မြောင်မြို့တွင် ခိုးလာသောဖုန်းများကို မုံရွာ၌ လာရောင်းစဉ် ဖမ်းမိ

မုံရွာမြို့တွင် ဖုန်းလေးလုံး လိုက်လံရောင်းချနေသော လူ ငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေး စဉ် မြောင်မြို့မှ ဖုန်းခိုးယူမှုကို ဖော်ထုတ်နိုင်ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောသည်။ 

မုံရွာမြို့ အောင်မင်္ဂလာရပ် ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် နို ဝင်ဘာ ၅ ရက် ညနေ ၄ နာရီခန့် က အသက်(၁၇)နှစ်နှင့် (၂၀)နှစ် အရွယ် လူငယ်နှစ်ဦးသည် ဖုန်း လေးလုံး လာရောက်ရောင်းချနေကြောင်း  သတင်းအရရဲတပ် ဖွဲ့က စစ်ဆေးရာမှ မြောင်မြို့တွင် ဖြစ်ပွားခဲ့သည့် ဖုန်းနှင့် ငွေဖြည့်ကတ်များခိုးယူမှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ 

‘‘ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က မြောင်မြို့က ဖုန်းဆိုင် တစ်ဆိုင်က ဖုန်းနဲ့ငွေဖြည့်ကတ် တွေခိုးယူခံရတဲ့အတွက် မုံရွာမြို့ မရဲစခန်းကို အကူအညီတောင်းခံ ထားတာရှိတယ်။ မုံရွာက ဖုန်းဆိုင်တစ်ဆိုင်မှာ လူငယ်နှစ်ဦးက ဖုန်း လေးလုံးလိုက်လံရောင်းချနေတဲ့ သတင်းအရ သွားရောက်စစ်ဆေး ခဲ့တာက ဖုန်းခိုးသူကို ဖော်ထုတ် နိုင်ခဲ့တာပါ။ တရားခံတွေကို မြောင်ရဲစခန်းကို လွှဲပြောင်းပေး လိုက်ပါတယ်’’ဟု ဒုရဲမှူးကျင်စိန် က ပြောသည်။ 

စစ်ကိုင်းခရိုင် မြောင်မြို့ မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်တိုင်ကြားထားသော ဖုန်းအမျိုးအစား မျိုးစုံ ၁၂ လုံး၊ ငွေဖြည့်ကတ်တန် ဖိုး ကျပ်သိန်း ၂၀ ခန့်၊ စုစုပေါင်း တန်ဖိုး ကျပ် ၃၈ သိန်းကျော်နှင့် ပတ်သက်၍ မုံရွာမြို့ မြို့မရဲစခန်း သို့ အကူအညီတောင်းခံသဖြင့် မုံရွာမြို့ပေါ်ရှိ ဖုန်းဆိုင်များသို့ အကြောင်းကြားခဲ့သည်။ 

စစ်ဆေးချက်အရ ၎င်းလူ ငယ်နှစ်ဦးစီးလာသည့် နံပါတ်မပါ စကူပီ ဟွန်ဒါဆိုင်ကယ်တူး ဘောက်စ်အတွင်းမှ ဖုန်းငါးလုံးနှင့် ငွေဖြည့်ကတ်မျိုးစုံ ကာလတန်ဖိုး ကျပ် ၁၂ သိန်းကျော်ထပ်မံသိမ်းဆည်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

Top News