ပုဒ်မ ၁၇ (၁)ဖြင့် ထောင် ၂ နှစ်ကျသည့် အဋ္ဌမတန်းကျောင်းသား လွတ်မြောက်ရေး ဆောင်ရွက်နေဟုဆို

နမ့်ဆန်မြို့နယ် တရား ရုံးက မတရားအသင်း ဆက်သွယ် မှု ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရသည့် အဋ္ဌမတန်းကျောင်းသား ပြန်လည် လွတ်မြောက်ရေးကို ဥပဒေလမ်း ကြောင်းအရ ဆောင်ရွက်နေ ကြောင်း တအာင်းဥပဒေအ ထောက်အကူပြုအဖွဲ့ တာဝန်ခံ မိုင်းမျိုးအောင်က ပြောသည်။

နမ့်ဆန်မြို့ အထက (၁) ကျောင်းသား ထန်းမဆိုင်းကျေး ရွာနေ (၁၄)နှစ်အရွယ် မိုင်းအိုက်ယမ်း (ခေါ်) မောင်ချိုမင်းထွေးကို တပ်မတော်မှ ဗိုလ်မှူးတစ်ဦးက တရားလိုပြုလုပ်၍ အောက်တို ဘာ ၃၀ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်တရား ရုံး၌ တရားစွဲဆိုခဲ့ရာ ယင်းနေ့ပင် ထောင်ဒဏ် ၂ နှစ်ချမှတ်ပြီး လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်း သို့ ပို့ဆောင်ရန် စီစဉ်ခဲ့သည်။

‘‘သူက လောလောဆယ် နမ့်ဆန်ရဲစခန်းအချုပ်မှာပဲ ရှိသေး တယ်။ အမိန့်ချပြီးကတည်းက။ အခု ကျွန်တော်တို့က အထက်ကို ဆက်တက်ဖို့၊ အမှုတွဲမိတ္တူရဖို့ ဒီနေ့တင်ထားတယ်။ အမှုတွဲရပြီး ရင် ကျွန်တော်တို့ ဘယ်လိုအယူခံ တက်မလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ တက်မလဲဆိုတာ ပြန်ဆုံးဖြတ်မှာ ပေါ့’’ဟု မိုင်းမျိုးအောင်က နိုဝင် ဘာ ၆ ရက်တွင် ပြောသည်။

မိုင်းမျိုးအောင်သည် နမ့်ဆန်ရဲစခန်းတွင် ချုပ်ထားသည့် ရှစ် တန်းကျောင်းသားကို နိုဝင်ဘာ ၂ ရက်တွင် သွားရောက်တွေ့ဆုံ ရာ သီးသန့် တွေ့ဆုံခွင့်မပေးသော် လည်း ရဲတပ်ဖွဲ့ဝင်များ၏ ရှေ့၌ တွေ့ဆုံခွင့်ရခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အဋ္ဌမတန်းကျောင်း သားသည် TNLA ၏ တပ်သားစု ဆောင်းခံရသူဖြစ်ပြီး နောက် ပိုင်းတွင် ကျောင်းသားမှန်းသိ၍ ပြန်လွတ်လာသူဖြစ်ကြောင်း မိုင်း မျိုးအောင်က ပြောသည်။

ကလေးအရွယ် ကျောင်း သားကို မတရားအသင်းဆက် သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ပြစ်ဒဏ် ချမှတ်ခြင်းသည် မတရားသဖြင့် တရားအစီရင်ခံရသည်ဟု ခံစားရ ကြောင်း တအာင်းပလောင်အမျိုး သားပါတီ ဗဟိုအလုပ်အမှုဆောင် တာလှဖေက ပြောသည်။

‘‘ကလေးငယ်တစ်ယောက် က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ မတရားအသင်း နဲ့ ဘယ်လောက်ထိ ဘာလုပ်နိုင် မလဲဗျာ’’ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လကလည်း TNLA အဖွဲ့၏ မူးယစ်တိုက်ဖျက် ရေးပွဲသို့ သတင်းယူသွားသည့် သတင်းသမားသုံးဦးကို မတရား အသင်းနှင့် ဆက်သွယ်သည်ဆို ကာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခဲ့သည်။ နောက်ပိုင်း တွင် တပ်မတော်က ယင်းအမှုကို ရုပ်သိမ်း၍ သတင်းသမားများပြန် လည်လွတ်မြောက်ခဲ့သည်။