နိုင်ငံရေးမျိုးဆက်များပါဝင်မည့် ပါတီကော်မတီနှင့် ကန်သံအမတ် တွေ့ဆုံဆွေးနွေး

နိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်ရေးကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ − ANewPoliticalPartyForum)

၈၈ မျိုးဆက်များအပါ အဝင် နိုင်ငံရေးမျိုးဆက်များပါဝင် မည့် ပါတီဖြစ်မြောက်ရေး ဗဟို ဦးဆောင်ကော်မတီဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တို့ နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့သည်။


အမေရိကန်သံအမတ် မစ္စ တာစကော့မာစီရယ်နှင့် နိုင်ငံရေး အရာရှိတို့ကို ကော်မတီတာဝန်ခံဦးကိုကိုကြီး၊ အဖွဲ့ဝင် ဦးမင်းဇေယျနှင့် ဦးရဲနိုင်အောင်တို့က ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ ရုံးခန်းတွင် လက်ခံတွေ့ဆုံခြင်းဖြစ်ကြောင်း ကော်မတီက နိုဝင်ဘာ ၆ ရက် တွင် သတင်းထုတ်ပြန်သည်။

နှစ်နိုင်ငံ ဆက်ဆံရေးအခြေ အနေနှင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းဖြစ်ကြောင်း တွေ့ဆုံမှုနှင့်ပတ်သက်၍ ဦးရဲနိုင် အောင်က ပြောသည်။

‘‘လက်ရှိ မြန်မာ့နိုင်ငံရေး အ ခြေအနေများနဲ့ အနာဂတ်အလား အလာများကို အမြင်ချင်းဖလှယ် တာပေါ့။ မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ အခြေအ နေကို မေးမြန်းတယ်။ မြန်မာပြည် နဲ့ပတ်သက်တဲ့ သူတို့ရဲ့ သဘော ထားပြောတယ်။ မြန်မာ့နိုင်ငံရေး၊ ဒီမိုကရေစီရေးတို့ကို အပြန်အ လှန်ဆွေးနွေးကြတာပေါ့’’ဟု ဦးရဲ နိုင်အောင်က ပြောသည်။

နိုင်ငံရေးပါတီဖြစ်မြောက် ရေး ဗဟိုလုပ်ငန်းကော်မတီ ဦးဆောင်အဖွဲ့ဝင်များသည် နိုဝင် ဘာ ၅ ရက်ကလည်း ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာစကာဝါဦးဆောင်သောအဖွဲ့ နှင့် ဂျပန်သံရုံးမှ သံမှူးကြီး မစ္စတာမာယုရာမနှင့် အဖွဲ့တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

‘‘ဂျပန်နဲ့ မြန်မာနှစ်နိုင်ငံအ နေနဲ့က သမိုင်းကြောင်းအရ အ များကြီး အဆက်အဆံရှိခဲ့တယ် ပေါ့။ သူတို့ကလည်း မြန်မာ့နိုင်ငံအရေးမှာ တက်တက်ကြွကြွပါဝင် နေတဲ့ အင်အားစုတစ်ရပ်က ပါတီ ထောင်တယ်ဆိုတော့ သူတို့ကြို ဆိုအသိအမှတ်ပြုတယ်ဆိုတဲ့ အ ကြောင်းလေး ပြောဖြစ်ကြတယ်’’ ဟု ဦးရဲနိုင်အောင်က ပြောသည်။

၈၈ မျိုးဆက်များအပါအဝင် နိုင်ငံရေးမျိုးဆက်များပါဝင်မည့် ပါတီဖြစ်မြောက်ရေးအဖွဲ့ကိုယ် စားလှယ်အချို့သည် ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးဌာနနှင့် နိပွန် ဖောင်ဒေးရှင်း၏ ဖိတ်ကြားမှုအရ အောက်တိုဘာက ဂျပန်နိုင်ငံသို့ ရှစ်ရက်ကြာ လေ့လာရေးခရီး သွားရောက်ပြီး ဂျပန်အစိုးရ တာ ဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

လက်ရှိတွင် ၈၈ မျိုးဆက် များအပါအဝင် နိုင်ငံရေးမျိုးဆက် များပါဝင်မည့် ပါတီဖြစ်မြောက် ရေးအတွက် ဦးဆောင်သူအချို့ က ကော်မတီတစ်ရပ်ဖွဲ့စည်း ဆောင်ရွက်နေပြီး ပါတီဖြစ် မြောက်ရေးရုံးခန်းများကို ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် ဖွင့် လှစ်ထားသည်။

ပါတီဖြစ်မြောက်ရေးကော် မတီ၏ အောက်တိုဘာလကုန်က ရန်ကုန်တွင် ပြုလုပ်သည့် ဗဟိုရုံး ခန်းဖွင့်ပွဲတွင်လည်း နိုင်ငံတကာ သံအမတ် ၁၀ ဦးခန့် တက်ရောက် ခဲ့သည်။

Top News