ထိုင်းဖိတ်ခေါ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်းကို ဂတ်ဖရိုင်းဒရစ် ကိုင်တွယ်မည်

 ထိုင်းဘောလုံးအဖွဲ့ချုပ် က ကြီးမှူးကျင်းပမည့် ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာအသင်းကို လက်ရွေးစင်အသင်းနည်းပြချုပ် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ် က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။

M-150 Cup 2017 အမည် ဖြင့် ကျင်းပမည့် အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ထိုင်းနိုင်ငံ ဘူရီရမ်မြို့၌ ကျင်းပ မည်ဖြစ်ပြီး မြန်မာအသင်းကို ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့သည်။


ထိုင်း ယူ-၂၃ ဖိတ်ခေါ်ပြိုင် ပွဲအတွက် ရည်ရွယ်၍ မြန်မာ ယူ-၂၃ အသင်းကို ပဏာမကစား သမား ၂၆ ဦး ရွေးချယ်ထားပြီး ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ ဝင်အသင်းမှ ကစားသမား ၁၂ ဦး ပြန်လည်ပါဝင်လာသည်။ ထို့အ ပြင် ဒူးဒဏ်ရာကြောင့် ကာလအ တန်ကြာ အနားယူနေခဲ့ရသည့် ကွင်းလယ်ကစားသမား ကျော် မင်းဦးလည်း ပြန်လည်ပါဝင်လာ သည်။

မြန်မာ ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ဂတ်ဖရိုင်းဒရစ်၊ လက်ထောက်နည်းပြအဖြစ် မက် ဆီဒိုးနီးယားနိုင်ငံသား ပိုပေါ့စကီး နှင့် ဦးမြင့်ကို၊ ဂိုးနည်းပြအဖြစ် ဦးအောင်ကျော်ကျော်တို့က တာဝန်ယူ ကိုင်တွယ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို အုပ်စုနှစ်စု ခွဲ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် ဂျပန်၊ မြောက်ကိုရီးယားနှင့် ဥဇဘတ်ကစ္စတန်၊ အုပ်စု(ခ) တွင် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ အသင်းတို့ ပါဝင်သည်။

ပြိုင်ပွဲကျင်းပမည့် ပုံစံအရ အုပ်စုတစ်စုမှ ထိပ်ဆုံးအသင်း များ ဗိုလ်လုပွဲတက်ရောက်ခွင့်ရ မည်ဖြစ်ပြီး ဒုတိယနေရာရအသင်း များက တတိယနေရာလုပွဲ ယှဉ် ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အ သင်းကို ဆုကြေး ကန်ဒေါ်လာ နှစ်သောင်း ချီးမြှင့်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန် ထားသည်။

 ထိုင်းဘောလုံးအဖွဲ့ချုပ် သည် အဆိုပါပြိုင်ပွဲကို ၂၀၁၈ အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ကျင်းပခြင်းဖြစ်သည်။ ထိုင်းဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် အသင်းများအနက် မြန်မာအသင်းမှလွဲ၍ ကျန်ငါးသင်းသည် အာရှ ယူ-၂၃ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရ ထားသည့် အသင်းများဖြစ်သည်။

မြန်မာ ယူ-၂၃ ပဏာမကစားသမားစာရင်း

ဂိုးသမား- ဆန်းဆက်နိုင်၊ ပြည့်စုံချစ်
နောက်တန်း- နန်းဝေမင်း၊ မင်းကျော်ခန့်၊ သီဟထက်အောင်၊ မျိုးကိုထွန်း၊ ကျော်သက်ဦး၊ စည်သူအောင်၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင်၊ လှိုင်မျိုးအောင်၊ ဝင်းမိုးကျော်၊ စိုးမိုးကျော်
အလယ်တန်း- လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ ရန်နိုင်ဦး၊ ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊ စွမ်းထက်အောင်၊ မောင်မောင်လွင်
ရှေ့တန်း- အောင်သူ၊ အောင်ကောင်းမာန်၊ ရန်ပိုင်စိုး၊ သန်းပိုင်၊ ဝင်းနိုင်ထွန်း၊ ပြည်စုံနိုင်

Top News