လက်ဖက်ရည်ဆိုင်၌ MMA ပွဲကြည့်ပြီး ပြန်လာသူတစ်ဦး လောက်လေးခွဖြင့် အပစ်ခံရ

မုံရွာမြို့နယ် ညောင်ဖြူပင် ကျေးရွာရှိ လက်ဖက်ရည်ဆိုင် တွင် MMA လက်ဝှေ့ပွဲကြည့်ပြီး နေအိမ်ပြန်လာသူတစ်ဦး လေးခွဖြင့် အပစ်ခံရ၍ မျက်စိဒဏ်ရာရရှိခဲ့ကြောင်း ညောင်ဖြူပင်ကျေးရွာ ရဲကင်းစခန်းမှူး ရဲအုပ်ကျော်ဝင်း လှိုင်က ပြောသည်။

မုံရွာမြို့ ညောင်ဖြူပင်ကျေး ရွာနေ အမျိုးသားသည် နိုဝင်ဘာ၃ ရက်ညက ရွာလယ်ရှိ လက်ဖက် ရည်ဆိုင်တွင် ရုပ်သံကတိုက်ရိုက် ထုတ်လွှင့်သည့် ကချင်တိုင်းရင်း သား အောင်လအန်ဆန်နှင့် ကင်မရွန်နွယ်ဖွား ဂါလာနီတို့ယှဉ်ပြိုင် သည့် MMA ပွဲကြည့်ရှုပြီး နေ အိမ်သို့ ပြန်လာစဉ် လမ်း၌ အသိမိတ်ဆွေတစ်ဦးကို တွေ့ရှိ၍ ပခုံးပုတ် နှုတ်ဆက်ခဲ့သည်။ ထိုသို့ ပခုံးပုတ်ခြင်းကို မကျေနပ်သဖြင့် နှုတ်ဆက်ခံရသူက လေးခွဖြင့်ပစ်ခတ်ရာ မျက်စိဒဏ်ရာ ရရှိခဲ့ ကြောင်း ရဲအုပ် ကျော်ဝင်းလှိုင် က ဆိုသည်။

‘‘ရဲစခန်းမှာတော့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်။ တရားခံကို တော့ မမိသေးပါဘူး။ စုံစမ်းစစ် ဆေးနေဆဲဖြစ်ပါတယ်’’ဟု ရဲအုပ် ကျော်ဝင်းလှိုင်က ပြောသည်။

 လေးခွဖြင့် ပစ်ခတ်ခံရသူ အမျိုးသား၏ ဝဲဘက်မျက်လုံးတွင် ပေါက်ပြဲဒဏ်ရာရရှိသဖြင့် မုံရွာ မြို့ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေ ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

 အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ အရေးယူပေးရန် ဒဏ်ရာရသူ၏ ညီမက တရားလိုပြုလုပ် တိုင်ကြားသဖြင့် မုံရွာမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ အရ အမှုဖွင့်စစ်ဆေး နေသည်။

Top News