ရခိုင်ဒေသ တရားဥပဒေစိုးမိုးရေး တရားမျှတစွာဆောင်ရွက်ကြောင်း ကမ္ဘာကိုပြရန် ရဲတပ်ဖွဲ့ဝင်များကို ဒေါ်အောင်ဆန်းစုကြည်မှာကြား

ရခိုင်ဒေသတွင် တရား ဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ တရားမျှတစွာ ဆောင်ရွက် ကြောင်း ရဲတပ်ဖွဲ့ဝင်များက ကမ္ဘာကို ပြသရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းသည်။


ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၂ ရက်က ရခိုင် ပြည်နယ် မောင်တောဒေသသို့ ပထမဆုံး သွားရောက်သည့် ခရီး စဉ်တွင် ကျီးကန်းပြင်ရှိ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအ ဖွဲ့ ဌာနချုပ်သို့ ရောက်ရှိရာ ရခိုင် တိုင်းရင်းသားရဲတပ်ဖွဲ့ဝင်များ၊ မိသားစုများနှင့် တွေ့ဆုံစဉ် ယင်း သို့ ပြောကြားခဲ့သည်။ 

‘‘အခု ရခိုင်ကဆိုလို့ရှိရင် စိန်ခေါ်မှုတွေ အရမ်းများတယ်။ တစ်ကမ္ဘာလုံးကလည်း စိတ်ဝင် စားတယ်။ ရခိုင်မှာ တရားဥပဒေ စိုးမိုးမှုရှိရဲ့လား။ ရခိုင်မှာ တရား မျှတမှုရှိရဲ့လားဆိုတာ တစ်ကမ္ဘာ လုံးက စိတ်ဝင်စားတယ်။ တစ် ကမ္ဘာလုံးက စိတ်ဝင်စားနေတဲ့အ ခါမှာ ရဲတွေကနေ ဘယ်လောက် တရားမျှမျှတတနဲ့ ကိုယ့်ရဲ့ ရပ်ရွာ ကို အေးချမ်းအောင် လုပ်နိုင်လဲ ဆိုတာ ပြနိုင်ဖို့လိုတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တရားမျှတမှန်ကန်စွာ လုပ်ဆောင် ကြောင်း ပြသရာတွင် အမြင်အရ တင်မဟုတ်ဘဲ မြန်မာနိုင်ငံ၏ တကယ့်လိုအပ်ချက်အရ လုပ် ဆောင်ရန် တိုက်တွန်းသည်။ ရခိုင်ဒေသတွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်သည်ဟု ပြောဆိုမှုများရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

‘‘ရဲဆိုတာ တရားဥပဒေကို ကာကွယ်တဲ့သူက အားလုံးကို တန်းတူ ဥပဒေအတိုင်း ဆက်ဆံရ တယ်။ ရဲတွေက ဒီဘက်မှာ လုံခြုံ ရေးအတွက် အဓိကအားကိုးရမှာ ရဲတွေပဲ ဖြစ်တယ်။ ဒါကြောင့်မို့ ရဲတွေက ကိုယ့်ကိုယ်ကိုယ် အရည် အချင်းမြင့်အောင် ကြိုးစားစေချင် တယ်’’ဟု ၎င်းကပြောသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့်အရည်အချင်းရှိသင့်လဲ ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်းနှင့် တွေ့ဆုံသည့် ရဲတပ်ဖွဲ့ဝင်များ ကို မေးမြန်းရာ လုပ်သက် (၂၉)နှစ် ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက လုံခြုံရေး ဆောင်ရွက်မှု အရေးကြီးကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ဒေါ်အောင်ဆန်း စုကြည်က ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် ပြည်သူလူထု၏ ယုံကြည်မှု၊ လေးစားမှု၊ အားကိုးမှု ရရှိရေး သည် အဓိကဖြစ်ပြီး ဂျပန်နိုင်ငံ တွင် ရဲများကို ပြည်သူများက ယုံ ကြည်အားကိုးမှုရှိကြောင်း ပြော သည်။

‘‘သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ရဲရှိလို့ရှိရင် အားလုံးလုံခြုံတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ အဲဒါ အ ရေးကြီးဆုံးပဲ။ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပြည်သူလူထုရဲ့ လေးစားမှုကို ရယူနိုင်တာ။ အဲဒီဟာအ တွက်ကို ကိုယ့်ဘာသာကိုယ် လေ့ ကျင့်ရမယ့် စိတ်ထားပေါ့။ ကိုယ့် စိတ်ဓာတ်ကို ကိုယ်ပဲလေ့ကျင့်ရ မှာ’’ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ရဲတပ်ဖွဲ့များအား ပြည်သူ က အားကိုးလေးစားရန် တပ်ဖွဲ့ ဝင်များကိုယ်တိုင် မျှတမှန်ကန် စွာ လုပ်ဆောင်နိုင်ရန် အရေးကြီး ကြောင်း ၎င်းက ဆိုသည်။

‘‘ရဲတစ်ယောက်ပြောလိုက် တဲ့ စကားက ၁၀၀ ရာခိုင်နှုန်း ယုံ ကြည်ရတယ်ဆိုတဲ့ စိတ်က ပြည် သူလူထုကြားထဲ ဝင်သွားအောင်၊ ရဲဆိုတာ ငါတို့အိမ်လာတာ အ ကောင်းအတွက်ပဲလာတာ၊ ငါတို့ ကို ကူညီဖို့အတွက် လာတယ်ဆို တဲ့စိတ် ပြည်သူလူထုကြားထဲ ရှိရ မယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပြီး ပြည်သူလူထု၏ ယုံကြည်မှုရရှိအောင် ကြိုးစားရန် မှာ ကြားသည်။

Top News