မိုးများ၍ မုံရွာရှိ ခရမ်းစိုက်ခင်းအချို့ ပျက်စီးပြီး ဈေးနှစ်ဆတက်

မုံရွာဒေသရှိ ခရမ်းစိုက်ခင်း၌ စစ်ဆေးကြည့်ရှုနေသူတစ်ဦး (ဓာတ်ပုံ − မျိုးမင်းဦး)

မိုးသည်းထန်စွာ ရွာသွန်း ခြင်းကြောင့် မုံရွာဒေသ ခရမ်းစိုက် ခင်းအချို့ ပျက်စီး၍ ခရမ်းသီးဈေး ယခင်လထက် နှစ်ဆတက်ခဲ့ ကြောင်း ဒေသခံတောင်သူများက ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာအ တွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မုံရွာမြို့ အရှေ့ဘက်ကုန်း မြင့်ပိုင်းဒေသမှ ကြီးအုပ်၊ ညောင်ပင်၊ ထနောင်းဝန်း၊ ရေကန်စု စသည့် ကျေးရွာ ၁၀ ရွာမှ ခရမ်းစိုက်ခင်းအချို့ ပျက်စီးခဲ့သည်။ ထိုသို့ပျက်စီးခြင်းကြောင့် ခရမ်း သီးအထွက်နှုန်းလျော့ကျသဖြင့် ဈေးမြင့်တက်ကြောင်း မုံရွာမြို့ နယ်ကြီးအုပ်ကျေးရွာနေ ခရမ်း စိုက်တောင်သူ ဦးဝင်းဇော်ဦးက ပြောသည်။

 အောက်တိုဘာ အတွင်း ခရမ်းသီးတစ်ပိဿာကျပ်လေးရာ ခန့်သာရှိရာမှ နိုဝင်ဘာလဆန်း တွင် တစ်ပိဿာကျပ်ရှစ်ရာခန့် အထိ ဈေးတက်နေကြောင်း ဦးဝင်းဇော်ဦးက ပြောသည်။

မုံရွာမြို့နယ် ညောင်ပင် ကျေးရွာမှ ခရမ်းစိုက်တောင်သူ တစ်ဦးက ‘‘အစောဆုံးမေလစိုက် တဲ့ ခရမ်းပင်တွေကတော့ မိုး ကြောင့် အပင်တွေသေပြီး ပျက်စီး သွားတယ်။ ဇွန်လမှ နောက်စိုက်တဲ့ စိုက်ခင်းတွေကတော့ အပျက် အစီးနည်းတယ်။ မိုးရွာတဲ့အချိန် တုန်းကဆိုရင် ခရမ်းသီးတွေပါ ပျက်စီးလွယ်လို့ အဝေးဝယ်လက် မရှိဘူး။ ဒါကြောင့် ဈေးကျသွား တယ်။ အခု ပွင့်လင်းရာသီမှာကျ တော့ ခရမ်းသီးအထွက်လည်း လျော့လို့ ဈေးပြန်တက်တာပါ’’ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်က မုံရွာဈေး ကွက်တွင် ခရမ်းသီးတစ်ပိဿာ အမြင့်ဆုံးဈေးအဖြစ် ကျပ်ငါးရာ အထိသာ အရောင်းအဝယ်ဖြစ်ခဲ့ ရာမှ ယခုနှစ်တွင်မူ ကျပ်ရှစ်ရာ ခန့်အထိ ဈေးတက်နေသည်။ မုံရွာ မြို့ အရှေ့ဘက်ကုန်းမြင့်ဒေသ များ၌ နှစ်စဉ်မေလတွင် ခရမ်းသီးစိုက်ပျိုးပြီး သြဂုတ်တွင် ဈေးကွက်သို့ စတင်ဝင်ရောက်သည်။