ရေစကြိုနှင့် ပခုက္ကူရှိ ကမ်းပါးပြိုဒေသခံများအား တိုင်းအစိုးရက တစ်အိမ်ထောင်လျှင် ကျပ်သုံးသိန်းစီထောက်ပံ့

ကမ်းပြိုဒုက္ခသည်များအား ထောက်ပံ့ကြေးပေးအပ်နေစဉ် (ဓာတ်ပုံ − ဦးတင်သောင်း)

 ကမ်းပါးပြိုဘေးဒဏ် ခံစားရသည့် ရေစကြိုနှင့် ပခုက္ကူမြို့နယ်ရှိ ဒေသခံ အိမ်ထောင်စု၂၈၀ ဦးအား မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့က တစ်အိမ်ထောင် လျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ကြောင်း တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြော သည်။

နိုဝင်ဘာ ၃ ရက်က ယင်း မြို့နယ်များသို့ သွားရောက်ပေး အပ်ပြီး ကမ်းပါးပြိုဘေးဒဏ်ခံစား ရသည့် ရေစကြိုမြို့နယ်ရှိ အိမ်ထောင်စု ၂၅၄ စုနှင့် ပခုက္ကူမြို့ နယ်ရှိ အိမ်ထောင်စု ၂၆ စုအ တွက် တစ်အိမ်ထောင်လျှင် ကျပ် သုံးသိန်းနှုန်းဖြင့် ကျပ်သိန်း ၅၄၀ ထောက်ပံ့ပေးအပ်ခဲ့သည်။

‘‘တိုင်းအစိုးရအဖွဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေ ထဲက တစ်အိမ်ထောင် ကျပ်နှစ် သိန်းနှုန်းနဲ့ လူကယ်ပြန်က တစ် သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ယခင်ကလည်း ထောက်ပံ့ ပေးအပ်တာတွေ ရှိ တယ်’’ဟု ဒေါက်တာခင်မောင် အေးက ပြောသည်။

ကမ်းပါးပြိုဘေးရင်ဆိုင်နေ ရသည့် ဒေသခံများသည် နေ စရာခက်ခဲနေပြီး ယင်းကဲ့သို့ ကူညီ ထောက်ပံ့ပေးခြင်းသည် ၎င်းတို့အတွက် အထောက်အပံ့ဖြစ်စေကြောင်း ရေစကြိုမြို့နယ် တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးတင် သောင်းက ပြောသည်။

 ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံ ရာ ဒေသများဖြစ်သော ဗလဘ ကျေးရွာ၊ ပေါက်တောကျွန်၊ ငါ့မျာ ကြီး စသော ကျေးရွာများသည် နှစ်စဉ် မြစ်ရေတက်ချိန်များတွင် ကမ်းပါးပြိုကျမှုအန္တရာယ်ရင်ဆိုင်ရပြီး ကမ်းပါးပြိုကျမှုနည်းပါးစေရန် ကျောက်စီရေကာတာများ တည်ဆောက်ပေးရန် လိုအပ်ကြောင်း၎င်းက ပြောသည်။