ဘင်္ဂလားဒေ့ရှ်ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင် ၅၀၀ ကျော် ပြန်လက်ခံရေး ညှိနှိုင်းနေဟု ဦးဇော်ဌေးပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများကို ပြန်လည် လက်ခံရာတွင် ဟိန္ဒူဘာသာဝင် ၅၀၀ ကျော်အား ပြန်လည်လက်ခံနိုင် ရေး ညှိနှိုင်းနေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ ဟိန္ဒူဘာသာဝင်များကို ပြန်လည်လက်ခံရေး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများနှင့် အသေးစိတ်ညှိနှိုင်းနေကြောင်း ၎င်းကဆိုသည်။

‘‘ပြန်လက်ခံရေးနဲ့ပတ်သက်ပြီး ဟိုဘက်ထွက်သွားတဲ့လူတွေ အကုန်လုံး စိစစ်ပြီးလက်ခံမယ်။ လက်ခံတဲ့အထဲမှာမှ အငြင်းပွား ဖွယ်မရှိပေါ့။ ဟိုဘက်ဒီဘက်လည်း အဆင်ပြေပြေဖြစ်တာပေါ့။ အဲဒီ တော့ ဟိန္ဒူတွေ ဟိုဘက်မှာ ၅၅၀ လောက်ရောက်နေတယ်။ သူတို့ ကလည်း ပြန်လာချင်တယ်ဆိုတဲ့သတင်း အချက်အလက်တွေ သိထား တယ်။ အဲဒါ ပြန်လက်ခံမယ်ပေါ့နော်’’ဟု ဦးဇော်ဌေးက ပြောသည်။မောင်တောဒေသ အကြမ်း ဖက်မှု ဖြစ်စဉ်များကြောင့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့ တောင်မြို့နယ်တို့ရှိ ကျေးရွာ ၁၃ ရွာမှ ဟိန္ဒူဘာသာဝင် ၄,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရပြီး ၅၀၀ ကျော် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရကြောင်း စစ်တွေမြို့ မှ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမောင်က ပြောသည်။

ဘေးဒုက္ခ ခံစားခဲ့ရသော ဟိန္ဒူ ဘာသာဝင်များအတွက် ကယ်ဆယ်ရေးစခန်းသုံးခုကို စစ် တွေမြို့တွင် ဖွင့်လှစ်ခဲ့ရာ ယခုအ ခါ စခန်းနှစ်ခု ပိတ်သိမ်းခဲ့ပြီး ဒေသခံများ နေရပ်ပြန်သွားကြ ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ နေရပ်ပြန်သူများအတွက် လုံခြုံ ရေး အခြေအနေ စိုးရိမ်နေရဆဲ ဖြစ်၍ အစိုးရအဖွဲ့ထံ တင်ပြအသိ ပေးထားကြောင်း ဟိန္ဒူဘာသာ ရေးအသိုင်းအဝိုင်းက ပြောသည်။

ဩဂုတ် ၂၆ ရက်တွင် အ ကြမ်းဖက်သမားများ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မောင်တောမြို့ ဆောက်လုပ်ဆဲ ခရိုင်တရားရုံး၌ ဟိန္ဒူဘာသာဝင်ခြောက်ဦးနှင့် မောင်တောမြို့ နေအိမ်အတွင်းရှိ ဟိန္ဒူဘာသာဝင်ကလေးငယ်တစ် ဦး၊ စုစုပေါင်း ခုနစ်ဦးသေဆုံးခဲ့ သည်။ ထို့အပြင် မောင်တောမြို့ နယ် ရဲဘော်ကျကျေးရွာရှိ ဟိန္ဒူ ဘာသာဝင်အများအပြား အကြမ်းဖက်သမားများ၏ တိုက်ခိုက်သတ် ဖြတ်မှုခံခဲ့ရသည်။

ဩဂုတ် ၂၅ ရက်ကစတင်၍ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည့် မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်တွင် ဟိန္ဒူဘာသာဝင် ၅၂ ဦး သေဆုံးပြီး ၂၀၀ ခန့် ပျောက်ဆုံးကြောင်း အစိုးရက သတင်း ထုတ်ပြန်သည်။

မောင်တောဒေသ အကြမ်း ဖက်မှုဖြစ်စဉ်များကြောင့် ဘင်္ဂ လားဒေ့ရှ်သို့ ရောက်ရှိသူများအ နက် ARSA အကြမ်းဖက်သမား များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဖမ်း ဆီးခေါ်ဆောင်ခဲ့သည့် ဟိန္ဒူ ဘာသာဝင် အမျိုးသမီးရှစ်ဦးနှင့် ကလေးရှစ်ဦးတို့ကို မြန်မာလုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ အကူအညီ ဖြင့် အောက်တိုဘာလဆန်းက မောင်တောဒေသသို့ ပြန်လည် ခေါ်ယူခဲ့သည်။

More in News Section

Top News