မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်း ကမ္ဘာ့အဆင့် ၂၉ ဆင့် မြင့်တက်

၂၀၁၇ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ထုတ်ပြန်သည့် ကမ္ဘာ့ အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်ဘောလုံးအသင်းသည် ၂၉ ဆင့် မြင့်တက်ကာ ကမ္ဘာ့အဆင့် (၇၁)၌ ရပ်တည်နေသည်။

နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ် ချက်တွင် မြန်မာဖူဆယ်အသင်းသည် ရမှတ် ၈၅၇ မှတ်ရရှိပြီး ယခင်ထုတ်ပြန်သည့် အဆင့်ထက် အဆင့် ၂၉ ဆင့် မြင့်တက်ခဲ့သည်။


မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် ပြီးခဲ့သည့် အောက် တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၃ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ တတိယရရှိခဲ့ သည်။

အာဆီယံပြိုင်ပွဲ တတိယ နေရာလုပွဲ၌ မြန်မာအသင်းက အိမ်ရှင်ဗီယက်နမ်အသင်းကို ပင်နယ်တီအဆုံးအဖြတ် ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အာဆီယံပြိုင်ပွဲတွင် အကြို ဗိုလ်လုပွဲအဆင့်ထိ တက်ရောက် နိုင်သည့် မြန်မာဖူဆယ်အသင်း သည် တိုင်ပေ၌ ကျင်းပမည့် ၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

 ဖီဖာအဆင့်သတ်မှတ်ချက် အရ ထိုင်းဖူဆယ်အသင်းက ကမ္ဘာ့အဆင့်(၁၇)ဖြင့် အရှေ့တောင် အာရှနိုင်ငံများတွင် ထိပ်ဆုံးက ဦးဆောင်နေပြီး ဗီယက်နမ်ဖူဆယ် အသင်းက ကမ္ဘာ့အဆင့် (၄၁)၊ မလေးရှားအသင်းက ကမ္ဘာ့အ ဆင့် (၅၃)၊ လာအိုအသင်းက ကမ္ဘာ့အဆင့် (၁၀၄)၊ တီမော အသင်းက ကမ္ဘာ့အဆင့် (၁၀၅)၊ ဘရူနိုင်းအသင်းက ကမ္ဘာ့အဆင့် (၁၀၉)၊ ဖိလစ်ပိုင်အသင်းက ကမ္ဘာ့အဆင့် (၁၁၀)တို့၌ အသီး သီး ရပ်တည်နေသည်။

လက်ရှိ ကမ္ဘာ့အဆင့်သတ် မှတ်ချက်အရ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အာရှ နိုင်ငံများ၌ အဆင့်(၁၅)နှင့် အရှေ့တောင်အာရှနိုင်ငံများ၌ အဆင့် (၄)နေရာတွင် ရပ်တည်နေသည်။

ကမ္ဘာ့နိုင်ငံများတွင် ဘရာဇီး ဖူဆယ်အသင်းက ကမ္ဘာ့အဆင့် (၁)နေရာ၌ ရပ်တည်နေပြီး ယင်း နောက်တွင် စပိန်၊ ရုရှား၊ အာဂျင် တီးနား၊ အီရန်၊ အီတလီ၊ ပေါ်တူ ဂီ၊ ယူကရိန်းနှင့် ကာဇက်စတန် အသင်းတို့ အစဉ်လိုက် ရပ်တည် နေသည်။