ဒုက္ခသည်စခန်းများ၌ လိုအပ်နေသော စားနပ်ရိက္ခာအကူအညီကို အစိုးရထံ တောင်းခံမည်မဟုတ်ဟု ရှမ်းပြည်ဒုက္ခသည်များကော်မတီပြော

 မြန်မာ-ထိုင်းနယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်းခြောက်ခုတွင် စားနပ်ရိက္ခာအရေးပေါ်အကူအ ညီများလိုအပ်နေသော်လည်း မြန် မာအစိုးရထံ အကူအညီတောင်း ခံမည်မဟုတ်ကြောင်း ရှမ်းပြည် ဒုက္ခသည်များကော်မတီတာဝန် ရှိသူများက ပြောသည်။

အောက်တိုဘာလကုန်က ပြုလုပ်သည့်ကော်မတီအစည်းအ ဝေးတွင် ထိုသို့ဆုံးဖြတ်ခြင်း ဖြစ် ကြောင်း ကော်မတီပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလျန်းက ပြောသည်။

‘‘ကျွန်တော်တို့က အစိုးရ ဘက်ကနေ အကူအညီတောင်း ရင် အရင်နေရာတွေကိုလည်း မရောက်ဘဲ ထားရာနေ၊ စေရာ သွားအဆင့်ကို ရောက်သွားမှာစိုး တယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ် တဲ့ပြဿနာတွေကိုတောင်မှ အ စိုးရက ဖြေရှင်းလို့မရသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ကော်မတီ အနေနဲ့ကတော့ မြန်မာအစိုးရဆီ ကို အကူအညီတောင်းခံဖို့ အစီ အစဉ်မရှိပါဘူး။ ဒါက ကျွန်တော် တို့စခန်း ခြောက်ခုစလုံးက ဆုံး ဖြတ်ထားတာပါ’’ဟု ၎င်းက နိုဝင် ဘာ ၁ ရက်တွင် ပြောသည်။

ပြည်တွင်းစစ်ကြောင့်ထွက် ပြေးတိမ်းရှောင်ရသည့် စစ်ဘေး ရှောင် ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာလုံလောက်မှုမရှိဘဲ အခက်အခဲကြုံနေရပါက နိုင်ငံ တော်အစိုးရက ကူညီမည်ဖြစ်ကာ စခန်းတာဝန်ခံများက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးစင်တာ(NRPC)ထံ အကူ အညီ တောင်းခံနိုင်ကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က အောက်တိုဘာလကုန်ပိုင်းက ပြည်တွင်းမီဒီယာအချို့အား ဖြေ ကြားထားသည်။

‘‘အခုထက်ထိက ဒီစစ်ရှောင် ဒုက္ခသည်တွေနဲ့ သူတို့(အစိုးရ)နဲ့ ကလည်း လုံးဝအဆက်အသွယ် ရှိတာမဟုတ်ပါဘူး။ ကျွန်တော်တို့ တောင်းခံမယ်ဆိုရင်တော့ နိုင်ငံ တကာအကူအညီပဲ တောင်းခံမှာ ဖြစ်ပါတယ်။ စခန်းခြောက်ခုစလုံး က ပြင်ပအကူအညီတွေရဖို့ ကျွန် တော်တို့က ဆက်ပြီးတော့ ကြိုးစားနေပါတယ်။ အခုထက်ထိတော့ ရတော့မရသေးဘူးပေါ့။ ဒါပေမဲ့ ဆက်လုပ်နေတယ်’’ဟု ဦးစိုင်း လျန်းက ပြောသည်။

တပ်မတော်နှင့် ရှမ်းလက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ် တွင် ၁၉၉၆ ကတည်းက စစ်ဘေး ဒုက္ခသည်များရောက်ရှိခိုလှုံနေပြီး လက်ရှိ၌ တာချီလိတ်၊ မိုင်းဆတ်၊ လင်းခေးခရိုင်တို့နှင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်း ခြောက်ခုတွင် ဒုက္ခသည် ၆,၂၀၀ ခန့် နေထိုင်သည်။

အဆိုပါဒုက္ခသည်စခန်းများ သို့ ၁၅ နှစ်ကျော်ကြာ အခြေခံစားနပ်ရိက္ခာကူညီပေးနေသည့်နိုင်ငံတကာအဖွဲ့အစည်းများက အောက်တိုဘာကစ၍ ထောက်ပံ့ မှုများရပ်ဆိုင်းသဖြင့် အခက်အခဲ ဖြစ်နေကြောင်းနှင့် လက်ရှိတွင် စားနပ်ရိက္ခာအရေးပေါ်ကူညီ ထောက်ပံ့နိုင်မည့်အဖွဲ့အစည်း များကို ဖိတ်ခေါ်နေခြင်း ဖြစ် ကြောင်း ရှမ်းပြည်ဒုက္ခသည်များ ကော်မတီ တာဝန်ရှိသူများက ပြောသည်။

ရှမ်းပြည်ညီညွတ်ရေးကော် မတီ (CSSU)စုဆောင်းထားသည့် အချက်အလက်များအရ ၁၉၉၀ နောက်ပိုင်း စစ်အစိုးရလက်ထက် တွင် ခွန်ဆာအဖွဲ့၏ MTA နှင့် တပ်မတော်ကြား တိုက်ပွဲများ ဆက် တိုက်ဖြစ်ပွားလာမှုနှင့် ဒေသခံများကို ရွှေ့ပြောင်းစေခိုင်းမှုကြောင့် ၁၉၉၆ ဝန်းကျင်တွင် ကျေးရွာ ၁၀၀၀ ကျော်မှ လူဦးရေသုံးသိန်း ခန့် ထွက်ပြေးခဲ့ကြောင်း CSSU အတွင်းရေးမှူးအဖွဲ့ဝင် စိုင်း အောင်မြင့်ခိုင်က ပြောသည်။

အဆိုပါ စခန်းများသည် ယခင်က နားလည်မှုဖြင့်သာ နိုင်ငံတကာမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီ များရရှိခဲ့သော်လည်း ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂမဟာမင်း ကြီးများရုံး(UNHCR)၏အသိအ မှတ်ပြုထားခြင်းမရှိ၍ လက်ရှိတွင် အကူအညီရရေး ခက်ခဲနေကြောင်း၎င်းက ပြောသည်။

မြန်မာနှင့် ထိုင်းနယ်စပ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ ဥရောပသမဂ္ဂ၀င်နိုင်ငံအချို့၊ နော် ဝေး၊ ဂျပန် စသည့် အလှူရှင်နိုင်ငံ များမှ အဖွဲ့အစည်းများက အများ ဆုံးကူညီထောက်ပံ့ပြီး နိုင်ငံတ ကာအလှူရှင်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုအပေါ် မူတည်၍ TBC(နယ်စပ်ဒေသကူညီပေးရေးညွန့် ပေါင်းအဖွဲ့)က စားနပ်ရိက္ခာနှင့် အမိုးအကာများ စီစဉ်ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဒုက္ခသည်များသို့ တစ်လလျှင် လူကြီးတစ်ဦးလျှင် ဆန်နှင့်ရိက္ခာ ၁၂ ကီလီုနှင့် ကလေးတစ်ဦးလျှင် ခြောက်ကီလိုအထောက်အပံ့ရရှိ ခဲ့ကြောင်း ရှမ်းပြည်ဒုက္ခသည်များ ကော်မတီ၏အချက်အလက်များ အရ သိရသည်။