ကန့်ဘလူမြို့နယ်တွင် နွား ၁၈ ကောင်ကို တရားမဝင် သယ်ဆောင်လာသူ ငါးဦးဖမ်းမိ

ကန့်ဘလူမြို့နယ်တွင် နွား ၁၈ ကောင်ကို သယ်ဆောင်လာသူ အမျိုးသားငါးဦးအား အမှုဖွင့် စစ်ဆေးနေကြောင်း ကန့်ဘလူ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမိုးမြင့် ဇော်က ပြောသည်။

ကန့်ဘလူမြို့နယ် ထန်း တောကျေးရွာအနီးတွင်  ၎င်း အမျိုးသားငါးဦးကို နိုဝင်ဘာ ၆ ရက် နံနက် ၄ နာရီခန့်က ဖမ်းဆီး မိခဲ့သည်။

ကန့်ဘလူမြို့ ချောင်းရှည် ကျေးရွာနေ အသက် (၃၆)နှစ် အရွယ် အမျိုးသားအပါအဝင် ယင်းအမျိုးသားငါးဦးသည် ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်ရှိ နွားအထီး ၁၈ ကောင်ကို တရားမဝင် သယ်ဆောင်လာစဉ် သယ်ယူခွင့် အထောက်အထား တစ်စုံတစ်ရာ မပါရှိသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိရ ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြသည်။

တရားမဝင် နွားများ သယ် ဆောင်လာသူ ငါးဦးကို ကန့်ဘလူ မြို့နယ် မလယ်ကျေးရွာ နယ်မြေ ရဲတပ်ဖွဲ့စခန်းက အရေးကြီး ကုန်စည် ဥပဒေပုဒ်မ-၅ အရ အမှုဖွင့် စစ်ဆေးနေသည်။

 

Top News