ခင်ပွန်းဖြစ်သူ လွတ်မြောက်ရေးငြိမ်းကော်ကထောက်ခံချက်ပေးထားဟု ဒေါ်စောမြရာဇာလင်းပြော

ငြိမ်းချမ်းရေးအစည်းအဝေးတစ်ခုတွင် တွေ့ရသည့် ဒေါ်စောမြရာဇာလင်း (ဓာတ်ပုံ − စိုင်းဇော်)

ဘင်္ဂလားဒေ့ရှ်က ဖမ်း ဆီးထားသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ (ALP) ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့ ဒုတိယခေါင်း ဆောင် ဒေါ်စောမြရာဇာလင်း၏ ခင်ပွန်း လွတ်မြောက်ရေး ငြိမ်း ချမ်းရေးကော်မရှင်က ထောက်ခံ ချက်ပေးထားကြောင်း ဒေါ်စောမြ ရာဇာလင်းက ပြောသည်။

‘‘အခုလောလောဆယ်မှာ တော့ မလွတ်မြောက်နိုင်သေးဘူး။ မိသားစုတွေနဲ့တော့ တွေ့ခွင့်ရ တယ်။ အကူအညီတောင်းခံမှုက တော့ ရှိတယ်။ အခုလောလော ဆယ် ငြိမ်းချမ်းရေးကော်မရှင်ကို တောင်းထားတယ်ဆိုတော့ သူတို့ တွေကို ကျွန်မက ဒီ UPDJC (ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ)မှာပါတယ် ဆိုတာကတော့ ထောက်ခံစာပေး ထားပါတယ်။ သူတို့က’’ဟု ၎င်း က ပြောသည်။

ဒေါ်စောမြရာဇာလင်း၏ ခင်ပွန်း အသက် (၆၈)နှစ် အရွယ် ရှိ ဦးဦးချစ်မောင်သည် အောက် တိုဘာ ၁၈ ရက် နံနက်က စစ်တွေ မြို့သို့ လာရောက်ရန် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဒါကာနိုင်ငံတကာ လေဆိပ်တွင် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်း၏ ခင်ပွန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြမ်း ဖက်မှု ဆန့်ကျင်ရေးဥပဒေဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယင်း ဖြစ်စဉ် ပထမဆုံးရုံးချိန်းကို ဒါကာမြို့တရားရုံးတွင် စစ်ဆေးမှု ခံယူထားကြောင်း ဒေါ်စောမြ ရာဇာလင်းက နိုဝင်ဘာ ၄ ရက်၌ ပြောသည်။

ဦးဦးချစ်မောင်သည် နှစ်လ တစ်ကြိမ် မြန်မာနိုင်ငံသို့ ပုံမှန်ပြန် လာကြောင်းနှင့် စစ်တွေမြို့တွင် ဖွင့်လှစ်ထားသော Rainbow မိခင်နှင့်ရင်သွေးငယ်များ ဖောင် ဒေးရှင်း၌ အကြံပေးအဖြစ် တာ ဝန်ယူထားသဖြင့် သင်တန်းပေး ရန် လာရောက်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်း က ပြောသည်။

‘‘စွဲချက်ကတော့ ဆရာမရဲ့

(ဒေါ်စောမြရာဇာလင်း) ဓာတ်ပုံ တစ်ပုံကို ရသွားတာပေါ့လေ။ သူတို့က အဲဒီဓာတ်ပုံတစ်ပုံကို အကြောင်းပြုပြီးတော့မှ အကြမ်း ဖက်မှု ဆန့်ကျင်ရေးဥပဒေနဲ့ စွဲ လိုက်တာပေါ့နော်။ အဲဒါကတော့ ဘယ်လိုမှ ဆက်စပ်ပြီး စွဲလို့မရ တဲ့ပုဒ်မတစ်ခု ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဥပဒေအကြောင်းအရကို ရောက်သွားတာပေါ့လေ။ အခုက နောက်တစ်ခါ ရုံးချိန်း မြန်မြန်ချဖို့ အတွက် ကြိုးစားနေကြတယ်။ ကိုယ်ကတော့ ရှေ့နေတွေ၊ တရားသူကြီးတွေနဲ့ ညှိပြီးတော့ လုပ်နေကြတာ ရှိပါတယ်’’ဟု ၎င်း ကဆိုသည်။

ဒေါ်စောမြရာဇာလင်းသည် ALP ထိပ်ပိုင်းခေါင်းဆောင်ဖြစ် သော်လည်း ဦးဦးချစ်မောင်သည် ၎င်းတို့အဖွဲ့ဝင်မဟုတ်ဘဲ အရပ် သားတစ်ဦးဖြစ်ကြောင်း ALP ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ဆိုသည်။

ALP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ထိုင်းနယ်စပ်တွင် အခြေချလှုပ်ရှားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်တွင် ရခိုင်တိုင်းရင်းသား မျိုး နွယ်စုများ နေထိုင်ပြီး ဦးဦးချစ် မောင်သည် ရခိုင်တိုင်းရင်းသား ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဖြစ်သည်။ ထို့ကြောင့် ဦးဦးချစ်မောင်အမှုမှ လွတ်မြောက် နိုင်ရေး မြန်မာအစိုးရက အကူ အညီပေးရန် အခက်အခဲရှိနိုင် ကြောင်း  ဒေါ်စောမြရာဇာလင်းနှင့် နီးစပ်သူ အချို့ကဆိုသည်။

Top News