပြီး အရှေ့ဘက် မှာ ရေအေးများရှိနေပါတယ်။ ပုံ မှန်နှစ်တစ်နှစ်မှာ ရေနွေးနဲ့ရေ အေးတို့ဟာ အနောက်ဘက်နဲ့ အရှေ့ဘက် သီးသန့်စီ တည်ရှိနေ ကြတယ်။ ဒါပေမဲ့ ငါးနှစ်မှ ခုနစ်နှစ် တစ်ကြိမ်ဆိုသလို အရှေ့မြောက် ကုန်သည်လေတွေနဲ့ အရှေ့ တောင်ကုန်သည်လေတွေ အား လျော့သွားရာမှ အီကွေတာတောင် ဘက်၊ မြောက်ဘက်မှာရှိကြတဲ့ အီကွေတာ ရေစီးကြောင်းများပါ အားနည်း လျော့ကျသွားစေပါ တယ်။ ဒီအခါ အနောက်ဘက်မှာ ကန့် သတ်တည်ရှိနေခဲ့တဲ့ အီကွေတာ တန်ပြန် ရေနွေးစီးကြောင်းဟာ အနောက်ဘက်မှ အရှေ့ဘက်သို့ တဖြည်းဖြည်း တိုးလာမှုကြောင့် ခရစ္စမတ် ကာလခန့်တွင် အီကွေဒေါ၊ ပီရူးကမ်းခြေကို ရောက်ရှိလာတဲ့အထိဖြစ်လာခဲ့ရင် အဲဒါကိုအယ်လ်နီညိုလို့ ခေါ်တွင်လာခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် အနောက်ဘက်မှ ရေနွေးများ အရှေ့ဘက်အထိ ရောက်ရှိသွားခြင်းကို အယ်လ်နီညိုလို့ခေါ်ခြင်း ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် အရှေ့ဘက်မှ ရေအေးများဟာ အနောက်ဘက်ရောက်တဲ့ အထိ တိုးဝင် လာခဲ့မယ်ဆိုရင်တော့ ဒါ ကို အယ်လ်နီညိုနဲ့ ဆန့်ကျင်ဘက် အနေနဲ့ လာနီညာလို့ခေါ်ပါတယ်။

အယ်လ်နီညိုနဲ့ လာနီညာရာသီ ဥတု

အားကောင်းတဲ့ အယ်လ်နီ ညို၊ လာနီညာ ရာသီဥတုဖြစ်ခဲ့ရင် ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်တဲ့ သြစတြေးလျ၊ အမေရိကနဲ့ အာရှ တိုက်သာမက အာဖရိကတိုက် နိုင်ငံများပါ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ယေဘုယျအားဖြင့် အယ်လ်နီညိုရာသီဥတုက ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ် စေတတ်ပြီး လာနီညာရာသီဥတု က အေးပြီး စွတ်စိုတဲ့ ရာသီဥတု ကို ဖြစ်တတ်ပါတယ်။ အယ်လ်နီ ညို၊ လာနီညာ ရာသီဥတုဖြစ်စဉ် များဟာ အားအကောင်းဆုံးအချိန် ဟာ ဒီဇင်ဘာ ခရစ်စမတ်ကာလ ဖြစ်ပြီး အကြမ်းအားဖြင့် ၁၂ လမှ ၁၈ လအထိ ကြာမြင့်တတ်ပါ တယ်။ ဒါကြောင့် အယ်လ်နီညို၊ လာနီညာဖြစ်စဉ် ထိခိုက်မှုများ ဟာ ဧရိယာအားဖြင့် ကျယ်ဝန်း ပြီး အချိန်ကာလအားဖြင့် ကြာ မြင့်သောကြောင့် ထိခိုက်ဆုံးရှုံးမှု ကြီးမားစေလေ့ရှိပါတယ်။

အားကောင်းတဲ့ အယ်လ်နီညို၊ လာနီညာဖြစ်မှ မြန်မာနိုင်ငံကို ထိခိုက်နိုင်ပါတယ်

အယ်လ်နီညို၊ လာနီညာ ဖြစ်စဉ်များရဲ့ ဇာတိဒေသ (Home of El Nino/ La Nina) ဟာ မြန်မာနိုင်ငံနဲ့ မိုင်ထောင် ပေါင်းများစွာဝေးတဲ့ တောင် အမေရိကတိုက် အနောက်ဘက် ကမ်းရိုးတန်း ဒေသမှာရှိတဲ့ အီ ကွေဒေါနဲ့ ပီရူးနိုင်ငံတို့ ဖြစ်ကြပါ တယ်။ ဒါကြောင့် အင်အား အနည်းငယ်၊ အားအသင့်အတင့် သာရှိတဲ့ ဖြစ်စဉ်များဖြစ်ပါက မြန်မာနိုင်ငံအပေါ် သိသာထင်ရှား တဲ့ သက်ရောက်မှု လျော့နည်း တတ်ပါတယ်။ ဒါပေမဲ့ အား ကောင်းတဲ့ အယ်လ်နီညို၊ လာနီ ညာဖြစ်ပါက ထိခိုက်မှုများပြား တတ်ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင် ဘာလမှ ၂၀၁၆ ခုနှစ် မေလအထိ ၁၉ လကြာ ဖြစ်ပေါ်ခဲ့တဲ့  ရာစု နှစ်ရဲ့ အယ်လ်နီညိုကြောင့် မြန် မာနိုင်ငံမှာ ကြုံတွေ့ခဲ့ကြရတဲ့ ထိခိုက်မှုများကတော့ (၁) အပူ ချိန်များ စံချိန်တင်အောင်မြင့် တက်ခြင်း၊ (၂) မိုးများ စံချိန်တင် အောင် လျော့နည်းခြင်း၊ (၃) စိုက် ပျိုးသီးနှံများ အထွက်လျော့နည်း ကျဆင်းခြင်း၊ (၄) ဗိုင်းရပ်စ် အသစ်ရောဂါများ ကြုံတွေ့ခြင်း၊ (၅) ရေရှားပါးပြတ်လပ်မှု ကြုံ တွေ့ရခြင်း၊ (၆) မီးလောင်မှုများ စံချိန်တင်အောင် မြင့်တက်ခြင်း စတာတွေ ကြုံတွေ့ခဲ့ရပါတယ်။

အလားတူပဲ လာနီညာရာသီ ဥတုကြောင့် အပူချိန်များ ကျ ဆင်းပြီး မိုးများ တိုးစေတတ်တာ ကြောင့် ဆောင်းဦးရာသီ၊ ဆောင်း ရာသီများမှာ အေးပြီး စွတ်စိုတဲ့ ရာသီဥတုအပြင် အအေးလှိုင်း ဒဏ်ကိုပါ ကြုံတွေ့စေရတတ်ပါ တယ်။ မုန်တိုင်းရာသီတွင် မုန် တိုင်းများ အဖြစ်များသည့်အပြင် မြန်မာနိုင်ငံကိုလည်း မုန်တိုင်းဝင် တတ်ပါတယ်။ အပျက်အစီး၊ အသေအပျောက်များတဲ့ ပုသိမ် မုန်တိုင်း (၁၉၇၅) နဲ့ နာဂစ်မုန်တိုင်း (၂၀၀၈)တို့ဟာ လာနီညာနှစ်တွေ ဖြစ်ကြပါတယ်။ မိုးများမှုကြောင့် မိုးရာသီမှာ မြေပြိုခြင်း၊ ကမ်းပါး ပြိုခြင်း၊ တောင်ကျရေကျဆင်း ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း တို့အပြင် မြစ်ရေကြီးခြင်းတို့ကိုပါ ကြုံတွေ့ စေရတတ်ပါတယ်။

အယ်လ်နီညို၊ လာနီညာ စောင့် ကြပ်ကြည့်ရှုရေးအစီအစဉ်

ယခင်ငါးနှစ်မှ ခုနစ်နှစ်တစ် ကြိမ် ဖြစ်တတ်တဲ့ ဖြစ်စဉ်တွေ ဟာ ရာသီဥတု ပြောင်းလဲမှု ကြောင့် ၂နှစ်မှ သုံးနှစ်တစ်ကြိမ် ဆိုသလို အဖြစ်များလာပါတယ်။ ဒါကြောင့် ပစိဖိတ်သမုဒ္ဒရာအရှေ့  ပိုင်း အီကွေတာရပ်ဝန်းဒေသမှာ အယ်လ်နီညို၊ လာနီညာ စောင့် ကြပ်ကြည့်ရှုရေး ဧရိယာများ အဖြစ် Nino 1, Nino 2, Nino 3 နဲ့ Nino 4 ဆိုပြီး ဧရိယာ လေး နေရာ သတ်မှတ်ထားပြီး ဧရိယာ တစ်ခုချင်းစီရဲ့ ပင်လယ်ရေမျက် နှာပြင် အပူချိန် ပုံမှန်မှ ကွာခြား ချက် (Sea Surface Temperat -ure Anomaly-SSTA)တို့ကို တိုင်းတာစောင့်ကြည့်ရပါတယ်။ သာမန်အားဖြင့် SSTA ဟာ -0.5ံC မှ +0.5ံC အတွင်းရှိ ပါက ကြားနေနှစ်၊ +0.5ံC ထက်ကျော်ပါက အယ်လ်နီညို နှစ်၊ -0.5ံC အောက် လျော့ပါ က လာနီညာနှစ်ဟု သတ်မှတ် လေ့ရှိပါတယ်။

၂၀၁၇-၁၈ လာနီညာနှစ်

အယ်လ်နီညို၊ လာနီညာ စောင့်ကြည့် ဧရိယာတွင် ၂၀၁၇ စက်တင်ဘာမှစတင်ကာ SSTA များဟာ ပုံမှန်အောက် လျော့နည်း ကျဆင်းနေတဲ့အတွက် ၂၀၁၇- ၁၈ ဆောင်းဦးရာသီနဲ့ ဆောင်း ရာသီကာလဟာ လာနီညာဖြစ်ဖို့ ၅၅ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်း အထိ သေချာမှုရှိနေပြီလို့ ဆိုပါ တယ်။ ၂၀၁၇ အောက်တိုဘာ ၃၀ ရက်နေ့ တိုင်းတာချက်များအရ SSTA အနည်းဆုံး -0.2ံC မှ -1.4ံC အထိရှိနေပါတယ်။ မကြာမီ လာနီညာဖြစ်ဖို့ အလား အလာရှိနေပြီဖြစ်ပါတယ်။ ဧရိ ယာ လေးခုစလုံးမှာ SSTA ဟာ -0.5ံC ကျော်တာနဲ့ လာနီညာ နှစ် ကြေညာတော့မှာ ဖြစ်ပါတယ်။လောလောဆယ်မှာလည်း မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ဆောင်းလေအေးများ တိုက်ခတ် ခြင်းကြောင့် နံနက်ခင်းတွင် မြူ ကျခြင်း၊ နံနက်နဲ့ညပိုင်းအချိန်များ တွင် အအေးဓာတ်ရရှိနေခြင်း၊ မိုး များ မပြတ်ရွာနေခြင်း စတဲ့ လာနီ ညာရဲ့ အမှတ်လက္ခဏာရာသီဖြစ် စဉ်များ စတင်ကြုံတွေ့နေရပြီဖြစ် တဲ့အတွက် ဒီနှစ်အတွင်း လာနီညာဖြစ်၊ မဖြစ်ဆိုတာကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်ကြဖို့ လိုအပ် နေပါလိမ့်မယ်ဆိုတာကို အသိပေး နှိုးဆော်လိုက်ရပါတယ်။

Top News